နိုင်ငံခြားဆိုပြီး ဂုဏ်ယူနေကြသူများနှင့် နိုင်ငံခြားရောက် ရွှေမြန်မာ‌တို့ရဲ့ လက်တွေ့ဘဝ

နိုင်ငံခြားဆိုပြီး လူတော်တော်များများက အထင်ကြီးတတ်ကြတယ်။ ငါ့သား ငါ့သမီး ငါ့ယောက်ျား ငါ့မိန်းမ ငါ့ဆွေမျိုးတွေက နိုင်ငံခြားမှာရှိတယ် သွားနိုင်တယ်ဆိုပြီး ဂုဏ်ယူတတ်ကြတယ်။

(အမှန်မှာ ဂုဏ်ယူစရာမဟုတ်ပါဘူး အထင်ကြီးစရာမဟုတ်ပါဘူးဆိုတာ။ ဒီနေရာမှာနဲနဲ ရှင်းပြပါရစေ အများအားဖြင့် အထင်အမြင် လွဲတတ်ကြလို့ တချို့မိသားစုက အိမ်သားသို့ အမျိုးတစ်ယောက်ယောက်က နိုင်ငံခြားသွားတာရှိရင် လိုက်ကြွားတတ် ငွေလည်းအရမ်း ဖြုန်းတီးတတ်လို့ မကြွားဝါဖို့ ပြောခြင်းပါ။ အထင်ကြီးစရာတော့ရှိတာပေါ့ လူမှုရေးစီးပွား ရေးပညာရေး တိုးတက်ခေတ်မှီတာတော့ အထင်ကြီးစရာပါ။ လည်ပတ်ဖို့နဲ့ ပညာတော်သင်ဖို့တော့ ကောင်းတာပေါ့။)

ဒီလိုမဟုတ်ပဲ အလုပ် လုပ်ဖို့ ဆိုရင် နိုင်ငံခြားမှာသွားဖူးသူတိုင်းတော့ ကြုံဖူးဆုံဖူး ခံစားဖူးကြမယ်ထင်ပါတယ်။ အဆိုးဆုံးက အောက်လမ်းမှာခိုးတက်လာတဲ့သူတွေပေါ့။ နိုင်ငံခြားသွားပြီဆိုကတည်းက အသက်နဲ့ပျော်ရွင်မှု လွတ်လပ်မှုကို စပြီးတော့ စွန့်လွတ်နေရပါပြီ။ လမ်းမှာအဖမ်းခံရမှာလား လမ်းခရီးမှာ အန္တာရာယ်တွေတွေ့ပြီး Tayမှာလား ထောင်ကျခံရမှာလား ဘယ်သူမှကြိုမသိနိုင်ဘူးလေ။ လမ်းခရီးတလျှောက်မှာ ငတ်တလှည့်ပြတ်တလှည့်နဲ့ တောတောင်အထပ်ထပ် လမ်းခရီးကြမ်း အသွယ်သွယ် ကြောက်ပေမယ့် ကြောက်စိတ်နဲ့ မလျှောက်ချင်လည်း လျှောက်ရတာပါပဲ။

လမ်းခရီးအောင်ပြီပဲထားဦး ဟိုရောက်ရင် နေစရာနေရာကစပြီး ခက်ခဲလာပြန်တယ်။ ပြီးရင်အလုပ် ခုခေတ်မှာ အလုပ်ကရှာရခက်သေး။ တချို့က လနဲ့ချီပြီးအလုပ်မရဘူး အလုပ်မရှိတော့ ဝင်ငွေမရှိဘူး ဝင်ငွေမရှိရင် စိတ်အညစ်ရဆုံး။ဆွေမျိုးရှိတယ်ထားဦး ဆွေမျိုးဆီမှာ ရက်ကြာကြာ နေလို့အားကိုးလို့ မဖြစ်ပြန်ဘူး။ တရက်နှစ်ရက်ဆို ကျွေးထားနိုင်ပေမယ့် ရက်တွေကြာရင် ဘယ်သူက ကျွေးချင်မှာလဲ သူတို့လည်းငွေကို အလကားရတာမဟုတ်ဘူးလေ။ ဒါတော့နားလည်ပါတယ်။

တချို့က ဆွေမျိုးမရှိရင် ပိုပြီးဒုက္ခရောက်တယ်။ ကိုယ့်ရွာကိုယ့်အိမ်မှာဆို ငွေမရှိလည်း ချေးငှါးလို့ ရပါသေးတယ် နေစရာအိမ်လည်းရှိတယ် ဟင်း မကောင်းရင်တောင် ထမင်းတော့မငတ်ဘူးပေါ့။ အခု သူများနိုင်ငံမှာဆိုရင် အစစအရာရာ ငွေပေးဝယ်ရပါတယ်။ ထမင်းတစ်လုပ်ရေတစ်မုတ်တောင် အလကား မရဘူးလေ။ အလုပ်က ရပြန်တော့ တချို့က ဆောက်လုပ်ရေး ဆေးသုတ် ဟိုတိုက်အထပ်မြင့်မြင့်တက်ရ တွေးကြည့်ရင်တောင် ကြက်သီးထပြီ ဆောက်လုပ်ရေးသမားတွေက အန္တာရာယ်ရှိဆုံးပေါ့။ အဆောက်အဦးမခိုင်ရင် ပြိုကြတာရှိတယ် သံချောင်းတွေပြုတ်ကျရင်လည်း ကိုယ့်လာထိရင် TAyနိုင်ပါတယ်။

ပြီးတော့ လုပ်ငန်း အလုပ်ရုံထဲလုပ်တယ်ဆိုပြန်တော့လည်း လွယ်ကူတာမဟုတ်ဘူး။ စက်နဲ့လုပ်ရလို့ စက်တွေ ကြားမှာလုပ်လုပ် အခန့်မသင့်ရင် ခြေပြတ် လက်ပြတ် ဒုက္ခိတဘဝရောက်နိုင်ပြီး တချို့ဆို အသက်ပါထွက်နိုင်တယ်။

နောက်တစ်ခုက အိမ်ဖော် အိမ်ဖော်ဆိုကတည်းက အစစအရာရာ တခြားအလုပ်ထက်နိမ့်ကျတာပေါ့။ အိမ်ဖော်လုပ်သူတွေက ကိုယ့်ဘဝဂုဏ်သိက္ခာတွေ ချိုးနိမ်ခံထားရတဲ့ဘဝပါ။ သူများခိုင်းသမျှ လုပ်ရတယ် သူများဆဲဆူအော်ငေါက်လည်း ပြုံးနေရတယ်။ မှန်တိုင်းလည်း ပြန်ပြောခွင့်မရှိဘူး။ အစားအသောက် ကိုယ်စိတ်ကြိုက်စားလို့မရပြန်ဘူး။ (မှတ်ချက်၊ တချို့အိမ်သူဌေးတွေက သဘောကောင်းရင် မိသားစုအတိုင်း ဆက်ဆံပေးပြီး ဝဝလင်လင်စားရတာလည်းရှိပါတယ် နည်းငယ်လောက်ပေါ့) တချိုလည်းကံမကောင်းရင် ဝဝလင်လင်မစားရဘူး မကြိုက်တဲ့ဆန်ပြုတ်ပဲ စားရတာလည်းရှိပါတယ်။ တချို့စိတ်ပုတ်သူဌေးတွေဆို ပုတ်သိုး ဒိတ်ကုန်သူတို့စားလို့မရတော့မှ ကျွေးတာလည်းရှိတယ်။ တချို့က သူတို့ခြံကမွေးထားတဲ့ ခွေးလောက်တောင်တန်ဖိုးမရှိဘူးလားလို့တောင် ထင်ရပါတယ်။

တချို့နာဗူးကျတဲ့ အကျင့်ပျက်တဲ့ သူဌေးကလည်းရှိသေး အဲ့လိုသူဌေးတွေ့ရင် မိန်းကလေးတွေဘဝ မလုံခြုံတော့ဘူးပေါ့။ ရှိပါသေးတယ် တချို့မြန်မာပြည်သားအချင်းချင်း တောင်ဂုတ်သွေးစုတ်ကြပါတယ်။ သူဌေးကိုဖားပြီး လက်အောက်ငယ်သားတွေနှိမ် အချင်းချင်းစွပ်စွဲအပုတ်ချနဲ့ ဘာမှမတတ်ရင် ခံရဖို့သာပြင်ထားဖို့ပါပဲ။ ဒါတွေက အနည်းငယ် အကျဉ်းလောက်ပဲပြောပြလိုက်တာပါ။ လက်တွေ့ဘဝ ဒီထက်ဆိုးတဲ့လူတွေတပုံကြီး။ ပတ်စပို့အထောက်ထားရှိပြန်တော့လည်း မကြာ မကြာသက်တမ်းတိုးပေးရ ပြောင်းပေးရတယ် ဒီကြားထဲ အခန်းခ စားစရိတ်တွေနဲ့ လုံးလည်လိုက်နေပါတယ်။ ဒါကို တချို့မိသားစုတွေက နားမလည်ဘူး တစ်လကို ဘယ်လောက်ရတယ်။ ဘယ်လောက်စုခဲ့ဆိုပြီးပြော လတိုင်းမပို့နိုင်ရင်လည်း မပို့ရကောင်းလားဆိုပြီးအပြစ်တွေပြောတယ်။

တချို့လည်း လင်ကအဝေးမှာ အလုပ်လုပ် မိန်းမကနောက်ခြံခုန် တချို့ကမိန်းမ အလုပ်သွားလုပ်ပြီး လင်လုပ်သူက သောက်သောက် စားစား နောက်မယားငယ်ပါထားကြတယ်။ စဉ်းစားကြည့်ပါ တချို့လူတွေက သူသိပ်အဆင်ပြေနေတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုချွေတာ စားချင်တိုင်းမစားရက် တစ်ခါတစ်ခါ ထမင်းနပ်မမှန်ပါဘူး။ ဟင်းကောင်းဆိုမပြောနဲ့ပေါ့ သူမိသားစုစားရ ဝတ်ရဖို့ အဆင်ပြေဖို့အရေး သူတို့တွေက အနစ်နာတွေ အဆင်းရဲတွေ ဒုက္ခတွေ သောကတွေ ရင်မှာ တစ်ယောက်ထဲ ပိုက်ပြီးတော့ အချိန်တွေဖြတ်သန်းနေရတယ်။ နင်တို့အိပ်ပျော်နေချိန် သူတို့ကအလုပ် လုပ်နေရတယ်။

နင်တို့သူငယ်ချင်းတွေမိသားစုတွေ လွတ်လွတ်လပ်လပ်ပျော်နေချိန် သူတို့ကအဆူအငေါက်ခံရပြီး ငိုရတဲ့အချိန်တွေရှိနေပါတယ်။ ဒါကိုမြန်မာပြည်မှာ ကျန်ရှိတဲ့မိသားစုတချို့တွေ သိစေချင်မြင်စေချင်ပါတယ်။ သိပြီးလည်း ကိုယ်ချင်းစာပေးစေချင်ပါတယ်။ သူတို့စေတနာကို အသိမှတ်မပြုချင်နေပါ။ မစော်ကားပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတွေ သူတို့ခွန်အားတွေ မဖြစ်ရင်နေပါစေ အဆိပ်တော့မဖြစ်စေနဲ့ပေါ့။ စာရှည်နေပြီဖြစ်လို့ ဒီလောက်ပဲအဆုံးသတ်ပါရစေ။ တိုင်းတစ်ပါးရောက်တဲ့ လူတွေရဲ့အကြောင်းတွေ တစ်ချက်ချင်းရေးရင် တညလုံးရေးလည်း ကုန်မှာမဟုတ်ဘူး။ အကျဉ်းလောက်ပဲပြောပြရပါတယ်။ အားလုံးကျမ်းမာချမ်းသာပြီး စီးပွားလာလ်လာဘ တိုးပွားကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page