နဂါးကြီး ခံတွင်းဝကနေ အမေရိကန် အချိန်မီ ဆွဲထုတ်နိုင်ခဲ့တဲ့ မြောက်အာဖရိက နိုင်ငံ ၂ ခု

နဂါးကြီး ခံတွင်းဝကနေ အမေရိကန် အချိန်မီ ဆွဲထုတ်နိုင်ခဲ့တဲ့ မြောက်အာဖရိက နိုင်ငံ ၂ ခု

နေရာတိုင်းမှာ အမေရိကန်ဟာ တူနီးရှားနဲ့ မော်ရိုကိုမှာနပမ်းသွားလုံးလိုက်တာမှာ တရုပ်တို့ရဲ့ မြောက်အာဖရိက က လက်တန်တွေ ကျိုးပြန်ပြီ ​အမေရိကန်တရုပ် ပြိုင်ပွဲကြီးကတော့ ကမ္ဘာအနှံ့အပြားမှာ လိုက်ကျင်းပနေတဲ့ နယ်လှည့်နပမ်းသတ်ပွဲလိုဖြစ်နေပါတယ် အမေရိကန်ဟာ တရုပ်တို့ရဲ့ အခြေတည်ထားသမျှကို ကမ္ဘာ့နေရာအနှံ့အပြားမှာလိုက်ဖျက်နေပါတယ်

အခုချိန်အထိပြောရရင် တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ လိုက်ဖိနှိပ်ပြီး အခြေပျက်အောင် ပိတ်ဆို့တာ ဆန့်ကျင်တာတွေ အပြင် အခုတစ်ခါမှာ မြောက်အာဖရိကကို စလာပါပြီ နောက်ဆုံးရတဲ့သတင်းများအရ အမေရိကန်တို့ဟာ Maghreb ဒေသမှာဆယ်နှစ်သက်တမ်းရှိတဲ့ စစ်ရေးစာချုပ်တွေ ၂ခု ချုပ်ဆိုနိုင်ခဲ့တယ်လို့သိလိုက်ရပါတယ် ဒီစာချုပ်တွေဟာ တရုပ်တို့ရဲ့လွှမ်းမိုးကြီးစိုးမှုတွေနဲ့ စစ်ရေးရည်မှန်းချက်တွေကို တားဆီးနိုင်မှာဖြစ်ပါတယ်

ပထမအနေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper ဟာ ပြီးခဲ့တဲ့အပါတ် ဗုဒ္ဓဟူးနေ့က တူနီးရှားနဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ် သောကြာနေ့မှာ ဒုတိယအနေနဲ့ မော်ရိုကိုနိုင်ငံနဲ့ စာချုပ်ချုပ်နိုင် ခဲ့ပါတယ် နေတိုးမဟုတ်တဲ့ မြောက်အာဖရိကဒေသက နိုင်ငံတွေနဲ့ စစ်ရေးစာချုပ်တွေကို ချုပ်ဆိုနိုင်ခဲ့တာပါပဲ

ဒီနှစ်နိုင်ငံဟာ ဒေသတွင်းမှာ တရုပ်ရဲ့ လွှမ်းမိုးထားခြင်းခံထားရတဲ့ နာမည်ကျော် နိုင်ငံ ၂ ခု ဖြစ်ပါတယ် ဒါ့ကြောင့် ဒီစာချုပ်တွေဟာ တရုပ်တို့ရဲ့ မြောက်အာဖရိက အိပ်မက်တွေကို တိုက်ရိုက်ကြီး ဖျက်ဆီးလိုက်ပြန်တဲ့ ထိုးနှက်ချက်ဖြစ်လာပါတော့တယ် တကယ်တော့ အက်စ်ပါဟာ အယ်လ်ဂျီးရီးယားကိုလည်းသွားရောက်ခဲ့ပါသေးတယ် မြောက်အာဖရိကမှာ တရုပ်လွှမ်းမိုးခံထားရတယ်လို့ ထင်ရတဲ့ နောက်ထပ်နိုင်ငံဖြစ်ပါတယ် အယ်လ်ဂျီးရီးယားနဲ့ ဘယ်လိုစာချုပ်တွေချုပ်တယ်ဆိုတာတော့မကြားရပါဘူး ဒါပေမယ့် လုံခြုံရေးဆိုင်ရာကိစ္စတွေ ပူးပေါင်းတိုးမြှင့်လုပ်ဆောင်ဖို့ နဲ့ Sahel ဒေသလုံခြုံရေးကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ တော့သိရပါတယ်

အက်စ်ပါရဲ့မြောက်အာဖရိက သုံးနိုင်ငံခရီးစဥ်ဟာ ဒေသအတွင်းမှာ ခြေရှုပ်နေတဲ့ တရုပ်ခြေလှမ်းတွေအပေါ် တန်ပြန်ရိုက်ချိုးဖို့ အမေရိကန်တို့ရဲ့ ဗျူဟာမြောက်လှုပ်ရှားမှု အဖြစ်မြင်တွေ့နေရပါပြီ တရုပ်တို့ဟာ သုံးနိုင်ငံစလုံးကို တချိန်လုံး မျက်စေ့ကျနေခဲ့တာပါ အဲ့ဒိထဲမှာမှ ဒေသတွင်းထဲက Maghreb နိုင်ငံတွေထဲမှာ အယ်လ်ဂျီးရီးယားဟာ တရုပ်နဲ့ဆက်ဆံရေး အနီးကပ်ဆုံးနိုင်ငံဖြစ်ပါတယ် တရုပ်နဲ့အယ်လ်ဂျီးရီးယားဟာ နိုင်ငံရေးအတွေးအခေါ်ခြင်းတူကြပါတယ် အယ်လ်ဂျီးရီးယားဟာ အရင်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ပြီး မာ့က်စ် လီနင်ဝါဒတွေ နဲ့ထောက်ကန်ထားတဲ့တတိယကမ္ဘာကနိုင်ငံတစ်ခုပဲဖြစ်ပါတယ်

တရုပ်ဟာ အယ်လ်ဂျီးရီးယားနဲ့ နီးကပ်လာ ခြင်းအကြောင်းကတော့ ပြင်သစ်တို့ထက် တရုပ်က ကုန်သွယ်ရေးမှာပိုပြီး တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ် ယနေ့မှာဆိုရင် တရုပ်တို့ဟာ အယ်လ်ဂျီးရီးယား အပေါ်မှာကုန်သွယ်ရေး အသာစီးရထားဆဲဖြစ်ပါတယ် တရုပ်တို့ရဲ့စစ်ရေးတည်ဆောက်မှု မျှော်မှန်းချက်အနေနဲ့ အယ်လ်ဂျီးရီးယားမှာ သိသိသာသာကြီး တိုးမြင့်ထားခဲ့ပြီး ကမ္ဘာမှာ အယ်လ်ဂျီးရီးယားဟာ တရုပ်ဆီက တတိယမြောက်လက်နက်အများဆုံးဝယ်ယူသူနိုင်ငံ ဖြစ်နေပါတယ်

တပြိုင်နက်တည်းမှာ တရုပ်တို့ဟာ မော်ရိုကိုကို ဝါးမျိုဖို့ခြေလှမ်းပြင်လာပါတယ် တရုပ်ကုမ္ပဏီကြီး တချို့ဟာ အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် မော်ရိုကို ကိုအခြေပြုပြီးလှုပ်ရှားပါတယ် ၂၀၁၈မှာ မော်ရိုကိုဆိုင်ရာ တရုပ်သံမတ်ဟာ သံတမန်ဆက်ဆံရေးထူထောင်တဲ့ နှစ်ပေါင်း၆၀ ပြည့်ကို အကြောင်းပြုပြီး “new journey” ဆိုတဲ့ ကြွေးကျော်မှုကို ပြုလုပ်လာခဲ့ပါတယ်

“new journey” ဟာ မာရာကက်စ် Marrakesh ဒေသနားမှာ ကမ္ဘာ့အကြီးမားဆုံး ဆိုလာစွမ်းအင်ဥယျာဥ်ဆောက်လုပ်ရေးဖြစ်တဲ့ Noor2 နဲ့ Noor3 ဆိုလာဥယျာဥ် ပရောဂျက်နှစ်ခု ပါဝင်တဲ့ အစီအစဥ်ပဲဖြစ်တယ် နောက်ထပ်အနေနဲ့ ၁၀ဘီလီယန်တန်ဖိုးရှိတဲ့ နည်းပညာအဆောက်အအုံတွေကို တန်ဂျီယာ အနားမှာ ဆောက်လုပ်ရေး ဖြစ်ပါတယ် တူနီးရှားမှာဆိုရင်လည်း BRI စာချုပ်တွေ အပါအဝင် ပရောဂျက်များစွာနဲ့ ဝင်ထားသလို တူနီးရှားစစ်တပ်နဲ့ ချေးငွေတွေဖော်ထုတ်ပေးပြီးသားလည်းဖြစ်ပါတယ် စစ်တပ်နဲ့သီးခြားဆောင်ရွက်တာမျိုးတွေရှိပါတယ်။

၂၀၁၈ အောက်တိုဘာလမှာ တရုပ်ပဲ့ထိန်း ဒုံးကျည်တင် ဖရီဂိတ်စစ်သင်္ဘော Wuhu (Hull 539) ဟာ တူးနစ်ပင်လယ်ကွေ့မှာပထမဆုံးအကြိမ် တူနီးရှားက လက်ခံကျင်းပတဲ့ first International Naval Parade စစ်ရေးပြမှာပါဝင်ခဲ့ပါတယ် တူနီးရှားရေတပ်ရဲ့ ၆၀ နှစ်မြောက် အခမ်းအနားအဖြစ် ကျင်းပတဲ့ စစ်ရေးပြဖြစ်ပါတယ် ဒါကိုကြည့်ခြင်းအားဖြင့် တရုပ်တို့ရဲ့ တူနီးရှားအပေါ်မှာ စစ်ရေးရည်မှန်းချက်ကိုမြင်သာပါတယ်

မြောက်အာဖရိကမှာ တရုပ်ရဲ့ စစ်ရေးရည်မှန်းချက်တွေ တိုးမြှင့်လာနေတာကို အမေရိကန်က သည်းမခံနိုင်ဘူးဖြစ်လာပါတယ် လက်ရှိမှာ တရုပ်တို့အနေနဲ့အာဖရိကမှာ စစ်အခြေစိုက်စခန်းအဖြစ် ဂျီဘူတီမှာပဲရှိပြီး တရုပ်တို့ဟာ အာဖရိကမှာ စစ်အခြေစိုက်စခန်းတွေ ထပ်တိုးချဲ့ချင်နေတာဖြစ်လို့ အယ်လ်ဂျီးရီးယား နဲ့ တူနီးရှားမှာ ခြေလှမ်းပြင်လာနေတာကို အမေရိကန်ကသိလို့ ဟန့်တားဖို့လုပ်လာတာပါ မြောက်အာဖရိကမှာ ရင်းနှီးမြှုပ်နှံမှုနဲ့စပြီး ဝါးမျိုဖို့လုပ်လာရာကနေ စစ်ရေးအခြေချဖို့ အထိပါ ရည်မှန်းချက်ထားလာတာပါ

သို့သော် အမေရိကန်ဟာ အရေးပါတဲ့ စစ်ရေးစာချုပ်၂ခုနဲ့ ဟန့်တားလိုက်ပါပြီ အယ်လ်ဂျီးရီးယားနဲ့လည်း နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုးတက်မှုအရိပ်အယောင်တွေ ပြလာနေပါပြီ မြောက်အာဖရိက မှာလည်း အမေရိကန်တို့ဟာ တူနီးရှားနဲ့မော်ရိုကိုတို့ကို တရုပ်ခံတွင်းထဲကနေ ဆွဲထုတ်လိုက်ပြန်ပါပြီ

တရုပ်တို့ရဲ့ ရည်မှန်းချက်ထားရာနေရာတိုင်းကို အမေရိကန်တို့ဟာ လိုက်ပြီးဟန့်တားပိတ်ပင်နေတာဟာ ကမ္ဘာအနှံ့အပြားမှာဖြစ်နေပါတယ် နိုင်ငံခြားရေးဝန်ကြီးရော ကာကွယ်ရေးဝန်ကြီးပါ ညီညာဖျဖျ သွားလာလှုပ်ရှားပြီး မနားတမ်းလုပ်ကိုင်နေကြပါတယ် အမေရိကန်ဝန်ကြီးများရဲ့ခရီးစဥ်တိုင်းဟာ အရေးပါတဲ့ ရည်ရွယ်ချက်တွေရှိကြတာကိုတော့ ခပ်စိပ်စိပ်လေးတွေ့လာနေရပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page