ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မရှင်းလင်းသူများအတွက်
ယခုထုတ်ပြန်ထားတဲ့ အမိန်တွေနဲ့ ပတ်သက်လို့ မရှင်းရင် ဒါကိုဖတ်ကြည့်ပါ။
(၁) ၁၀၉/၁၁၀ အုပ်စု အိမ်မှာပဲ ဆက်နေပါ။ လတ်လျား လတ်လျား နဲ့ လျှောက်မသွားကြပါနဲ့ဦး။ ခင်ဗျားတို့ ပထွေး ကိုမြင့်က ရန်ကုန်မြို့ကောင်းကင်မှာ ပျံဝဲနေပါတယ်…
(၂) ရုံးတက်တက် မတက်တက် ဘာမှထူးမလာမယ့် အုပ်စုလည်း အိမ်မှာပဲဆက်နေပြီး လစာရသေးတယ်ဆိုရင် Work From Home ပဲလုပ်ကြ…
(၃) လူကြီးကဖုန်းဆက်ပြီး ဘာနေနေ သောက်ဂရုမစိုက်ဘူး ရုံးရောက်အောင်လာဆိုတဲ့ အုပ်စုကတော့ အသက်ကို ဖက်နဲ့ထုပ် ဘုရားတပြီး ရုံးတက်…
(၄) သွားကိုသွားရတော့မယ်ဆိုရင် ၂ နည်းရှိတယ်။ လစာရမှဖြစ်မယ်ဆိုရင် အလုပ်တက်၊ လစာမရလည်းဖြစ်တယ်ဆိုရင် အလုပ်ထွက် လျှာတော့မရှည်နဲ့…
(၅) အစိုးရကတော့ ခင်ဗျားတို့ကို ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ The world of married couple တို့ The king တို့လို ကိုရီးယားကားတေါ ကြည့်ပြီး ယောင်စိန်လုပ်နေစေချင်တယ်…
(၆) သို့သော် လုပ်ငန်းရှင်တွေ အလုပ်ပိတ်ထားရရင် လစာမပေးနိုင်ဖြစ်ပြီး ဘိုင်ပြတ်လို့ ငတ်ကြ ပြတ်ကြတဲ့အခါ ကိုမြင့်ထက်ပိုဆိုးမယ့် အရေးကိုလည်း တွေးပူရတယ်…
(၇) ဒီတော့ မတားတော့ဘူး သွားကြ။ မိုက်ခရိုဝေ့တွေ ရေခဲသေတ္တာတွေ မဖြည့်ဆည်းပေးနိုင်ပေမယ့် ဖောင်ကြီး မှာတော့ ရယ်ဒီလုပ်ထားပြီ…
(၈) အလုပ်ကို မတတ်သာလို့ သွားကြတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ရန်သူတွေလို ဆက်ဆံ။ မခေါ်နိုင် မပြောနိုင် ပုံစံမျိုးနဲ့ ချေမိုးနေကြ…
(၉) ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို တွေ့တဲ့အခါ ကိုယ့်စော်ကို ကြောင်တောင်နှိုက်တဲ့ အင်မတန်စက်ဆုပ်ရွံရှာပြီး မသတီစရာကောင်းတဲ့ လူတစ်ယောက်လို သဘောထား ခပ်ခွာခွာနေ…
(၁၀) တွေ့တဲ့ပစ္စည်းတွေတိုင်းမှာ ချေးပေနေတယ်လို့ မှတ်ယူပြီး မတို့ မထိ မကိုင် မကလိမိအောင် ကြပ်ကြပ် ဂရုစိုက်ပေး…
(၁၁) စားပိုးနင့်အောင်စား၊ ဝက်တစ်ကောင်လိုအိပ်၊ အားနေရင် လက်ဆေး၊ ပိုးသတ်ဆေးနဲ့ တွေ့ရာဖျန်း၊ အပြင်ထွက်ရင် မတ်အုပ်၊ လက်အိတ်စွပ် ဒီလောက်ဆို ခံသာမယ် ဒါပဲ…