ဘာအလုပ်မှ မလုပ်ဘဲ တနေကုန် ပဋ္ဌာန်းတွေ ထိုင်ရွတ်နေရုံနဲ့ ချမ်းသာလာမှာလား?
ဘာအလုပ်မှ မလုပ်ဘဲ တနေကုန် ပဋ္ဌာန်းတွေ ထိုင်ရွတ်နေရုံနဲ့ ချမ်းသာလာမှာလား?
အစက မပြောတော့ဘူးနေတာ။ သည်းမခံနိုင်တော့လို့ ပြောလိုက်ဦးမယ်။
တာဝတိံသာနတ်ပြည်မှာ သုဓမ္မာဇရပ်ကြီးဆိုတာ ရှိတယ်။ အဲဒီမှာ အရိမေတ္တယျဘုရားလောင်းနတ်သား၊ သိကြားမင်း၊ ဓမ္မကထိကနတ်သား၊ အနာဂါမ်ဗြဟ္မာကြီးတွေ အလှည့်ကျ တရားဟောကြတယ်။ နတ်တွေ နာယူကြတယ်။
ခင်များတို့ မပီကလာ ပီကလာနဲ့ အထစ်အထစ်ရွတ်နေတဲ့ ပဋ္ဌာန်းကို ဘယ်နတ်က လာနာမှာလဲ။
အဲဒါ စိတ်ကူးယဉ်နေကြတာ ဟိုနတ်လာနာသလို ဒီနတ်ပဲ လာနာသလိုလိုနဲ့။
ခင်များတို့ မပီကလာ ပီကလာ အထစ်အထစ်နဲ့ရွတ်တာကို အလွန်ဆုံး နာရင် ရုက္ခဇိုးလောက်ပေါ့။ ဒါတောင် လှမ်းပြီး နားစွင့်ရုံလောက်နေမှာ။ အနားလာနာယူမှာမဟုတ်ဘူး။
တောင်ဖီလာဆရာတော်ကြီး ရွတ်ဖတ်ပူဇော်တာတောင် သောတာပန်နတ်က ပေါက်ဖက်နဲ့ ထုပ်ထားတဲ့ ငပိမှာကပ်နေတဲ့ ပေါက်ဖက်နံ့လိုပဲလို့ အမနာပ ပြောသွားတယ်။ ခင်များတို့ရွတ်တာဆို စဉ်းစားကြည့်ပေါ့။
ငတ်ကြီးကျတဲ့စိတ်တွေ၊ ပဋ္ဌာန်းရွတ်တယ်ဆိုပြီး ကြွားချင်ဝါချင်စိတ်တွေလျှော့ပြီး ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ပူဇော်တဲ့အနေနဲ့သာ ရွတ်စမ်းပါဗျ။
ဘယ်နတ်လာလာ မလာလာ။ ဘာအရေးလဲ။ ဒီရွတ်တာဖတ်တာတွေက အလုပ်လုပ်တဲ့အခါ အလုပ်အကိုင်အတွက် ကုသိုလ်အထောက်အပံ့ ဖြစ်စေဖို့ပဲ။
အလုပ်မလုပ်ပဲ တစ်နေကုန် အမောစို့သေအောင် ထိုင်ရွတ်။ ဘာပိုက်ဆံမှ မချမ်းသာဘူး။ ဘုရားက ချမ်းသာချင်ရင် အလုပ်ကို အလုပ်နဲ့တူအောင်လုပ်လို့ပဲ ဟောခဲ့တာ။
Ashin Khema Nanda