အုတ်ဖို ပြည်သူ့ဆေးရုံတွင် Q ဝင်နေတဲ့ ရခိုင်ပြန်တဦး ထွက်ပြေး၊ လိပ်စာအမှားပေးခဲ့ဟုဆို

အုတ်ဖို ပြည်သူ့ဆေးရုံတွင် Q ဝင်နေတဲ့ ရခိုင်ပြန်တဦး ထွက်ပြေး၊ လိပ်စာအမှားပေးခဲ့ဟုဆို

အုတ်ဖိုမြို့သို့ စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ရခိုင်ပြည်နယ်စစ်တွေမြို့မှ ပြန်လည်ရောက်ရှိလာပြီး (Hospital Q) ဆေးရုံနှစ်ထပ်ဆောင်သစ် ကန့်သတ်ထားရှိသောနေရာမှ အမျိုးသားတစ်ဦးသည် စက်တင်ဘာ(၁၂)ရက်နေ ညနေပိုင်းတွင် ထွက်ပြေးသွားကြောင်း အုတ်ဖိုမြို့နယ် ကိုဗစ်သတင်းနှင့်ပြန်ကြားရေးကော်မတီထံမှ သိရပါတယ်။

“အုတ်ဖိုဆေးရုံ ၂ ထပ်ဆောင်မှာ Hospital Q ထားရှိတဲ့ စိုးသူအောင် အသက် (၂၄)နှစ် အုတ်ဖိုမြို့နယ် ဝိုင်းအုပ်စု ပတ္တမြားရေတာကျေးရွာ လိပ်စာပေးခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ပြန်လာလို့ ကွာရန်တင်းန် ထည့်ထားတာဖြစ်တယ်၊ ကနေ့ ၁၂ရက်နေ့ ၄နာရီအချိန်လောက်က ဆေးရုံကနေ ထွက်ပြေးသွားတာကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်၊ ဆိုရှယ်မီဒီယာတွေ ကနေလဲ သူ့ရဲ့ ဓာတ်ပုံနဲ့ ကြော်ငြာတာတွေ လုပ်နေပါတယ်” ဟု အုတ်ဖိုမြို့နယ် ကိုဗစ် သတင်းနှင့်ပြန်ကြားရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဘိုသိန်းမှ ပြောပါတယ်။

၎င်းထွက်ပြေးသွားသူမှာ Hospital Q တွင်ထားရှိခဲ့သော်လည်း (Swab) နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာ ရယူထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

ထွက်ပြေးသွားသော ရခိုင်ပြည်နယ်မှ ပြန်လာသူ ပေးထားခဲ့တဲ့ လိပ်စာဖြစ်တဲ့ ဝိုင်းအုပ်စု ပတ္တမြားရေတာကျေးရွာတွင် အထက်ဖော်ပြပါ ခရီးသွားမှတ်တမ်းတွင် ပါရှိသော အမိအဘ အမည်နှင့်ဓာတ်ပုံများမှ စိုးသူအောင် ဆိုသူမှာ ပတ္တမြားရေတာကျေးရွာနေထိုင်သူများထဲတွင် မရှိကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page