နေပြည်တော်၌ ကွယ်လွန်သူအငြိမ်းစားထံတွင် ကိုဗစ်တွေ့၊ ထိစပ်သူအားလုံး Q ဝင်ရ

နေပြည်တော်၌ ကွယ်လွန်သူအငြိမ်းစားထံတွင် ကိုဗစ်တွေ့၊ ထိစပ်သူအားလုံး Q ဝင်ရ

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် အသက် ၆၀ ကျော် အငြိမ်းစားဝန်ထမ်း တစ်ဦးသေဆုံး၍ ဆေးရုံသို့ပို့ဆောင်စဉ် ကုသမှုမခံယူရသေးခင် သေဆုံးခဲ့သောကြောင့် Swab Test ရယူစစ်ဆေးခဲ့ရာ ကိုဗစ် ရောဂါပိုးတွေ့ ရှိခဲ့ရသည့်အတွက် သေဆုံးသူ၏ မိသားစုဝင်များနှင့် ဆက်စပ်သူများအားလုံးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် Q ထားရှိကာ စောင့်ကြည့်နေကြောင်း သိရပါတယ်။

“သူက အခြေအနေတအားဆိုးမှ ဆေးရုံရောက်လာတယ်။ လမ်းမှာပဲဆုံးသွားတယ်။ ဆေးရုံကို မတက်လိုက်ရဘူး။ ကျွန်တော်တို့ ကြိုပြီးသတင်းရတဲ့အတွက် သူ့ကို သီးသန့်အခန်းမှာထားလိုက်တယ်။ ကုတင် တစ် ထောင်မှ ာဘာလုပ်ထားလဲဆိုတော့ ရိုးရိုးသာမန်လူနာတွေပြဖို့နဲ့ ဒီလို ကိုဗစ်သံသယလူနာပြဖို့ အချိန်ရှိ တယ်။ အဲဒီအချိန်တွေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က PPE တွေဝတ်ထားတယ်။ သံသယရှိလို့ Swab ယူတဲ့အခါမှာ Positive ဖြစ်တယ်။ Positive ဖြစ်တော့ သူနဲ့ထိစပ်တဲ့ သူ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်း တွေအားလုံး Q လုပ်တယ်။ သူ့ကို စစ်ဆေးမှုတို့ကို ကုတင် ၁၀၀၀ ကပဲဆောင်ရွက် တာဖြစ်ပါ တယ်”ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ပြောပါတယ်။

ယင်းမှာ စက်တင်ဘာလ ၁၉ ရက်က ဖြစ်ခဲ့ပြီး သေဆုံးသောပိုးတွေ့သူနှင့် ဆက်စပ်သူများ၊မိသားစုဝင်များ စုစုပေါင်း ၁၀ ဦးခန့်ကို Q ထားရှိ စောင့်ကြပ်ကြည့်ရှုနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

နေပြည်တော်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီထိ ဇမ္ဗူသီရိမြို့နယ်က ၄၂ ဦး၊ ဒက္ခိဏသီရိမြို့နယ်က ၈ ဦး၊ ဥတ္တရသီရိမြို့နယ်က ၇ ဦး၊ ပုပ္ဗသီရိမြို့နယ်က ၄ ဦး၊ ဇေယျာသီရိမြို့နယ်က ၁ ဦး၊ ပျဉ်းမနားမြို့နယ်က ၄ ဦး၊ လယ်ဝေးမြို့နယ်က ၁ ဦး၊တပ်ကုန်းမြို့နယ်က ၁ ဦး စုစုပေါင်း ပိုးကူးစက်ခံထားရသူ ၆၈ ဦးရှိကြောင်းသိရပါတယ်။

ယခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တပ်မတော်တည်းခိုရိပ်သာ၊ ဟိုတယ်များ၊ စည်ပင် ဧည့်ရိပ်သာ၊ ဆေးရုံအချို့နှင့် လုံခြုံရေးရဲတပ်ဖွဲ့များတွင် အသွားအလာကန့်သတ် စောင့်ကြည့်သူ ဦးရေ ၁၀၆၀ ထိထားရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page