မြန်မာပလာဇာမှာ တို့ဆေး သဘောမျိုး လက်နဲ့ လိုက်တို့ပြီး ပိုက်ဆံတောင်းနေတဲ့ အမျိုးသမီး

မြန်မာပလာဇာမှာ တို့ဆေး သဘောမျိုး လက်နဲ့ လိုက်တို့ပြီး ပိုက်ဆံတောင်းနေတဲ့ အမျိုးသမီး

အားလုံး သတိထားလို့ရအောင်ပါ။ လုံခြုံရေးကိုပါတိုင်ထားလို့ သေချာမှတင်တာပါ စီစီတီဗီပါစစ်ဖို့ ပြောခဲ့တာပါနော်

ချမ်းမိုး ဒီနေ့ သင်တန်းကအပြန် အော်ရီဒူး showroom မှာ bill ဆောင်စရာရှိလို့ မြန်မာပလာဇာထဲ ခဏဝင်ပါတယ် ၃လွှာက Toilet သွားပြီး ပြန်ထွက်လာတော့ ဆိုနီ Showroom နားမှာ အခုပုံမှာပါတဲ့ ပန်းရောင်ဝမ်းဆက်နဲ့ အန်တီက ကိုယ့်ဆီတည့်တည့်ကြီး လျှောက်လာပြီး လမ်းစရိတ်မရှိလို့ ပိုက်ဆံပေးပါဆိုပြီး ချောင်ပိတ်တောင်းတယ်။

အနီးအနားလှမ်းကြည့်တော့လည်း လူကမရှိဘူး သူက ရုတ်တရက်ကြီး လက်က ကိုယ့်ပခုံးကိုပုတ်တော့မလိုလို လုပ်နေတော့ တို့ဆေးများ တို့တော့မှာလားဆိုပြီး လူက ပြာသွားရော ကိုယ့်အိတ်ထဲမှာက ဖုန်းရော လပ်တော့ရော အိမ်ကပေးလိုက်တဲ့ လစဉ်ကြေးတွေပါ ပါနေတော့ တို့ဆေးသာ အတို့ခံရရင် ပစ္စည်းလည်းဆုံး လူပါ ဘာလုပ်ခံရမယ်မှန်းမသိလို့ သူ့လက်ကြီးကိုယ့်ပခုံးပေါ်မရောက်ခင် အိတ်ကပ်ထဲက ပိုက်ဆံ ၁၀၀၀ အမြန်ထုတ်ပေးလိုက်ပြီး ထွက်ပြေးလာခဲ့လိုက်တယ်။

ကိုယ့်အလုပ်ပြီးတော့ ပိုက်ဆံ ၁၀၀၀ အလကားပေးလိုက်ရတာ မကျေနပ်တာနဲ့ သူ့ကိုနောက်ကနေလိုက်ချောင်းတာ ကိုယ့်လို တစ်ယောက်တည်းသွားတဲ့လူတွေ ၂ယောက်တွဲတွေကို Target ထားပြီး လိုက်တောင်းတာတွေ့တာပဲ ဖုန်းအမြန်ထုတ် ဓာတ်ပုံမသိမသာရိုက်ပြီး Marketplace ထဲက လုံခြုံရေး နဲ့ ဘိုနီယာ Showroom နားက Security အစ်မတစ်ယောက်ကို ဓာတ်ပုံပြပြီး တိုင်ခဲ့လိုက်တယ်။

လုံခြုံရေး အချင်းချင်း လှမ်းပြီးပြောတာတော့ ကြားလိုက်တယ်။ အိမ်ကနေ လာကြိုပြီပြောလို့ ကိုယ်လည်းပြန်လာတာနဲ့ ဘာဆက်ဖြစ်သွားလဲတော့ မသိဘူး အပြင်သွားရင် သတိထားကြပါ တို့ဆေးသာဆို မလွယ်ဘူး။

Aye Chan Moe

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page