မိန်းကလေးတွေ ကိုယ့်ကို ထိပါးလာရင် ငြိမ်ခံမနေပါနဲ့ဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်

ဒီမနက် မိတ်ဆွေအမျိုးသမီးတစ်ယောက် တောင်ငူကနေ ရန်ကုန်ကို ဂန္တဝင်ဆိုတဲ့ ကားဂိတ်နဲ့ ပြန်လာတယ်။

လမ်းမှာ သူ့ထိုင်ခုံနောက်က ယောက်ျား တစ်ယောက်က ထိုင်ခုံအောက်ခြေက ဟနေတဲ့ ကြားထဲကနေ သူ့တင်ပါးကို ခြေ ထောက်နဲ့ ထိုးပြီး ကိုယ်ထိလက်ရောက် စော်ကားနေတယ်။ နောက်ပြန်လှည့်ကြည့်ပြီး ဒီလိုမလုပ်ဖို့ ပြောတော့ အော်ကြီးဟစ်ကျယ် ပြန်ဆဲဆိုတယ်။

ဒါက ရဲတိုင်လို့ရတယ်။ ဒါကို တိုင်ချင်ရာတိုင် လို့ပြန်ပြောတယ်။ ကားသမားကို ရဲစခန်းမောင်းခိုင်းတော့ မမောင်းပေးနိုင်ဘူးလို့ပြန်ပြောတယ်။ ရှုပ်ရှုပ်ယှက်ယှက်လို့ တွေးရင်တွေးမှာပေါ့။ ကိုယ့်မျက်စိရှေ့မှာ (ခရီးသည်တွေလည်း အများကြီးပါရဲ့သားနဲ့) အမျိုးသမီး တစ်ယောက် ကိုယ်ထိလက်ရောက် စော်ကားခံနေရတာကို ကူညီပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိရက်နဲ့ ကားသမားက ငြင်းတယ်။

ဒါကိုသူက ကားပေါ်ကနေပဲ ဖေ့စဘွတ်ပေါ် တင်ပြီး မိတ်ဆွေတွေကို အကူအညီ တာင်းတယ်။ လိုင်းပေါ်မှာရှိတဲ့ မိတ်ဆွေတွေက သူရောက်နေတဲ့ မိုင်တိုင်၊ ကားနံပတ်တောင်းပြီး အမြန်လမ်း တလျှောက်က ရဲစခန်းတွေဆီ ဖုန်းလှမ်း ဆက်ကြတယ်။

အမြန်လမ်းရဲက လမ်းကစောင့်ပြီး ကားတား၊ ရဲစခန်းထဲမောင်း၊ အခု ကျူးလွန်သူကို အရေးယူနေပြီ။ ဒါဟာ.. ခုခံတွန်းလှန်ရဲတဲ့ အမျိုးသမီးတွေ အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခု ပဲ။ မလိုအပ်ဘဲ အရှက်အကြောက်ကြီးပြီး မပြောရဲမဆိုရဲတဲ့ အမျိုးသမီးငယ်တွေ အတွက် အတုယူရမယ့် သင်ခန်းစာကောင်းတစ်ခုပါပဲ။

ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ ကာယကံရှင် မသဲကို Darli Thae Ko ရော၊ ဝိုင်းဝန်းကူညီပေးကြတဲ့ သူ့မိတ်ဆွေတွေအားလုံးကိုရော၊ ကူညီပေးတဲ့ ရဲတပ်ဖွဲ့ကိုရော ဒီပို့စ်နဲ့ ဂုဏ်ပြုပါတယ်။

လုပ်နိုင်စွမ်းရှိသလောက် ပြန်လည်ခုခံတွန်းလှန်ပါ.. ငြိမ်မခံပါနဲ့.. ဒီလိုကြုံရသူကိုဝိုင်းဝန်းကူညီပါ…

Myat mon (7.7.2018 ကပါ။)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page