လိုင်းပေါ်မှာ ဖွနေတဲ့ ဓာတ်ပုံအကြောင်း ဒဲ့ပြောလိုက်တဲ့ မြောက်ဥက္ကလာဆေးရုံ အရေး‌ပေါ်ဌာနက ဆရာဝန်

လိုင်းပေါ်မှာ ဖွနေတဲ့ ဓာတ်ပုံအကြောင်း မြောက်ဥက္ကလာဆေးရုံကြီး အရေး‌ပေါ်ဌာနက ဆရာဝန်တဦး ဒဲ့ပြောပြီ

အဲ့နေရာက မြောက်ဥက္ကလာ အရေးပေါ်ဌာနရဲ့ Fever corner လို့ခေါ်တဲ့ နေရာပါ

၂၄ နာရီပတ်လုံး PPE ဝတ်ဆင်ထားပြီး အရေးပေါ်ဝန်ဆောင်မှုပေးနိုင်ဖို့ အရေးပါ်ဆရာဝန်တွေ ကိုယ်တိုင် အရေးပေါ်သူနာပြုတွေ ကိုယ်တိုင် လေးနာရီခြားတစ်ခါ လူလဲပြီးတော့ လုပ်ပေးနေကြတာပါ

အဲ့လူနာတွေဟာ အရေးပေါ် စမ်းသပ်ကြည့်ရှုကုသမှုတွေရရှိပြီးနောက် ဆေးရုံတင်ဖို့အတွက် ဆေးရုံပေါ်နေရာရဖို့ အတွက် စောင့်နေကြရတာပါ

နေရာမရခင်ကာလမှာ အခြေအနေဆိုးမသွားဖို့ ကျနော်တို့ အရေးပေါ်ဌာနက အကောင်းဆုံး ကြိုးစားနေကြတာပါ။ ဘာမှ မရတာထက်စာရင် ထိုင်ရက်နဲ့ အောက်စီဂျင်ရှူနေရလို့ သက်သာနေတာ ဘယ်လောက်ကောင်းလဲဗျာ ဟုတ်တယ်မလား။ ထိုင်ခုံတွေ အလှူခံရပါတယ် အောက်စီဂျင်အ်ုးတွေ အလှူခံရပါတယ်

နေရာတွေ သီးသန့်ဆောင်တွေမျာ အမြဲပြည့်နေတော့ ကျနော်တို့ရဲ့ အရေးပေါ်လူနာတွေအတွက် အကောင်းဆုံး လုပ်ပေးထားတာပါ

ဒါတောင် ပြင်းထန်လူနာတွေထားတဲ့ Fever room ဆိုတာ ရှိပါသေးတယ် အဲ့အခန်းက ပုံတွေကတော့ ကျနော်မတင်တော့ပါ အခုပုံကတော့ သတင်းအမှားလွှင့်တဲ့သူက အင်တာနက်မှာ တင်ပြီးသားမို့ ကျနော်တို့က ကျင့်ဝတ်နဲ့ အညီ မျက်နှာလေးတွေ အုပ်ပြီး ပြန်လည် ဖြေရှင်းတာပါ

ကူရာကယ်ရာမဲ့လို့ ဆေးရုံတင်ရမယ့် ပြင်းထန်လူနာပစ်ထားလို့ လာခေါ်ရတယ်တို့ ဆေးရုံကနေ နှင်လွှ်တယ်တို့ဆိုတာ လုံးဝမဟုတ်ပါဘူး

မကူချင်နေပါ သတင်းအမှားတွေ မတင်စေချင်ပါ။ အောက်မှာ ကျနော်တို့ အရေးပေါ်ဌာနက ဖြေရှငိးတင်ပြထားတဲ့ မူရင်းပို့စ်လေးပါ။ ရှဲ ဆိုရင် သိပ်မသိမှာစိုးလို့ ကူးပြီးတင်လိုက် ပါတယ် (Zaw Thiha)

ဒီပုံကို အမျိုးမျိုး ရေးနေကြလို့ပါ။ တကယ်တော့ ဒီနေရာက ရေးရေးနေတဲ့ အရေးပေါ်ဌာန နောက်ဖက်က ကော်ရစ်ဒါပါ နောက်က အဆောင်နဲ့ ဆက်ထားတဲ့ ဒီနေရာရယ် ED ရဲ့ ပတ်ခြာလည်မှာ ဒီပုံထဲကလိုစောင့်နိုင်အောင် တောင် တော်တော်လေး ပြင်ဆင်ပေးခဲ့ကြရတာပါ ခုံတွေက အစ က ဒီလို မကောင်းပါဘူး နောက်မှီမပါ အဆင်မပြေတော့ ဒါလေးတွေ ရုံးပေါ်က ရလာချိန်မှာ ထားပေးတာပါ

အောက်စီဂျင် အိုးတွေလည်း ဆေးရုံက ရတာနဲ့ မလောက်လို့ အလှူ ခံထားတာတွေပါ ပါပါတယ်။ အရေးပေါ်မှာ ဖျားနာခန်း ဆိုတာထားပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး 24 နာရီ ပိတ်ရက် မရှိ ကြည့်ပေးနေတာပါ။

ဒီလူနာတွေက အရေးပေါ်က ရောဂါရာဇဝင်မေး သွေးဖောက် ဓာတ်မှန်ရိုက်ပေးပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီးချိန် မှာ သက်ဆိုင်ရာ အဆောင်ကို ဆေးရုံတက်ဖို့ အဆောင် ရမည့် အချိန်ကို စောင့်နေကြတာပါ။

Dr. lae lae zaw (ED NOGH)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page