ကိုယ်ချင်းစာတရား ထွန်းကားဖို့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ပုဇွန်ခေါင်းပြုတ်ပေးကြပါ
အိမ်မှာနေသွားတဲ့ကလေးတိုင်း သူတို့ကို ပုဇွန်ခေါင်းပြုတ်ခိုင်းရင် နားမလည်သလိုပြန်ကြည့်ကြတယ်.. ပုဇွန်ခေါင်းတွေဖြုတ်ပြီးပြီဆို အေး ခေါင်းတွေပြုတ်လိုက်တော့ လို့ သူတို့ကပြုတ်ပြီးပြီဆို အိတ်တစ်လုံးထဲထည့် အမှိုက်တောင်းထဲပစ်လိုက်တာပဲ.. ပုဇွန်ခေါင်းတွေအမြဲပြုတ်ခိုင်းပြီး ဘာမှလည်းမလုပ်ဘဲ လွှင့်ပစ်လိုက်ပြန်ပြီလို့ စိတ်ထဲထင်သွားကြရော.. အဲ့အခါကျမှ ရှင်းပြရတယ်..
ပုဇွန်ခေါင်းပုပ်တဲ့အနံ့ကို သိလားလို့.. သိတယ် တော်တော်နံတယ်တဲ့.. အဲ့လောက်နံတဲ့အနံ့ကို ကိုယ်တောင်မခံနိုင်တာ အမှိုက်သိမ်းတဲ့လူတွေလည်း ဘယ်ခံချင်မလဲ.. တခြားငါးညှီနံ့ထက်ဆိုးလို့ ပြုတ်ပေးလိုက်တာလို့ ရှင်းပြမှ.. ဪ တဲ့.. ဘဝမှာ ကိုယ်မနှစ်မြို့တဲ့အရာတွေ သူများဆီမှာ မဖြစ်စေချင်ဘူး.. ဝမ်းနည်းပင်ပန်းရတာ ကြောက်ရွံ့နာကျင်ရတာ စိတ်မသက်မသာ ခံစားရတာ အစရှိသဖြင့်ပေါ့လေ.. ကမ္ဘာကြီးကို ကယ်တင်ဖို့ ပုဇွန်ခေါင်းပြုတ်ပေးနေရုံနဲ့ မလုံလောက်ဘူး.. ကိုယ်ချင်းစာတရားကို ပြသဖို့ မီးဖိုချောင်တစ်ခုထဲက ဘာမှမတတ်နိုင်ဘူး ဒါပေမယ့် မီးဖိုချောင်တွေအများကြီးဆီက ဟင်းတစ်ခွက်စာစီစုပြီး ပြသလို့ရတယ် မျှဝေလို့ရတယ်..
ဘေးဒုက္ခတွေဆီက ကာကွယ်ဖို့ အရိပ်ရဖို့ ရွက်ဖျင်အမိုးတဲကြီးတစ်ခုပေါ်လာတယ်ဆိုတာ အိမ်တွေတိုင်းက ဖျင်တဘက်တစ်ထည်စာစီကစုပေါင်းပြီးဖြစ်ပေါ်လာတာ.. တတ်နိုင်သလောက်မျှဝေပါ. ချစ်ခြင်းမေတ္တာ ကိုယ်ချင်းစာတရား ပြီးတော့ အစားအစာနဲ့ဆေးဝါး အရင်ထက် ပျက်စီးလာတဲ့ကမ္ဘာက အချင်းချင်းဖေးမတဲ့ မေတ္တာတရားနဲ့ပဲ နေပျော်ရတော့မှာ..