နေပြည်တော် စားသောက်ဆိုင်တွေ ဒီဇင်ဘာလဆန်းမှာ ပြန်ဖွင့်ခွင့် ပြုတော့မယ်

နေပြည်တော် စားသောက်ဆိုင်တွေ ဒီဇင်ဘာလဆန်းမှာ ပြန်ဖွင့်ခွင့် ပြုတော့မယ်

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကောင်စီနယ်မြေမှာ လာမယ့်ဒီဇင်ဘာလဆန်းမှာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ဆိုင်တွေ ပြန်ဖွင့်လှစ်ခွင့်ပြုဖို့ ဒီကနေ့က စတင်ပြီး နေပြည်တော်က ပျဉ်းမနား၊ လယ်ဝေး၊ တ ပ်ကုန်းနဲ့ သီရိငါးမြို့နယ်က စားသောက်ဆိုင်တွေ ကိုဗစ်စည်းကမ်းနဲ့ ညီ၊ မညီစစ်ဆေးမှုတွေ စတင်တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ဆေးရာမှာ ဆိုင်ဝန်ထမ်းတွေက နှာခေါင်းစည်းအပါအဝင် တစ်ကိုယ်ရည်သုံးအကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ဖို့၊ ကိုယ်အပူချိန်တိုင်းဖို့၊ ပလက်စတစ်အကာတွေထ ားရှိဖို့၊ စားပွဲဝိုင်းတွေ ခြောက်ပေအကွာရှိဖို့စတဲ့ အချက်တွေနဲ့ ပြည်စုံရင် အေ အဆင့်သတ်မှတ်ပြီး ဖွင့်ခွင့်ပေးမှာပါ။

ကိုဗစ် ပထမလှိုင်း ကာလအပြီး နေပြည်တော်မှာ စားသောက်ဆိုင်ပေါင်း ၈၀၀ ကျော်ကို အေ အဆင့်သတ်မှတ်ပြီး ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

ကိုဗစ် ဒုတိယလှိုင်း ဖြစ်လာတဲ့အတွက် စက်တင်ဘာလလယ်ခန့်ကစပြီး ဆိုင်ထိုင်စားသောက် ခွင့် မပြုတော့ပဲ ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုတော့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page