ကိုဗစ်ကို အပြင်မှာ စစ်မိလို့ အဖမ်းခံရတဲ့ ဆရာဝန်ကိစ္စ မြောက်ဥက္ကလာ ဆေးရုံအုပ်ကြီး ပြောပြီ

“လူသားဆန်စွာ ဆရာဝန်တစ်ယောက်အ​နေနဲ့တွေးပြီးရေးမယ်”

အစိုးရဆေးရုံမှာပဲ စစ်မနေကြဘဲ ဘယ်ဆေးရုံ မှာစစ်ခွင့်ပေးမလဲ သေချာစိစစ် ဒီ Test Kit ပဲစစ်ရမယ် သတ်မှတ်။

သူ့ဘာသာ တတ်နိုင်တဲ့သူက စစ်ပါစေပေါ့။ အခုလည်း စစ်ပေးတဲ့ဆရာဝန်ကိုဖမ်းတာထက် ပညာပေးပြီးပြန်လွှတ်ရမယ်။ မူကိုပြင်ပေးသင့်တာ။

Positive ဆို ဆိုင်ရာစစ်ပေးတဲ့ ပြင်ပဆေးရုံကနေ သက်ဆိုင်ရာဒေသန္တရကိုသတင်းပို့ပေးပေါ့။ အိမ်တွေမှာ အနံ့မပျောက်တပျောက်တွေအများကြီး၊ အပြင်ထွက်လည်း စစ်ဖို့အဆင်မပြေကြတဲ့ သူတွေလည်းရှိတယ်။

တကယ် ရောဂါလက္ခဏာ မပြင်းထန်ဘူးဆို အိမ်မှာပေးနေစေချင်တယ်။ ဆေးရုံသို့ Q စင်တာ မှာနေမှ ပိုးကပိုကူး၊

ပတ်ဝန်းကျင်ကလည်း ပိုးရှိသူဆိုတော့ ခုခံအားကျမယ် စိတ်အားငယ်မယ် မိသားစုနဲ့ တကွဲတပြား လိုက်စောင့်ရှောက်ချင်လည်း မူအမျိုးမျိုးနဲ့မို့ ရသူရ ၊ မရသူမရနဲ့ စိတ်သာရှင်စော မြတ်ဘုရားဟောထားတာ အဓိက စိတ်၊

စိတ်အားငယ်တော့ နလန်ထူဖို့အားမရှိကြတော့ဘူး တခုခုတော့ စဥ်းစားကြပါတော့

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page