ကိုဗစ်လူနာ (၁၁) ဦး ထပ်မံသေဆုံး၊ စုစုပေါင်း (၅၇) ဦးရှိပြီ (အသက်အရွယ်မျိုးစုံ ပါဝင်)
ကိုဗစ်လူနာ (၁၁) ဦး ထပ်မံသေဆုံး၊ စုစုပေါင်း (၅၇) ဦးရှိပြီ (အသက်အရွယ်မျိုးစုံ ပါဝင်)
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ယနေ့ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာသစ် ၂၅၉ ဦးထပ်တိုးခဲ့တယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၆ ရက် ည (၈) နာရီနဲ့ စက်တင်ဘာ ၁၇ ရက် မနက် (၈) နာရီထုတ်ပြန်ချက်တွေအရ လူနာသစ် (၂၅၈) ဦး အပြင် စက်တင်တာ (၁၆) ရက်နေ့က တပ်မတော်ဆေးရုံက ဓာတ်ခွဲနမူနာ (၂၈၂) ကို စစ်ဆေးရာ ပိုးတွေ့လူနာသစ် တစ်ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် ပိုးတွေ့လူနာ (၂၅၉)ဦး ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တစ်ဆက်တည်းမှာပဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးလူနာ (၁၁) ဦးထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်တိုင်း အတွင်းက ဆေးရုံတွေမှာ သေဆုံးသူ (၁၀) ဦးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးက (၁) ဦးတို့ ဖြစ်ပါတယ်။ ယခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးဆက်ခံရပြီးနောက် သေဆုံးသူ စုစုပေါင်း (၅၇) ဦးထိရှိလာပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့အစောပိုင်းထုတ်ပြန်ချက်တွေမှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေ သေဆုံးတာသာ တွေ့ရပေမယ့် ယခုရက်ပိုင်းမှာ အသက်အရွယ် ငယ်ရွယ်သူတွေ သေဆုံးတာကို တွေ့လာရပါတယ်။ ဒီနေ့ သေဆုံးသူ ၁၁ ဦးမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပါဝင်တာကိုလည်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။