မြို့စောင့်နတ်မင်းကြီးတောင် မနေနိုင်ပေါင် (ထိုင်းမှာ တကယ်ဖြစ်သွားတာပါ)

မြို့စောင့်နတ်မင်းကြီးတောင် မနေနိုင်ပေါင် (ထိုင်းမှာ တကယ်ဖြစ်သွားတာပါ)

မြို့စောင့်နတ်မင်းကြီးအတွက် ဂြိုလ်ဆိုးဝင်တဲ့ အကာလညသန်းခေါင်ယံ ညတစ်ညရဲ့ အတွေး…

​လူတွေတော်တော်ပြသနာရှာကြသည် .. မြို့စောင့်နတ်မင်းကြီးရဲ့နတ်နန်းကို မနေ့ညက သီတင်းကျွတ် လဆန်း ၁၀ ရက် ၊ (ဘိုလိုဆိုရင် အောက်တိုဘာလ ၂၆ ရက်နေ့) ညသန်ခေါင်းယံမှာ ” ဝုန်း ” ဆိုတဲ့အသံကြားလ်ို့ နတ်မျက်စေ့နဲ့ကြည့်လိုက်တာ နတ်ဖြစ်တဲ့ကျုပ်တောင် မျက်လုံးပြူး သွားရဒယ်..

ဟုတ်ပဗျာ လူတွေစီးတဲ့ကားဆိုလား ? ဘာလား ? စီးတော်ယာဉ်ကြီးဟာ အရှိန်လွန်ပြီး ကျုပ်ရဲ့ပုံတူရုပ်ထုပေါ်တက်ခွလို့ ကျုပ်ရဲ့ရုပ်ထုတော်ဟာ မြေပေါ်မှာပိုးလိုးပက်လက်တွေကိုလန်လို့ပါဆို မြေမှာခလို့ မမြင်ရက်စရာဘဲ ..

ကျုပ်ဆိုတာက ယိုးဒယားနိုင်ငံတော်က ချိုင်းယဖုမ်းခရိုင် “ဘန့်ထဲန်း” မြို့စားနယ်ပိုင်ကြီးပါဗျာ ၊ ဒီခေတ်လိုပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူးကြီးပေါ့ ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ ခန့်က လာဘ်စားလွန်းလို့ဆိုလား ? သတ္တိရှိလွန်းလို့ဆိုလား ? ဘာလားပါဘဲ ? (မသိချင်ကြစမ်းပါနဲ့)

အစိမ်းသေသေပြီး မြို့ကိုစောင့်ရှောက်တဲ့ နတ်မင်းအဖြစ် ပြည်သူတွေက အတင်းရော ဇွတ်ရော ဝိုင်းပြီးကိုးကွယ်ထားကြလို့ ကျုပ်မှာမကျွတ်မလွတ်ဘဲ ဒီမြို့မှာတဝဲလည်လည်နဲ့ နေ နေရတာပါ ..၊ ကျုပ်လည်း နတ်အခွင့်အရေးအပြည့်အဝရချင်တာပေါ့ ၊ ဟို စကီနတ်သမီးလေးတွေ ရှိတဲ့နေရာစုံကို ပတ်လိမ့်ချင်တာလေ ..

(ဘယ့်နှယ် လူတွေကျတော့ နိဗ္ဗာန်​ရောက်ကြောင်း တရားတွေကျင့်ကြံနေကြတယ် ၊ မတရားဘူး)

ကျွန်ုပ်ဘဝ မြို့စောင့်နတ်မင်းကြီးအဖြစ်နဲ့ လူရိုသေ ရှင်ရိုသေနဲ့ မြို့လယ်ခေါင်မှာ ခပ်တည်တည် မရယ်မပြုံး ခန့်ခန့်ညားညားနဲ့ ထီးထီးကြီးရပ်တည်လာတာ နှစ်တွေလည်းမနည်းတော့ပါဘူး ၊ ဟိုလူကဆင်ရုပ် မြင်းရုပ်လေးနဲ့လာပူဇော်လိုက် (လူလစ်ရင်ပြန်ထုတ်ရောင်းစားလိုက်) ၊ ပန်းဆီမီးအမွှေးတိုင်တွေနဲ့ လာပူဇော်လိုက် ၊ စားစရာသောက်စရာ ယမကာအချိုရည်တွေ လာဆက်သလိုက်နဲ့ ကျုပ်မှာအငွေ့နဲ့တင်ကျေနပ်နေရတာပ ၊ အံမယ် ဝတ္တုငွေတွေကျတော့ ကျုပ်နဲ့ဘာဆိုင်လို့တုန်းဆို ၊ ဟို .. ရုပ်ထုထိန်းသိမ်းရေးကော်မတီက စုထားပေးကြတယ်လေ ..( လူလစ်ရင်တော့ ဘုံးကြဝုန်းကြပေါ့ ) စတာပါ

အကျွန်ုပ်အတွက် ထီးနဲ့နန်းနဲ့ ကန္နားနဲ့အတည်တကျ မရှိခင်က ရှေးနှစ်ပေါင်း ၁၈၀ နှစ်ကတည်းက ခုနှစ်ရက်သားသမီးတွေကယုံယုံကြည်ကြည်နဲ့ ပူဇော်ပသခဲ့ကြလို့ အကျွန်ုပ်ကလည်း ဘေးမသီရန်မခအောင် ပြန်လည် စောင့်ရှောက်တော်မူခဲ့ရင်း ခေတ်ကာလတွေ ရွေ့လျားလာတော့ လူတွေက ကျုပ်အတွက် ဧရာမနတ်နန်းကြီး တည်ဆောက်ပေးဘို့ တင်ဒါတွေခေါ် ၊ ကန်ထရိုက်တွေနဲ့ မဲနှိုက် ၊ ကော်မတီတွေဖွဲ့ ၊ ရန်တွေဖြစ်ကြ ၊ အကွဲကွဲအပြဲတွေ ဖြစ် ၊ လောဘတက်သူတွေကတက်နဲ့ ကျွန်ပ်လည်း စိတ်မချမ်းသာနဲ့ အိပ်မက်ပေးပြီး ” ကဲမောင်မင်းတို့ ..ရှိစေတော့ ငါ့ဘာသာငါ မြို့လယ်ခေါင်မှာ ချောမောခန့်ညားတဲ့ ရုပ်ထုလေးနဲ့ အသိအမှတ်ပြုကြမယ်ဆိုရင်လည်း နွေမိုးဆောင်း ရာသီမရွေး အဖေကြီး ကျေနပ်ပါပြီကွယ် .. ငါ့နတ်နန်းဖြစ်မြောက်ရေးကြောင့် မင်းတို့တစ်တွေ စိတ်ဝမ်းမကွဲကြပါနဲ့ ” ဆိုပြီး ဇွတ်အတင်းတားမြစ်ခဲ့လို့ အခုလိုရုပ်ထုလေးနဲ့ မကျဉ်းမကျယ် ဇိမ်ကြလာတာ ၁၇ နှစ်တောင်ကျော်ခဲ့ပြီဆိုပါတော့…

လူ့ကံနတ်ကံ နှစ်ခုကံကလည်း တယ်တိုက်ဆိုင်းသကိုးကွဲ့ .. ကိုယ့်ရုပ်ထုတောင်ကိုယ် Defense မလုပ် လိုက်နိုင်ပါဘူးဆို မှ (ရှက်ထှာ)

ဘယ့်နှယ်ကွယ် ကံဆိုးချင်တော့ မနေညက အကျွန်ုပ်မြို့နယ်မှာ ကားတွေလည်းရှင်းလို့ အေးချမ်းသာယာလှတယ်ဆိုပြီး စကီနတ်သမီးလေးနား တိတ်တိတ်လေးသွားလည်မိပါတယ် ၊ သတိတစ်ချက်လွတ်တာနဲ့ ကားနံပါတ် ၁၉၆၈ မစ်ဆူဘီီ ပစ်ကပ်ကားသမား အမောင်ဆာနစ်ဟာ ကျုပ်ရဲ့နတ်ရုပ်ထုကိုဝင်တိုက်ပြီး ကားက ပဒြပ်ရပ်ဖင်ထောင်လို့ ကားခေါင်းထဲမှာ ငုတ်တုတ် ဘာဒဏ်ရာမှမရဘဲ နတ်ကိုင်မှာကိုအကြောက်လွန်နေပုံပါ ..အေးရှိစေတော့ကွယ် ၊ ငါရုပ်ထုအသစ်ရတာပေါ့ မောင်မင်းကြီးသားရယ်

အခုတော့ မြို့စောင့်နတ်မင်းရုပ်ထု ထိန်းသိမ်းကာကွယ်ရောက်စောက်ရေး ကော်မတီက ကျုပ်ရဲ့ရုပ်ထုကို ပိုမိုခန့်ညားအောင် ခေတ်မှီတဲ့ဒီဇိုင်းတွေနဲ့ ပြန်လည်ထုဆစ်ဘို့အတွက် လျော်ကြေးငွေထိုင်းဘတ် ၃၈၀၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ် ၊ စီးတော်ယာဉ်ကို ပရမ်းပဒါ မောင်းတဲ့ ကိုယ်တော်ချောကလည်း ကြည်ဖြူပြီးသားပါ ၊ ကျုပ်ရဲ့ ဘုန်းတန်ခိုးအာနုဘော်ကို ဖိန့်ဖိန့်တုန်နေအောင် ကြောက်ရှာနေသကိုး ၊ သိတယ်နော် နတ်ကိုင်ရင်ဘာဖြစ်သွားမယ်ထင်သလဲ ?

ဘာဘဲပြောကြောယခင်က ဘတ် ၁၅၀၀၀၀ တန်အကျွန်ုပ်ရဲ့ ရုပ်ထုဟာ ဤအမူးသမားကောင်းမှုကြောင့် မြေခရတယ် ၊ ပြောင်းလဲချိန်တန်လို့ အသစ်တဖန်ပြန်လည်ဖန်တီးမယ့် အကျွန်ုပ်ရဲ့ ဘတ် ၃ သိန်း ၈ သောင်းတန် ရုပ်ထုကြီးကို မြင်ယောင်တွေးကြည့်မိရင်း မြို့စောင့်နတ်မင်းကြီး အပျော်ကြီးပျော်နေမိပါပြီဗျာ…

တစ်ခုဘဲရှိဒယ် လာဘ်စားပြီး ပုံမလာပန်းမလာ မျက်လုံးပြူးပြူး ပုကွကွ ရုပ်ဆိုးဆိုး ရုပ်ထုထွက်လာလို့ကတော့ နတ်ရုပ်ထုထိန်း / ကော် အဖွဲ့နာဘို့သာပြင်ပေတော့…. ဟေ့

ဤတွင်နတ်၏အတွေးပြီးပါပြီ…

SiThuMaung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page