အမျိုးသားထုကြီးအတွက် ဝမ်းနည်းဖွယ် (ကိုဗစ်နှင့် ပန်းသေပန်းညှိုး ဆက်စပ်နေကြောင်း ပညာရှင်များပြော)

အမျိုးသားထုကြီးအတွက် ဝမ်းနည်းဖွယ် (ကိုဗစ်နှင့် ပန်းသေပန်းညှိုး ဆက်စပ်နေကြောင်း ပညာရှင်များပြော)

အသက်ရှုခက်ခဲခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် ကာလကြာရှည် အရသာမခံနိုင်ခြင်းများသည် ယခင်ရှာဖွေတွေ့ရှိခဲ့သော ကိုဗစ် နောက်ဆက်တွဲ ပြဿနာများဖြစ်ပြီး ယခုအခါ ကိုဗစ် ကူးစက်ခံရဖူးသော အမျိုးသားများ ပန်းသေ ပန်းညှိုး ပြဿနာများဖြစ်နိုင်သည်ဟု ပညာရှင်များက သတိပေးခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း စောင့်ဆိုင်းနေကြသည့်ချိန်၌ ကိုဗစ် ကာလကြာရှည် နောက်ဆက်တွဲပြဿနာ ပန်းသေ၊ ပန်းညှိုးခြင်းများ ဖြစ်နိုင်သည်ကို အီတလီနိုင်ငံနှင့် အမေရိကန်နိုင်ငံရှိ သိပ္ပံပညာရှင်များက အသိပေးထုတ်ပြန်ခဲ့ကြသည်။

အမေရိကန်ရုပ်သံဌာနမှ စုံစမ်းမေးမြန်းထားသော အင်တာဗျူးတစ်ခုတွင် ကိုဗစ်ကြောင့် ကာလအတော်ကြာ ပန်းသေ၊ ပန်းညှိုးခြင်းများ ဖြစ်နိုင်မည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြကြောင်းကို ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာဒီနာဂရေဆင်က ပြောခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ် ကိုယ်အင်္ဂါတွေမှာရှိတဲ့ သွေးကြောတွေမှာ ပြဿနာတက်တယ်ဆိုတာကိုတော့ ကျွန်မတို့ သိပြီးသားပါ”ဟု ဂရေဆင်က ပြောခဲ့သည်။

“အဲ့ဒီပြဿနာကြောင့်ပဲ စိုးရိမ်နေကြရတာပါ၊ ဒီဗိုင်းရပ်စ်က လူကိုလည်း သေစေနိုင်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ဘဝတစ်လျှောက်လုံး အချိန်အကြာကြီး ဒုက္ခပေးနိုင်စွမ်းလည်းရှိပါတယ်” ဟု ဒေါက်တာဂရေဆင်က ရှင်းလင်းပြောကြားခဲ့သည်။

ဇူလိုင်လတွင် အီတလီနိုင်ငံမှ ရှာဖွေတွေ့ရှိချက်တစ်ခုအရ ယခင်ကတည်းက ပန်းသေ၊ ပန်းညှိုးရောဂါအခံရှိသော အမျိုးသားများသည် ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်သည့် နမိုးနီးယားရောဂါ ကူးစက်ခံရနိုင်ခြေများသလို ပန်းသေ ပန်းညှိုး အခံမရှိသူများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ပြန်လည် သက်သာသွားပြီးနောက်ပိုင်း နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပန်းသေ၊ ပန်းညှိုးခြင်းများ ဖြစ်နိုင်သည်ဟု သိရသည်။ အထူးသဖြင့် အသက်အရွယ်ကြီးသော လူနာများတွင် ပိုမိုစိုးရိမ်ရသည်ဟုသိရသည်။

“ပန်းသေပန်းညှိုးတယ်ဆိုတာ အထွေထွေရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအတွက် တိကျသေချာတဲ့ ဇီဝအမှတ်အသားတစ်ခုဖြစ်ပါတယ်”ဟု ရောမမြို့ တော်ဗာဂက်တာတက္ကသိုလ်မှ ပါမောက္ခ အီမန်နျူရယ်လ်ဂျန်နီနီက ပြောခဲ့သည်။

ကိုဗစ် သည် စိတ်ပိုင်းဆိုင်ရာ နှင့်ရုပ်ပိုင်းနှစ်ခုစလုံးကို တိုက်ခိုက်သောဗိုင်းရပ်စ်ပိုးတစ်ခုဖြစ်ပြီး ပန်းသေ၊ ပန်းညှိုး ဖြစ်သည်ဆိုသည်မှာ အံ့အားသင့်ဖွယ် နောက်ဆက်တွဲပြဿနာတစ်ခု မဟုတ်ကြောင်းကိုလည်း ဂျန်နီနီက ရှင်းလင်းပြောခဲ့သည်။ ယခင်က ပန်းသေပန်းညှိုး ရောဂါခံစားခဲ့ဖူးသူများ ကိုဗစ်ကူးစက်ပါကလည်း ကိုဗစ်ကြောင့်ဖြစ်သည့် နမိုးနီးယားဖြစ်ပွားနိုင်ခြေများကြောင်း ဂျန်နီနီ ကသုံးသပ်သည်။

သွေးကြောနှင့် အသက်ရှူလမ်းကြောင်းစနစ်များအပေါ် ထိခိုက်မှုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာများတွင် သိသာသည့်အန္တရာယ်ဖြစ်စေသည့် အလားအလာတစ်ရပ်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောအတွင်းနံရံများကို တိုက်ခိုက်ကြောင်းတွေ့ရှိရပြီး ယင်းကြောင့် သွေးကြောပိတ်ဆို့မှုများ ဖြစ်နိုင်သည်။

အကြီးစားသွေးခဲပိတ်ဆို့မှုများသည် နှလုံးဖောက်ပြန်မှုနှင့် လေဖြတ်မှုများ ဖြစ်ပွားစေနိုင်သော်လည်း ကိုဗစ် ကြောင့်ဖြစ်သော နှလုံးထိခိုက်မှုမှာမူ နှလုံးကြွက်သားရှိ သေးငယ်သွေးနှလုံးသွေးကြောများတွင် အလွန်သေးငယ်သော သွေးခဲပိတ်ဆို့မှုများသာ ဖြစ်ပွားစေသည်ဟု ယူဆထားကြသည်။ အထူးသဖြင့် သွေးလွှတ်ကြောသွေးစီးဆင်းမှု အကန့်အသတ်ဖြစ်ချိန်တွင် သေးငယ်သောသွေးကြောများရှိရာ အမျိုးသားအဓိကနေရာများတွင် လျင်လျင်မြန်မြန် ပိတ်ဆို့သွားနိုင်သည်။

ကိုဗစ်လူနာများအကြား ပန်းသေ ပန်းညှိုးခြင်းကို ယခုသုံးသပ်ချက်များက ရှင်းပြနိုင်သော်လည်း ဆက်စပ်မှုကို အတိအကျဆုံးဖြတ်နိုင်ရန် လေ့လာမှုများ လိုအပ်နေသေးသည်ဟု ပညာရှင်များက သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page