မြင်းခြံမှာ မြို့တွင်းကူးစက်မှု စပြီ (ခရီးသွားရာဇဝင် မရှိသည့် ကိုဗစ်လူနာတဦး သေဆုံး)

မြင်းခြံမှာ မြို့တွင်းကူးစက်မှု စပြီ (ခရီးသွားရာဇဝင် မရှိသည့် ကိုဗစ်လူနာတဦး သေဆုံး)

မြင်းခြံဆေးရုံ တွင် တက်ရောက်ကုသနေသော ကိုဗစ် အတည်ပြုလူနာ အသက် ၅၃ နှစ် အမျိူးသားသည် ၂၁.၁၁..၂၀၂၀ မနက် ၂ နာရီ ခွဲ ခန့်တွင် ဆုံးပါးသွားပါသည်။

အမှတ် ၂၀ ရပ်ကွက်တွင် နေထိုင်သည်ဟု သိရပါသည် သွေးတိုးရောဂါ အခံရှိပါသည်။ ထိုလူနာသည် ဆေးရုံ သို့ ၁၈.၁၁.၂၀၂၀ နေ့လည် အချိန်တွင် ရောက်ရှိခဲ့ပါသည် လမ်းဘေးတစ်နေရာတွင် တစ်ယောက်ထဲ ဆိုင်ကယ်လဲနေသည်ကို တွေ့ရ၍ ပရဟိတ အသင်းတစ်ခုမှ ဆေးရုံ သို့ကားဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လူနာကို စမ်းသပ်ချိန်တွင် သွေးတွင်းအောက်ဆီဂျင် ၈၅% သာရှိပြီး ဖျားသော ရာဇဝင်ပေးသဖြင့် စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး Swab ယူခဲ့ရာ + ထွက်ခဲ့ပါသည်။ လူနာသည် ခရီးသွားရာဇဝင် မရှိဘဲ မြို့တွင်း ကူးစက်မှူသာ ဖြစ်ပါသည်။ Local transmission မြို့တွင်းကူးစက်မှုပါ။ Mask တပ်ကြပါ။

(Khin Yin Myint)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page