၁၀ တန်း တနှစ်ထဲ ဘော်ဒါ ကောင်းကောင်းထားပြီး စာတွေ ကျုံးလုပ်ခိုင်းလို့ မရတော့တဲ့ စနစ်သစ်ပညာရေး

ကဲ လာပါပြီ ၁၀ တန်း တစ်နှစ်ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့ ပညာရေး… Grade 10, 11, 12 သုံးနှစ်လုံးမှာ Grade A ရမှ ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို ရွေးချယ်လို့ရမှာဖြစ်ပြီး Grade B,C ရတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

စနစ်သစ်ပညာရေးအကြောင်း ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade 11 (ဧကဒသမတန်း) ကျောင်းတွင်းစစ်စာမေးပွဲ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။ ထိုလက်မှတ်ဖြင့် ကောလိပ်များ၊ Instituteများ (ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ သို့သော် ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။

ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊ Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။ မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ်တစ်ခုကိုတော့ ကို G10 တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။ ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင် English၊ Physics၊ Chemistry၊ Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင် English၊ Math၊ Physics၊ Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။

ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။ ၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။ General Science ၊ Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ၁၂တန်းမှာ Grade လည်း ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12) သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။ Grade ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့် ရမှာမဟုတ်ပါဘူး ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page