မားကတ်တင်းသမားတွေထက် စျေးကွက်ပိုမြင်တဲ့ ကုန်စိမ်းသည်များ (ကိုဗစ်အလွန် စီးပွားရေးတခု)

မားကတ်တင်းသမားတွေထက် စျေးကွက်ပိုမြင်တဲ့ ကုန်စိမ်းသည်များ (ကိုဗစ်အလွန် စီးပွားရေးတခု)

ငဗစ်အလွန် ခေတ်စားလာတဲ့ ရွှေ့ပြောင်းဈေး အလေ့အထ တစ်ခုပေါ့ ။

ဝယ်သူတွေ ကိုယ့်ဆီမလာနိုင်မှတော့ ကိုယ်က ဝယ်သူတွေ အိမ်တံခါးဝအထိ သွားရောင်းတဲ့ ဗျူဟာပေါ့။ ဒီဈေးသည်လေးဆိုပြီး အထင်တော့ သွားမသေးနဲ့ သူ့ Loyal customer (ပုံမှန်ဖောက်သည်) သူရှိတယ် ရပ်ကွက်ထဲ တခြားကနေလာပြီး ကားတွေနဲ့ အသီးအရွက် သားငါးလာရောင်းတဲ့ သူတွေရှိတယ် ဒါပေမဲ့ ရပ်ကွက်ထဲက အာဂျီးမားတွေက သူတို့လောက်အားမပေးဘူး။ သူတို့ကျရင် ရေလည်အားပေးတာ။

အဓိက ကတော့ အာဂျီးမားတွေ ကြိုက်တဲ့ taste ကို သူတို့က ပေးနိုင်တယ် ဘာလဲဆိုတော့ ဈေးစစ်တာကို သည်းခံပြီး အစစ်အပိုလေးတွေ ထည့်ထည့်ပေးတာ တခါတလေ ငါးဝယ်ရင် ငရုတ်သီးအတိုအစလေးတွေ နံနံပင်လေးတွေပေးတာမျိုး။ ပြီးတော့ မားကတ်တင်း စကားကြီးကြီးကျယ်ကျယ်ပြောရရင် customer behavior (ဖောက်သည်ရဲ့ အမူအကျင့်) ကို ကောင်းကောင်းနားလည်တယ် ဒီနေ့ ကြက်သားဝယ်ထားရင် နောက်နေ့ အာလူးတို့ ဘူးသီးတို့ကို အဲ့ဒီအိမ်ရှေ့ High light ထားပြီးအော်တာမျိုး။

တခါတလေ သူတို့ကတောင် ဘာချက်ရမလဲ စဉ်းစားရခက်နေတဲ့ အာဂျီးမားတွေအတွက် ဟင်း အစပ်အဟပ်ကိုတောင် အကြံပေးသေးတယ်။

အားနေတုန်း မနက်မနက် အိမ်ရှေ့ ကုန်စိမ်းမိုဘိုင်း ဈေးကွက်ကို analysis လုပ်နေတာ ငဗစ်ပါးရင် ကုန်စိမ်းတိုက်စားမလားလို့

Phyo Phyo Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page