မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ လူ (၅) ဦးသေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ လူ (၅) ဦးသေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ ၃၅လမ်း၊ ၈၆လမ်းနှင့်၈၇လမ်းကြားရှိ အလှပြုပြင်ရေးဆိုင်ခန်းမှာ အောက်တိုဘာလ ၁၃ရက်နေ့ည သန်းခေါင်ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ၅ဦး မီးလောင်သေဆုံးခဲ့တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုသစ္စာကပြောပါတယ်။

အလှပြုပြင်ရေးဆိုင်ခန်းအောက်ထပ်က လျှပ်စစ်မိန်းခုံအပူလွန်ကဲပြီး ဆိုဖာဆက်တီပေါ်ကို မီးပွားကျရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ မီးလောင်မှုကြောင့် နှစ်ထပ်အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီးအမျိုးသမီး ၄ဦးနဲ့ ကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

အဲဒီမီးလောင်မှုကို မီးသတ်ယာဉ် ၁၀စီး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ ရေသယ်ယာဉ် ၅စီး၊ သံန္ဓေ ၃၆ဦး၊ အရံ ၆၆ဦးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page