ပဲခူးဆေးရုံမှာ ခရီးသွား ရာဇဝင်လိမ်ခဲ့တဲ့ ကိုဗစ်လူနာကို ကုသခဲ့သူ သူနာပြုတဦး ကူးစက်ခံရ (ဇာတ်လမ်းတော့ စလာပြီ)
ပဲခူးဆေးရုံမှာ ခရီးသွား ရာဇဝင်လိမ်ခဲ့တဲ့ ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ သူနာပြုတဦး ကူးစက်ခံရ (ဇာတ်လမ်းတော့ စလာပြီ)
ပဲခူးဆေးရုံကြီးတွင် ခရီးသွားရာဇဝင်လိမ်ခဲ့သည့် ကိုဗစ် လူနာအား အနီးကပ်ပြုစု ကုသပေးခဲ့သည့် သူနာ ပြုတစ်ဦးတွင် ပိုးတွေ့ ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက စက်တင်ဘာလ ၁၆ ရက် က သိရပါတယ်။
ပဲခူးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးက ခရီးသွားရာဇဝင်လိမ်ခဲ့သည့်အတွက် ဆေးစစ်ကြည့်ရာ ကိုဗစ် Positive ဖြစ်၍ ထိတွေ့မှုရှိခဲ့သူ ပဲခူးဆေးရုံကြီးမှ ဆရာဝန် ဆရာမ ကျန်းမာ ရေးဝန်ထမ်း၂၃ ဦးခန့် Q ဝင်ကာ Swab ယူခဲ့ရပြီးနောက် သူနာပြုဆရာမတစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ ပြန်လာသည့် အဆိုပါ ကိုဗစ် Postive လူနာသည် ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ စက်တင်ဘာလ ၁၁ ရက် ည ၁၁ နာရီ ၁၀ မိနစ် အချိန်က လက်တွင် ရရှိသောဒဏ်ရာ ကြောင့် သွေးထွက်လွန်၍ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
အရေးပေါ်ဌာနတွင် ခရီးသွားရာဇဝင်မေးသော်လည်း လူနာရှင်များက မပြောကြားဘဲ ပုံမှန်ထိခိုက်မှုသာ ဖြစ်သည်ဟုဖြေကြားခဲ့ပြီး အရိုးကုသဆောင်တွင် ရောက်ရှိချိန်တွင်မှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ပြန်လာ သူဖြစ်ကြောင်း သိရသည့်အတွက် သီးခြားခွဲထား၍ Swab ယူ စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ကိုဗစ် ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာနှင့်ထိတွေ့ခဲ့သူ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်း စုစုပေါင်း ၂၅ ဦး အား Facility Quarantine ထားရှိ၍ Swab နမူနာယူ စစ်ဆေးပြီးနောက် သူနာပြုတစ်ဦးတွင် ရောဂါပိုးတွေ့ရ ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။