နာရီပိုင်းအတွင်း အင်အား(ခွန်အား) အမြန်ပြည့်စေတဲ့ အစားစာများ
အောက်ပါအစားအစာများကို စားသုံးခြင်းဖြင့် နာရီပိုင်းအတွင်း အင်အား(ခွန်အား)ကို အမြန်ပြည့်စေပါတယ်။
၁။ ဒိန်ချဉ် ထန်းလျက်/ပျားရည် တဖန်ခွက် သေးသေးလေးပေါ့ ၊ ရေခဲမပါရဘူးနော်။
၂။ မုန်လာဥနီကို နွားနို့ သကြားနည်းနည်း ဆားနည်းနည်းနဲ့ ဖျော်သောက်ပါ ၊ ရေခဲမပါရဘူးနော်။
၃။ ကြက်ဥအကာကျက် ၃ လုံးကို အနှစ်ဖယ် ပျားရည်နည်းနည်း သံပုရာတစိတ်ညှစ်ထည့် ဆားနဲနဲထည့် ခလောက်သောက်ပါ။
၄။ ငါးရှဉ့်ချဉ်စပ်၊ ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့်မဆလာ။
၅။ ရုံးပတီသီးကြော်/ကင်/ပြုတ်။
၆။ ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နည်းနည်း၊ ပျားရည်နည်းနည်းနဲ့ ကြော်စားပါ။
၇။ ကြက်ဥနှင့် ဂတ်စ်ပါသော အချိုရည်တမျိုးကို အမြှုပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။ မွှေပြီးပြီးချင်း အမြှုပ်မငြိမ်ခင် အမြန်သောက်ပါ။
၈။ ကြက်ဥကို သံပုရာသီးတစိတ်နှင့် အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ။
၉။ အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊ ဂလူးကို့စ်ရည်၊ ပဲပိစပ်နို့ရည်(ပဲနို့ပေါ့နော်) သောက်လို့ရပါတယ်။
၁၀။ အသားနီသား ငါးကျပ်သားခန့်အတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲနဲ့သုပ်ပြီး တဝက်ကျက်အနေအထားထိသာ ကင်၍စားပါ။
၁၁။ ပုစွန်ရေနွေးဖျော၊ ခရမ်းချဉ်သီး၊ သံပုရာသီး နဲ့ ကြက်သွန်နီ စိမ်းများများထည့်ပြီး သုပ်စားလဲရပါတယ်။