ငွေဆောင်မြို့အနီး ပင်လယ်ပြင်အတွင်းမှ ထူးဆန်းတဲ့ ပေါက်ကွဲသံကြီး (၃) ချက် ကြားရဟုဆို

ငွေဆောင်မြို့အနီးရှိ ပင်လယ်ပြင်အတွင်းမှ ထူးဆန်းသည့် ပေါက်ကွဲသံသုံးချက် ကြားရ ကြောင်း ငွေဆောင်မြို့နှင့် ဖုန်းမောင်ကြိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံများက ပြောပါတယ်။

အဆိုပါ ပေါက်ကွဲသံများကို ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၂ နာရီခ့်တွင် တစ်ကြိမ်၊ ည ၉ နာရီခန့်တွင် တစ်ကြိမ်နှင့် ဖေဖော်ဝါရီ ၃ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်ကြားခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။

“နေ့ခင်းဘက် ဝုန်းခနဲမြည် တဲ့အသံက ရွာက အိမ်တွေတောင် တုန်သွားတယ်။ အသံလာတာက ပင်လယ်ထဲကဆိုပေမယ့် ရွာနဲ့ နီးနီးနားနားမှာ ကြားရတာ။ ဒီနေ့ မနက်ပိုင်းကတော့ သိပ်အသံ မကျယ်ဘူး”ဟု ဖုန်းမောင်ကြိုင် ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်း က ပြောပါတယ်။

ယခင်က ငွေဆောင်ကမ်း ခြေတွင် အပန်းဖြေ လာရောက်သူ များက မီးရှူးမီးပန်းများ ဖောက်ခဲ့သော်လည်း ယခုအခါ ကမ်းခြေ ပိတ်ထားသဖြင့် ဧည့်သည်မရှိ ကြောင်း ငွေဆောင်မြို့ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင် မြင့်က ပြောပါတယ်။

ထို့အပြင် ကြားခဲ့ရသည့် အသံသည် မီးရှူးမီးပန်းဖောက် သည့်အသံနှင့်မတူဘဲ ထူးဆန်း သည့် အသံဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

အဆိုပါ အခြေအနေအား ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါပေါက်ကွဲသံများ အား ၎င်းအနေဖြင့် မကြားမိသကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့သည်ကိုလည်းမသိရှိကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးဆေးမှုရှိပြီး ထူးထူးခြားခြား ဖြစ်စဉ်မျိုးမရှိကြောင်း၊ အဆိုပါအခြေအနေအား ဆက်လက်စုံစမ်းမည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page