လိုင်စင်သက်တမ်းတိုး ကုန်ကျငွေနဲ့ ပတ်သက်ပြီး ရဲအုပ် နေမျိုးသူရ ပြောပြီ
ရရမရရ ပြောကြည့်မယ်
လိုင်စင်တွေသက်တမ်းတိုးခွင့်ရတဲ့အခါ ကုန်ကျမည့်ငွေဟာ သတ်မှတ်ငွေထက် တစ်ဝက်လျော့ပေးပါလို့ ရရမရရ ပြောကြည့်ချင်တယ်။
ဘာဖြစ်လို့လဲ အတော်များများအဆင်မပြေကြလို့လေ ကုန်စည်ပို့ဆောင်တဲ့ ကားဆရာတွေဆိုရင် သတ်မှတ်ရက်ပြည့်တိုင်း ကိုဗစ် တစ်ခါစစ် တစ်ခါစစ်တိုင်းငွေကုန်ရတာ သာမန်အချိန်ထက် အပိုငွေကုန်ကြရပြီလေ။
ကုန်ကားဆရာအချို့နားနေရပြီ တက္ကစီ ကားမောင်းတဲ့ညီအကိုတွေ ခရီးသည်တင်ကားမောင်းတဲ့အကိုတွေ နားနေရတယ်လေ။ အလုပ်အကိုင်အဆင်မပြေ ရှိတာလေးနဲ့စားနေရတဲ့အချိန် မဖြစ်မနေ လိုင်စင်တွေသက်တမ်းတိုးရတော့မယ်ဆိုတော့ မတိုးလို့လဲမရ တိုးပြန်ရင်လည်း ငွေမလောက် အဲ့လိုဖြစ်နေကြမှာအများသားမို့ ဘယ်လိုပဲဆိုဆို စာနာထောက်ထား မေတ္တာပွားလို့ ကုန်ကြမည့်ငွေပမာန တဝက်လျော့ချပေးမယ်ဆိုရင်ဖြင့် အတော်ကိုကောင်းလိုက်မှာ။
ဘာပဲဖြစ်ဖြစ် ခုအခြေအနေမှာတော့ တစ်ရာဆိုလဲ ချဉ်ပေါင်နှစ်စည်း နှစ်ရာဆိုလဲ ကန်စွန်းရွက်သုံးစည်းမို့ လိုင်စင်တွေသက်တမ်းတိုးခွင့်ရတဲ့အခါ ကုန်ကျမည့်ငွေဟာ သတ်မှတ်ငွေထက် တစ်ဝက်လျော့ပေးပါလို့ ရရမရရ ပြောကြည့်ချင်တယ်ဗျာ။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ