ပိုးတွေ့သူနဲ့ ထိတွေ့သူ မိသားစုကို အလွန်အကျွံ ခွဲခြား ဆက်ဆံခဲ့တဲ့ ဖြစ်ရပ် (လူအချို့ရဲ့ အောက်တန်းကျမှု)

ပိုးတွေ့သူနဲ့ ထိတွေ့သူ မိသားစုကို အလွန်အကျွံ ခွဲခြား ဆက်ဆံခဲ့တဲ့ ဖြစ်ရပ် (လူအချို့ရဲ့ အောက်တန်းကျမှု)

ကြားကြားချင်း ရှော့ရတယ်။ ဒါမျိုးအဖြစ်မျိုးတွေ ရှိသလား အံ့ဩမိတယ်။ လူအချို့ရဲ့ အောက်တန်းကျမှုဟာ မယုံနိုင်အောင်ပဲ။

လွန်ခဲ့တဲ့နှစ်ရက်က ကိုယ့် Best Friend ရဲ့ ဝမ်းကွဲညီမလေး Positive ဖြစ်သွားတယ်။ သူနဲ့ အလုပ်အတူလုပ်တဲ့ တစ်ယောက်က Positive ဖြစ်လို့ Close Contact တွေကိုစစ်တော့ သူလည်း Positive ဖြစ်နေတယ်။

သူတို့မိသားစုက သိမ်ဖြူလမ်းက ၇ လွှာတိုက်ခန်းမှာ စပေါ်သိန်းတစ်ရာတင်ပြီး ငှါးနေကြတယ်။ သူ့ရုံးကတစ်ယောက် Positive ဖြစ်သွားတဲ့အချိန်မှာ Close Contact အနေနဲ့ သူ့ကို PPEတွေနဲ့ လာခေါ်သွားကြတယ်။ သူနဲ့အတူနေမိဘတွေကတော့ Home Quarantine ပေါ့။

အဲ့အချိန်မှာ သူ့တို့ငှါးနေတဲ့ အိမ်ရဲ့ အိမ်ရှင်ဆိုတဲ့လူရောက်လာပြီး လာသောင်းကျန်းတော့တာပဲ။ ဒီရောဂါဖြစ်လို့ တိုက်နာတယ်တဲ့။ ဒါအောက်တန်းစားတွေ ဖြစ်တဲ့ ရောဂါတဲ့။ အခုချက်ချင်း အိမ်ကနေ ဆင်းပေးတဲ့။

စဉ်းစားကြည့်။ သမီးဖြစ်သူကို PPE တွေနဲ့ လာခေါ်သွားပြီး ပေါ့စတစ်လား၊ နဂ္ဂတစ်လား မသိရသေး၊ စိတ်ပူနေရချိန်။ မိဘတွေကိုယ်တိုင်လည်း Home Quarantine နေနေရချိန်မှာ အိမ်ပေါ်က အခုဆင်းဆိုပြီး အိမ်ရှေ့ကနေ လာသောင်းကျန်းတာမျိုးလောက် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာမျိုး ရှိဦးမလား။

အခု သမီးဖြစ်သူက Positive တဲ့။ မိဘတွေကိုလည်း လာခေါ်သွားပြီ။ နေကောင်းပြီး ပြန်လာရင်တောင် အဲ့အိမ်မှာ မနေနဲ့တဲ့။ ပစ္စည်းတွေ ဆွဲချမယ် ဘာညာ။

အိမ်ငှါးတစ်ယောက်ကို အိမ်ရှင်က အဲ့လိုလုပ်ခွင့်ရှိလား။ ဘာအပြစ်မှလည်း မရှိ၊ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကူးစက်ရောဂါကြီး ကူးခံရတာကို တိုက်နာတယ်တွေ ရွာနာတယ်တွေ၊ အောက်တန်းစားမို့ ကူးခံရတာတွေ လာပြောနေရအောင် ဘယ်ကမ္ဘာက ဂြိုလ်သားတွေလဲ။ ကိုယ့်ကိုယ်ကိုယ် မကူးခံရနိုင်ဘူး ထင်နေကြတာလား။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အိမ်နဲ့ နိုင်ငံတော် သမ္မတအိမ်ကိုတောင် ရောဂါပိုးကရောက်နေပြီ။ Close Contact တွေပဲ စစ်နိုင်သေးလို့ စစ်တဲ့လူပေါ်တာ။ အစစ်မခံရလို့ မပေါ်ဘဲ လူထုကြား ပျံ့နှံ့နေမှာတွေ ရှိမနေဘူး ဘယ်သူပြောနိုင်မလဲ။ အခုအချိန်ထိ ရပ်နာတယ်၊ ရွာနာတယ်၊ တိုက်နာတွေ၊ အောက်တန်းစားတွေမှ ဖြစ်တဲ့ရောဂါတွေ ပြောနေတဲ့ ရန်ကုန်မြို့လယ်ခေါင်က တာဇံမကြီးလည်း သူပါကူးခံရမှ နားလည်မှာ။

ရောဂါ ထိန်းချုပ်ရေးမှာ Social Blaming ဟာ အခက်အခဲကြီးတစ်ခုဆိုတာ တာဝန်ရှိသူတွေကို သတိပြုမိစေချင်ပါတယ်။ လူတွေက ရောဂါဖြစ်မှာထက် PPE တွေနဲ့ လာခေါ်ခံရမှာ ပိုကြောက်နေကြပြီ။ အခုလို ဘေးပတ်ဝန်းကျင်က အပြစ်တင်တာ၊ ကဲ့ရဲ့တာ၊ နှောက်ယှက်တာတွေကြောင့် လူတွေက ကြိတ်ကုနေကြတာတွေ ရှိနေပြီ။

ဪ… ရေးနေတုန်းပဲ ဖုန်းထပ်ဝင်လာတယ်။ Positive ဖြစ်သွားတဲ့ ကောင်မလေးရုံးရဲ့ ရုံးခန်းပိုင်ရှင်ကပါ ရုံးခန်းပိတ်ထားပြီဖြစ်နေလျက်နဲ့ ဆက်မငှါးဘူး၊ ဖယ်ပေး လုပ်နေပါသတဲ့။

ရန်ကုန်မြို့လယ်ခေါင်နေတဲ့ တာဇံများလည်း မျိုးတုန်းသွားမှ အေးမှာ…

စုံလုံးပိတ်တွေ…..

အိပန်ဆယ်လို

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page