ခံတွင်းပျက်ပြီး နလန်ထကာစ လူနာကို ကြက်စွပ်ပြုတ် မကျွေးပဲ ကြက်ပင်စိမ်း လုပ်ကျွေးကြည့်ပါ

ခံတွင်းပျက်ပြီး နလန်ထကာစ လူနာကို ကြက်စွပ်ပြုတ်လိုမျိုး မကျွေးပဲ ကြက်ပင်စိမ်းလိုမျိုး လုပ်ကျွေးကြည့်ပါ။

ကယ်လိုရီ – ၂၅၀

ပါဝင်ပစ္စည်းများ
ကြက်စဉ်းကော 120g (၇ ကျပ်ခွဲသား)
ဆီ လက်ဖက်ဇွန်း – ၂ ဇွန်း
ကြက်သွန်ဖြူ ၃ မွှာ
ဂျင်းအနည်းငယ်
ပဲငံပြာရည်အကျဲ 10ml
ဆား
ငရုတ်ကောင်းမှုန့်
ပင်စိမ်း ၃ ခက်
ငရုတ်အတောင့်အနည်းငယ် (optional)

၁။ ဒယ်အိုးအပူပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာရင် ကြက်သွန်ဖြူ တစ်ပြားရိုက် ဂျင်းအမျှင်အချောင်းလေးတွေထည့်ပါ ။

၃။ ဂျင်၊ ကြက်သွန်ဖြူအနံ့မွှေးလာတာနဲ့ ကြက်သားစဉ်းကောထည့်ပြီး မြန်မြန်မွှေပေးပါ။ ( လုံးသွားတတ်လို့ပါ )

၄။ ပဲငံပြာရည်အကျဲ၊ ဆား ထည့်ပါ။

၅။ ရေအနည်းငယ်ထည့်ပြီး ကြက်သားအနှံ့ကျက်အောင် အဖုံးအုပ်ပါ။

၆။ ရေခန်းခါနီးမှာ အဖုံးဖွင့်ပြီး ပင်စိမ်းညှပ်ထားပြီး ငရုတ်သီးအတောင့် ဓါးပြားရိုက်နှင့် ငရုတ်ကောင်းဖြူးကာ မီးဖိုမှ ချပြီး ထမင်းဖြူနဲ့ စားသုံးလို့ ရပါပြီ။

ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page