ကိုဗစ်ကို အနိုင်ယူဖို့ နောင်ရိုးတိုက်ပွဲဗျူဟာကို သုံးမယ့် ရန်ကုန်တပ်မှူးတွေနဲ့ ခရီးကြမ်းဖြတ်ရမယ့် (၁၄) ရက်

“ဒီအခြေအနေကို ကျွန်ုပ်တို့ဖန်တီးခဲ့ကြသည်မဟုတ်။ မတတ်သာပြီ။ နောင်ရိုးတိုက်ပွဲထုံး နှလုံးမူကြပါစို့”

ပါမေက္ခဒေါက်တာမာမာကြည်…

ရန်ကုန်တပ်မှူးဆရာဇော်ဝေစိုးရဲ့ ၂၃ ရက်ည (ဒီည ၇ နာရီ၀န်းကျင်) မိန့်ခွန်းထဲမှာ ရန်ကုန်ပိုးတွေ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ အခုလိုသုံးသပ်ပြသွားပါတယ်။

ပိုးတွေ့လူနာနဲ့ပတ်သက်လို့ ၂၀ ရက်နေ့တုန်းက ၅၂၃ ဦး ၂၁ ရက်နေ့မှာ ၄၄၇ ဦး ၂၂ မှာကျတော့ ၃၉၃ ဒီနေ့ ၂၃ ကျတော့ ၃၀၀ ဦးဆိုတော့ ရန်ကုန်အနေနဲ့ပြောရရင် ကျလာသလားလို့ထင်ရတယ်ပေါ့ စစ်နိုင်တဲ့နှုန်း စစ်နေတဲ့အပေါ်မှ ာမူတည်တယ်လို့ပြောသွားတယ် ပေါ့စတစ်တွေကို စီမံခန့်ခွဲရသူတွေ အနေနဲ့ နိုင်နိုင်နင်းနင်း လုပ်နိုင်လာတဲ့ အနေအထားတခုကို ရောက်လာတယ်လို့ ပြောသွားတယ် နိုင်နင်းစပြုလာပြီ လို့ပြောသွားတယ်။

သူပြောနေတဲ့ပုံစံကို သုံးသပ်ကြည့်ရင် သူက ကူးစက်မူ့အကျမှာ တွန်းတိုက်မဲ့သဘော ရှိပါတယ် အဆင်းကိုဘီးတပ်ပေမဲ့ ဗျူဟာမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ဒုတိယလှိုင်းကို ဆရာ၀န်အချို့က နောင်ရိုးတိုက်ပွဲလို့ ယူဆထားတယ် အင်းစိန်ဆေးရုံအုပ် ဒေါက်တာမာမာကြည် က ဒီအခြေအနေကို “ကျွန်ုပ်တို့ ဖန်တီးခဲ့ကြသည်မဟုတ်။ မတတ်သာပြီ။ နောင်ရိုးတိုက်ပွဲထုံး နှလုံးမူကြပါစို့” လို့ရေးထားတယ်။

သူတို့မလဲသရွေ့ ရန်ကုန် မကျစေရဖူးဆိုတဲ့ ခံယူချက်မျိုးကို ဆရာ၀န် သူနာပြုနဲ့ ကျန်းမာရေး၀န်ထမ်းတွေမှာ ခံယူထားတယ်။ ဒီလိုစိတ်ကြောင့်သာ ဒီအခြေထိ တောင့်ခံနိုင်တာလို ထင်ပါတယ်။ ကျွန်တော်အထင်တော့ ဆရာဇော်ဝေစိုးရဲ့ မိန့်ခွန်းအရ ဒီရက်ပိုင်းသူတို့အားကုန်ထုတ်တိုက်မယ်လို့ ဆုံးဖြတ် ထားတဲ့သဘောရှိတယ်။

အဲဒီအတွက် တင်းကျပ်မူ့တွေ ထပ်လုပ်လာနိုင်ပါတယ်။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းက ကူးစက်ပုံမတူပါဘူး။ ပထမလှိုင်းက ပြည်ပကပြန်လာသူတွေက ကူးစက်တာဖြစ်လို့ ထိန်းချုပ်ဖို့လွယ်ပါတယ်။ အဲဒီ အတွက် လော့ဒေါင်းချဖို့ မလိုဘူးလို့ ကျွန်တော်တို့ကယူဆခဲ့တယ်။ ဒုတိယလှိုင်းကတော့ ပြည်တွင်းနေ ကူးစက်မူ။ ဒါက ပြန်နှံမူ့များပါတယ်။

အဲဒီအတွက် လော့ဒေါင်း လုပ်သင့်ရင် လုပ်ရမှာ ဖြစ်ပါတယ်။ စောစောလုပ်လေ အကျိုးပိုရှိလေပေါ့။ ရွှေလီမှာ ၂ ယောက်ပိုးတွေ့တယ်။ တပတ်လော့ဒေါင်းချတယ်။ အခု မူလအခြေအနေ ပြန်ရောက်သွားတယ်။ အခုလဲ ကိုဗစ်ကို ဦးဆောင်တိုက်နေတဲ့ ဆရာ၀န်ပညာရှင်တွေက ထိန်းချုပ်ရေးဗျူဟာကို တင်းတင်းကျပ်လုပ်လာမဲ့သဘောရှိပါတယ်။

သူတို့က အတိမ်အနက်ကို ကောင်းကောင်း သိနိုင်သူတွေပါ။ လက်ရှိမှာလဲ ဆရာ၀န်တွေ ဆုံးဖြတ်ချက်ချသူ နေရာမှာဖြစ်နေပါတယ်။ ဆရာ၀န်က ဒီလမ်းကိုပိတ်ပေးလို့ပြောရင် ၀န်ကြီးချုပ်က ပိတ်ဖို့လုပ်မဲ့သဘောပေါ့။ အသက် ၄၀ ကျော်မှာ ပညာရှင်ရဲ့ဦးဆောင်မူ့ကို အုပ်ချုပ်ရေးပိုင်းက ခံယူတာမြင်ရလို့လဲ ကျေနပ်မိပါတယ်။

အဲတော့ မကြာခင် ဒီကိုဗစ်စစ်ပွဲကို အနိုင်တိုက်ဖို့ တပ်မှူးတွေဟာ ရန်ကုန်ကို စည်းကမ်းချက်တွေ ထပ်တင်း ကျပ်ကျပ်လုပ်လာနိုင်ပါတယ်။

ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးရင် မကြာခင် အနိုင်ရလာ နိုင်ပါသည်။ တကယ်တော့ ချစ်ခြင်းမေတ္တာကသာ ပြောင်းလဲမူ့တွေ ဆောင်ရွက်ပေးတာပါ….

Aung Thu Ra

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page