နို့ဆီဗူးတွေ မပေါ်ခင်က ဆန်ကို ရှေးလူကြီးတွေ ချိန်တွယ်ခဲ့ကြပုံ (သို့) မြန်မာ အချိန်အတွယ်

နို့ဆီဗူးတွေ မပေါ်ခင်က ဆန်ကိုဘယ်လို ချိန်တွယ်လဲဆိုတာ ဗဟုသုတအဖြစ် ပြန်လည်မျှဝေပါသည်..

မြန်မာ အချိန်အတွယ်က အရင်ကတည်းက ရှိပြီးသားပါ..

တလက်မြူ တလက်မြက်
နှစ်လက်မြက် တစ်စလယ်
နှစ်စလယ် တစ်ခွက်
နှစ်ခွက် တစ်ပြည်
ရှစ်ပြည် တစ်ခွဲ
တစ်ဆယ့်ခြောက်ပြည် တစ်တင်း ပါ..

တလက်မြူဆိုတာ လက်တဖက်ကို ခုံးခုံးလေးလုပ်ပြီး ဆန်ထဲကို ထိုးကော်လိုက်ရင် ပါလာတဲ့ ဆန်ကို တလက်မြူဟု ခေါ်ပါတယ်.. တလက်မြက်ဆိုတာကတော့ လက်နှစ်ဖက်နဲ့ ဆန်ကို ထိုးကော်လိုက်တဲ့အခါ ပါလာတဲ့ ဆန်ကို တလက်မြက်ဟု ခေါ်ပါတယ်.. နို့ဆီဗူးတွေ မပေါ်ခင်က တလက်မြက် ချင်တွယ်တဲ့ ကြိမ်ခြင်း (သို့မဟုတ်) ဝါးခြင်းလေးတွေ ရှိပါတယ်..

1900 ဝန်းကျင်လောက်မှာ မြန်မာပြည်ကို နို့ဆီဗူးတွေ ဝင်ရောက်လာတယ်လို့ ခန့်မှန်းရပါတယ်.. တလက်မြက်နဲ့ ညီမျှတဲ့ နို့ဆီဗူးကို ယူသုံးလိုက်တော့ မူလသုံးခဲ့တဲ့ ကြိမ်ခြင်းတွေရော တလက်မြူ၊ တလက်မြက် စသည့် အခေါ်အဝေါ်ရော ပျောက်ဆုံးသွားပါတယ်.. ကြိမ် (သို့မဟုတ်) ဝါးနဲ့ ရက်လုပ်ထားတဲ့ ခွဲတောင်းတွေ၊ တင်းတောင်းတွေကတော့ ယနေ့အချိန်ထိ ရှိနေဆဲ သုံးနေကြဆဲပါပဲ ​(ပြောပြပေးတဲ့ လူကြီးများကို ကျေးဇူးတင်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page