ကြည့်မြင်တိုင် ငါးစျေးက ကူးစက်မှု ဧရာဝတီတိုင်း ပန်းတနော်အထိ ရောက်ရှိ

ကြည့်မြင်တိုင် ငါးစျေးက ကူးစက်မှု ဧရာဝတီတိုင်း ပန်းတနောအထိ ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့တွင် ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်ငါးစျေးနှင့် အခြားနေရာများတွင် ငါးဖောက်သည် သွားယူနေသဖြင့် ကွာရန်တင်းထား၍ စောင့်ကြည့်ထားသူ အမျိုးသမီးတစ်ဦးကို Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသမီးသည် ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်၊ဒေါနခြံတွင် နေထိုင်ပြီး စက်တင်ဘာ ၁၆ ရက်က ကွာရန်တင်းစတင် ထားရှိပြီး ဆေးစစ်ချက် ရယူခဲ့ရာမှ ယနေ့(စက်တင်ဘာ ၂၅ ရက်)နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပန်းတနော်မြို့နယ် ဆရာဝန်ကြီးထံမှ သိရပါတယ်။

“အဲ့အမျိုးသမီးက စက်တင်ဘာ ၁၆ ရက်နေ့ကကွာရန်တင်းဝင်တယ်။ ဆေးစစ်ချက်အရ ဒီနေ့ ၂၅ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရညရောဂါပိုး တွေ့ရှိတာ။အခုသူ့ကို မအူပင်ခရိုင်ဆေးရုံ ပို့ဖို့စီစဉ်နေတယ်။ ရန်ကုန်ပြန်တွေဘများလာတဲ့အတွက် ကျန်းမာရေးဌာနကိုညအကြောင်းကြားဖို့ ပူပေါင်းဆောင်ရွက်စေချင်တယ်။ စောစောသိ စောစောကုမှ စောစောထိန်းချုပ်နိုင်မယ်”ဟု ပန်းတနော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးမင်းသန်းက ပြောပါတယ်။

၎င်းအမျိုးသမီးသည် အသက် ၄၀ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၃ ရက်နေ့က သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် စတင် ကွာရန်တင်းထားပြီး စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း မြို့မအလယ်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

“သူ့တို့က သားအမိနှစ်ယောက် နေထိုင်ပြီး၊ သူ့နဲ့ထိစပ်ခဲ့တယ်လို့ ယူဆရသူ လက်ရှိ ၁၀ ယောက်ကို ကွာရန်တင်းထားတယ်။ ကျန်တဲ့သူတွေကို ထပ်ပြီးစုံစမ်း စစ်ဆေးမှုလုပ်ရန် ဆောင်ရွက်နေတယ်” ဟုပန်းတနော်မြို့မ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှု ဦးဌေးဝင်းက ပြောပါတယ်။

ပန်းတနော်မြို့တွင် ယခုလက်ရှိစာရင်းအရ ယခင်ပြည်ပပြန် တစ်ဦးအပါအဝင် ကိုဗစ် ရောဂါပိုးတွေ့ အတည်ပြုလူနာ ၃ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page