ကိုဗစ်ဆိုတာ အိမ်မှာနေပြီး ပါရာသောက်ရုံနဲ့ မပျောက်ပါဘူး (ကူးစက်လူနာ ပြောပြတဲ့ ကိုယ်တွေ့)

ကိုဗစ်ဆိုတာ အိမ်မှာနေပြီး ပါရာသောက်ရုံနဲ့ မပျောက်ပါဘူး (ကူးစက်လူနာ ပြောပြတဲ့ ကိုယ်တွေ့)

ညက အသက်ရှုကျပ်မောပန်း လာလို့ ဖုန်းတွေကိုဖြေကြားခြင်းပြန်ပြောခြင်း မလုပ်နိုင်တာ ခွင့်လွတ်ပေးကြပါနော် အခုကသက်သာပါတယ် ရောဂါလက္ခဏာကိုက အကောင်းတိုင်းပြန်မဖြစ်နိုင်သေးတော့ သက်သာလိုက် ပြန်ထလိုက်နဲ့ရောဂါ ကို ရင်ဆိုင်အံတုနေပါတယ်

ညက ICU အပို့ခံရတဲ့ လူနာတွေလဲ မနည်းဘူး မနေ့ကကောင်းနေတဲ့လူတွေ ယောကျားရင့်မာကြီးတွေတောင် ချ်ခြင်းအမောထဖောက်လာတာမျိုးတွေကလဲရှိနေတယ် မျက်စိတွေဝါလာတယ် လည်ပင်းတွေပြန်ယား ချောင်းတွေဆိုးကြ ကောင်းသွားတဲ့လူတွေလဲရှိပါတယ်

ဒါပေမဲ့ ဒီရောဂါကို ပါရာစီတမော့ သောက်ပါ ပျောက်တယ်ပြောတဲ့လူတွေ ကိုပြောချင်တယ် ဒီရောဂါ ဖြစ်တာငြိမ်ပီး အိမ်မှာ ပါရာသောက်ပီး နေနေတယ် ဆိုရင်တော့ ဘယ်နေ့အမောဖောက်မလဲ အိမ်မှာအရံသင့် အောက်စီဂျင်စက်ရှိလား သွေးတွင်းအောက်စီဂျင် တိုင်းတာတဲ့စက် အိမ်မှာရှိလား ၈ ရက်နေ့ည က ထိုင်နေရင်း ကိုမောတယိ အိပ်တော့လဲ ပိုအသက်ရှုကျပိတယ် တညလုံး ခေါင်းအုံးကို ခေါက်ပီး ငုတ်တုတ် အိပ်ခဲ့ရတယ် မနက် ဆရာဝန်တွေကိုရောဂါ အခြေနေပြောတယ်

၉ ရကိနေ့ မနက် အဖျားတိုင်းတယ် အဖျားက မရှိ ညက အိပ်မရတော့ သွေးပေါင်ကြတယ် သွေးတွင်းအောက်စီ ဂျင် နည်းနေတာ နေ့လည်ကြတော့ ECG ဆွဲ တယိ ဗိုက်ကို ဆေးတလုံးထိုးတယ် ည ကြတော့စောစောအိပ်သွားတယ် 10ရက်နေ့ ကြတော့ ဓာတ်မှန် ထပ်ရိုက်တယ် ညာဘက်လက်ကသွေးထုတ်တယ် ခါးထောက်ပေးထားရပီး လက်မောင်းကို ဆေးတလုံး ထိုးပေးတယ် ဆေးကချေလို့မရဘူး လက်မောင်းတခုလုံး တင်းပီး နာနေတယ် ဒါတောင် ည မှာ ထပ်ပီးမောဟိုက်လာတယါ ဆရာဝန်တွေပေးတဲ့ဆေးသောက် အိပ်ရတယ်

ကို့အိမ်မှာကို သူများပြောတဲ့အတိုင်း ပါရာသောက်နေရင် သက်သာပါ့မလား အခုလို တွေရော ကုသမှူ လုပ်လို့ရပါ့မလား ကိုဗစ် ဖြစ်လာရင် မပြနဲ့ အိမ်မှာပဲကုဆိုတဲ့လူတွေ ဆေးရုံက ပါရာပဲတိုက်တယ်ပြောတော့ ပြောပြချင်တာက ဖျားနာ ချောင်းဆိုး အနံ့ပျောက် ကိုဗစ်ရောဂါ သည်နဲ့ ပိုးတွေ့လူနာနဲ့ ထိပီး ကိုဗစ် ပိုးတွေ့လို့ဆေးရုံ ရောက်လာတဲ့လူနာက အရမ်းကွာတယ် မနေ့က ဆေးရုံမှာ ယောကျားတယောက် လူငယ်ပါပဲ သူက ပိုးရှိသူနဲ့ထိတွေ့မှုရှိလို့စစ်တာ သူကပိုးတွေ့တယ် ဒါပေမဲ့သူ့မှာ ဘာလက္ခဏာမှ မပြဘူး ဒါကို သူကဆေးရုံကို ကျွန်တော့်ကို ဘာဆေးမှ မပေးဘူး ဘာညာဆိုပီး ဆရာမတွေကို ပြောဆိုနေတာ။ အဓိကက ဒါပဲ ပြောပြချင်တာ

ကိုဗစ် ရောဂါအတွကိဆိုပီး သီးသန့်ဆေး ရှာမတွေ့သေးဘူး အဲ့တော့ ပိုးတွေ့ လူနာတွေကို ထပ်မကူးစက်အောင် ဒီလိုနေရာတွေမှာ ထိန်းချုပ်ထားတယ် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ က အသက်ရှု ကျပ်မယ် မောဟိုက်လာမယ် ချောင်းဆိုးမယ် စသဖြင့် ရောဂါတွေ ဖြစ်ပေါ်လာတဲ့အခါ တဦးတယောက်ခြင်းဖြစ်တာတွေက မတူညီ ကြဘူး

အဲ့ချိန်မှာ ဆရာဝန်တွေက လူနာဘယ်လိုခံစားရတယ် ဆိုတဲ့ အပေါ်မှာ လိုက်ပီး ဆေးကုသပေးသွားတာ ဒါကို ဘာလက္ခဏာမှ မပြဘဲ ဘယ်လိုကုရမလဲ ပိုးသတ်တဲ့နည်းတွေ ဆားနဲ့အာခေါင်ပလုတ်ကျင်း Vitacee တနေ့၂လုံး သောက် ဒါပဲလေ ဒါ့ကြောငိ့ အပြင်ကနေ မသိရင် ဘာမှ မပြောဘဲ နေကြပါ အထဲမှာ တကယိ့ကို ဖြစ်လို့ ပိုးကူးခံပီး ကုသပေးနေတဲ့ ဆရာဝန်ဆရာမ စေတနာ့ဝန်ထမ်းတွေ ကိုအားနာလို့ပါ

Eaim Hmue

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page