နေပြည်တော်မှ ပိုးတွေ့လူနာတဦး Negative (၂) ကြိမ်ပြပြီးနောက် ရုတ်တရက် သေဆုံးမှုဖြစ်ပွား

နေပြည်တော်မှ ပိုးတွေ့လူနာတဦး Negative (၂) ကြိမ်ပြပြီးနောက် ရုတ်တရက် သေဆုံးမှုဖြစ်ပွား

သာဝတ္ထိဘူတာကွက်သစ်(စက်ရုံစု)ရပ်ကွက်မှာ အိမ်ထောင်ကျပီး မီးရထားဝန်ထမ်း(ပျဉ်းမနား)ဖြစ်ပီး ဌာနသင်တန်းတက်ရောက်စဉ် သင်တန်းသားတစ်ဦး positive တွေ့ရှိသဖြင့် စည်ပင်ဧည့်ရိပ်သာတွင် Q ဝင်ခံထားရသူဖြစ်ပါသည်။

နှစ်ကြိမ်စစ် (N) ဖြစ်၍ ရက်စေ့၍ ပြန်လာသူဖြစ်ပြီး ပြန်လာပြီး ငါးရက်မြောက်နေ့တွင် ဘော့လုံးကွင်းအတွင်း ခြင်းခတ်ပြီး ပြန်လာစဉ် ရုတ်တရက် သေဆုံးသွားခြင်းဖြစ်၍ Body အား ဆေးရုံပို့ခြင်း တို့ဖတ်ယူခြင်းတို့ ပြုလုပ်ကာ ယနေ့မှ (+)(positive) ဖြစ်နေကြောင်း သိရပါသည်။

သိသိချင်း ကိုဗစ်ကာကွယ်တားဆီးရေးရေးကော်မတီအစည်းအဝေးချက်ချင်းခေါ်ယူကာ –

(၁) သေဆုံးသည့်နေ့တွင်ကိုင်တွယ်ထိတွေ့သူများစာရင်းယူ ခေါ်ယူတွေ့ဆုံမေးမြန်းပီးQဝင်နိုင်ရန်ပြင်ဆင်ခြင်း၊

(၂)သေဆုံးသူနှင့်အတူခြင်းခတ်သူများ ဖုန်းကြည့်သူများ အားစာရင်းယူစစ်ဆေးမေးမြန်း၍Qဝင်နိုင်ရန်ပြင်ဆင်ခြင်း

(၃)သေဆုံးသူမိသားစုများQဝင်ရန်နှင့်သေဆုံးသူအိမ်/စျေးဆိုင်တို့အား လော့ဒေါင်း ချခြင်း

(၄)second conectများအား stay at home အမိန့်ထုတ်ပြန်ခြင်း တို့ပြုလုပ်ထားပါသည်

စစ်ဆေးတွေ့ရှိချက်အရ- (က)သေဆုံးသူသည် Q ဝင်ပြီးအိမ်ပြန်ရောက်လျှင်(၇)ရက် အပြင်မထွက်ရန် ညွှန်ကြားထားသော်လည်း ငါးရက်မြောက်(သေဆုံးမည့်နေ့)မှသာ အပြင်ထွက် ခြင်းခတ်ခြင်း၊ စျေးရောင်းခြင်း တို့ပြုလုပ်သည်ဟု သိရပါသည်။ လဖက်ရည်ဆိုင်လဲ မထိုင်ဟုပြောပါသည်(ဟုတ်/မဟုတ် သိသလောက်ပြောပေးကြပါ)

(ခ) သေဆုံးမည့်နေ့မနက် သူ့အိမ်နားကပ်လျှက်ရှိ နာရေးဆွမ်းသွပ်သို့ သွားထားသည်ဟု သိရပါသည် (စိုးရိမ်ရပါသည်) ဆွမ်းသွပ်သို့သွားထားသူများမိမိအသိနှင့် အိမ်မှာဘဲနေပေးကြပါ

(ဂ) သေဆုံးသည့်အချိန်တွင် သူ့ရဲ့ဇနီးမှသတိမေ့သည် အထင်နှင့်ပါးစပ်ဖြင့်လေမှုတ်သွင်းခြင်း တို့ပြုလုပ်ထားခြင်း၊ စခန်းထောက်ကျောင်းသို့ သက်ပျောက်ဆွမ်းသွားကပ်ခြင်းတို့ ပြုလုပ်ထားသည်ဟု သိထားရပါသည် (ဘုန်းကြီးကျောင်းလဲ stay at home လုပ်ထားပါသည်)

(ဃ)စျေးရောင်းနေသူဖြစ်ခြင်း၊ စျေးနားနေထိုင်သူဖြစ်ခြင်းတို့ကြောင့် သေဆုံးသည့်နေ့ကတည်းက စျေးပိတ်ထားပါသော်လည်း စည်ပင်ဌာနမှစျေးပြန်ဖွင့်ခိုင်းနေ၍သက်ဆိုင်ရာဌာနများနှင်အုပ်ချုပ်ရေးအဖွဲ့တို့ပေါင်းစပ်ညှိုနှိုင်းတိုင်ပင်ကာ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေပါသည် ။

ယခုလက်ရှိ အခြေအနေမှန်ကို တင်ပြပေးခြင်းဖြင့် မိမိတို့ဘယ်လို နေထိုင်ကြရမည်ကို ဆင်ခြင်နေထိုင်တတ်ရန်အတွက် (အိမ်မှာ နှစ်ပတ်နေထိုင်ခြင်းဖြင့် ကာကွယ်ကြရအောင်ပါ)(အပြင်ထွက်လျှင် Mask တပ်ပါ လက်ဆေးပါ လူစုလူဝေးရှောင်ပါ ခပ်ကွာကွာနေပါ ) (အားလုံးညီမှရမှာပါ) သာဝတ္ထိကို သင်တို့ကိုယ်တိုင် ကယ်တင်ပါ။

ကိုသက်ခိုင်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page