ပြည်သူ့ဥယျာဥ်၊ တိရစ္ဆာန်ရုံ အပါအဝင် ပန်းခြံနဲ့ ကစားကွင်းအားလုံးကို နှစ်ကုန်အထိ ပိတ်ထားမည်
ပြည်သူ့ဥယျာဥ်၊ တိရစ္ဆာန်ရုံ အပါအဝင် ပန်းခြံနဲ့ ကစားကွင်းအားလုံးကို နှစ်ကုန်အထိ ပိတ်ထားမည်
ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ၌ လူစုလူဝေးမဖြစ်စေရန် လူစည်ကားရာ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန် ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံးကို ဒီဇင်ဘာလ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် Stay at home သတ်မှတ်ထားရာ မြို့နယ်များရှိပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာခြင်းမရှိဘဲ ပြင်ပ၌သွားလာ နေခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောသတိပေးစစ်ဆေးတင်းကြပ်မူများ ဆောင်ရွက်သွားရန် ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဒီဇင်ဘာ ၂ ရက်တွင် အကြောင်းကြားလာမူ အပေါ် ကြပ်မတ်ဆောင်ရွက်သွားရန်ဟူ၍ ညွန်ကြားစာတွင် ဖော်ပြထားပါတယ်။
ထို့ကြောင့် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်တိုင်းဒေသကြီး တွင်လူစုလူဝေးတတ်သောအထက်ပါနေရာများအား ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ညွန်ကြားထားခြင်းဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်မှုများရှိခဲ့သည် မဟာဗန္ဓုလပန်းကို ယာယီပိတ်ခဲ့ပြီးနောက် ယခုကျန်ရှိသည့် ပန်းခြံများအား ထပ်မံပိတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။