ကျွမ်းကျင်ပညာရှင်တွေတောင် လမ်းပေါ်မှာ ပန်းရောင်းနေရတဲ့ ကိုဗစ်ရဲ့ ရိုက်ချက် (အားလုံးပဲ ထိခိုက်နေပါပြီ)

ကျွမ်းကျင်ပညာရှင်တွေတောင် လမ်းပေါ်မှာ ပန်းရောင်းနေရတဲ့ ကိုဗစ်ရဲ့ ရိုက်ချက် (အားလုံးပဲ ထိခိုက်နေပါပြီ)

ကိုယ်ဘဏ်မှာ လူစောင့်နေတုန်း အပြင်ကနေ ပန်းဝယ်ဖို့လာပြောတာ အစကတော့ သန်သန်မာမာကြီး ရောင်းနေတာ မဝယ်တော့ပါဘူးဆိုပြီး ပြောမလို့ပဲ။

အမရယ် ကျွန်တော်က ပန်းရံပါ အလုပ်နားနေရတာ စားဝတ်နေရေး အရမ်းကြပ်တည်းလာလို့ ပန်းရောင်းရင်းနဲ့ ဆန်ဖိုးရှာနေတာဆိုတော့ တကယ် စိတ်ဝင်စားသွားတာ.. နင်က ဘယ်မှာနေတာလဲဆိုတော့ အုတ်ဆက်ထဲမှာ ပန်းရံဆရာ ကို… ထဲမှာလုပ်နေတာ အခု လော့ဒေါင်း ကာလ အလုပ်တွေနားရတော့ အိမ်မှာ စားစရာဆန်ကအစ လုံးဝအဆင်မပြေတော့လို့ ပန်းထွက်ရောင်းရတာပါတဲ့

နင်က အုတ်ဆက်ဆို ကျောက်သွေးလောင်းတဲ့ အဖွဲ့ထဲကလားဆိုတော့ ကျွန်တော်က သန်လျက်ကိုင်ပါတဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တယ် ဆိုတော့ တကယ်စိတ်မကောင်းဘူး။ ကိုယ် ပိုက်ဆံကူညီတော့ ကျေးဇူးပါ အမရယ်တဲ့ ကျွန်တော် ပန်းရံမလိုက်ရမချင်း ဒီလမ်းမှာ ရှိတယ် လိုတာ အကုန်ခိုင်းပေးပါ ကျွန်တော် လုပ်ပေးပါ့မယ်တဲ့။

၂၆/ ၆၂ နားမှာ ရှိပါတယ် လမ်းမှာ ကြုံခဲ့ရင်လဲ ပန်းလေးဝယ်ပေးကြပါဦး … မပူပါနဲ့ မကြာခင်အလုပ်တွေ ပြန်စလုပ်ရတော့မှာပါလို့ ကိုယ်လဲ အားသာအားပေးခဲ့ရတာ အလုပ်တွေက ဘယ်တော့ ပြန်စရမလဲ ကိုယ်တိုင်ကို မရေရာမသေချာ။

ကိုဗစ်ကြီးရယ် ပြီးပါတော့ အောက်ခြေလူတန်းစားတွေ အရမ်းကို မွန်းကြပ်လှပါပြီ။

Shwe Yi Phoo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page