ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မည့်အချိန် အဆင့်ဆင့်နှင့် ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်မည့်အချိန်
မေလ ၉ ရက် နံနက် ၄ နာရီ လေဖိအားနည်းရပ်ဝန်း စဖြစ်
မေလ ၁၀ ရက် ညနေ ၄ နာရီ မုန်တိုင်းငယ်
မေလ ၁၁ ရက် ညနေ ၆ နာရီခွဲ ဆိုင်ကလုန်းမုန်တိုင်း
မေလ ၁၂ ရက် နံနက် ၆ နာရီ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
မေလ ၁၂ ရက် ညနေ ၅ နာရီ အရှေ့မြောက်ဘက်သို့ ချိုးကွေ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်
မေလ ၁၃ ရက် ညနေ ၆ နာရီ ရခိုင်ကမ်းရိုးတန်းအား ကျောက်ဖြူနှင့်သံတွဲကြား တောင်ကုတ်မြို့အနီးမှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ရန် စတင်။ လေတိုက်နှုန်း ရေပြင်ညီလေ ၁၂၀ ခန့်ဖြင့်ဝင်နိုင် (Wind gust ၁၅၄ မိုင်နှုန်းအထိရှိတာတွေ့ရလို့ စူပါဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်ရောက်မယ်လို့ ခန့်မှန်း)
မေလ ၁၃ ရက် ည သန်းခေါင် ၁၂ နာရီခွဲ ကုန်းတွင်းသို့ စတင်ဝင်ရောက်
မေလ ၁၄ ရက် နံနက် ၆ နာရီခွဲ မုန်တိုင်းအရှေ့ခြမ်းကုန်းတွင်းသို့ဝင်ရောက်ပြီးဖြစ်
မေလ ၁၄ ရက် ည သန်းခေါင် ၁၂ နာရီခွဲ မုန်တိုင်းဗဟို ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ပြီးဖြစ်
မေလ ၁၄ ရက် နံနက် ၆ နာရီ မုန်တိုင်းအတွင်းစက်ဝန်းအားလုံးကုန်းတွင်းဝင်ရောက်ပြီးဖြစ်
မေလ ၁၄ ရက် နေ့လည် ၁ နာရီ ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား
မေလ ၁၄ ရက် ည ၉ နာရီ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း
မေလ ၁၅ ရက် နံနက် ၆ နာရီခွဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်နယ်နိမိတ်ကျော်ဖြတ်ပြီး တရုတ်နိုင်ငံတွင်းသို့ရောက်ရှိပြီးနောက်အားပျော့ပျက်ပြယ်မည်ခန့်မှန်း
၉ ရက်နေ့ လေဖိအားနည်းရပ်ဝန်းဖြစ်လာတဲ့အထိ စောင့်ပေးပါ။ သေးစိတ်ခန့်မှန်းချက်တွေကို တကယ်ဖြစ်လာချိန်ကျမှ အကျယ်ရေးပေးသွားပါမယ်။
နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် (GEPS) အရတော့ ဒီ INVEST ကနေ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးရင် ရွေ့လျားလာမယ့်လမ်းကြောင်းနှစ်ခုပြထားပြီး နှစ်ခုစလုံးဟာတော့ ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်နေပါတယ်။ လက်ရှိမှာတော့ ကနဦးအနေနဲ့ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားမှုရှိနေပါတယ်။
တကယ်ဖြစ်လာမှာကိုစောင့်ရင်း မုန်တိုင်းလမ်းကြောင်းကို သတိထားကြည့်ကြပါ။ Evacuation လုပ်ရမဲ့ plan ကိုသေချာ ပြင်ဆင်ထားပါ။ ကိုယ်ရှောင်ရမဲ့ နေရာ၊ လမ်းကြောင်းနဲ့ ယာယီခိုလှုံရမဲ့နေရာတွေစတာကို ရွေးချယ်ပြင်ဆင်ထားပါ။ မိသားစုဝင်တွေ လူကွဲသွားရင် ဘယ်နေရာမှာ ပြန်ဆုံကြမယ်ဆိုတာ အချင်းချင်း အသိပေးထားပါ။ နာဂစ်ခေတ်လို မဟုတ်တဲ့အတွက် ဆက်သွယ်နိုင်မဲ့ ဖုန်းတွေအားသွင်းထားပါ။
နမူနာပုံမှာ လပွတ္တာဒေသအအတွက် အန္တရာယ်ကင်းကင်းနဲ့ရှောင်သင့်တဲ့ရက်ပိုင်းကို အစိမ်းရောင်နဲ့ ပြထားပါတယ်။ အဲ့သလို evacuation plan တစ်ခု စီစဉ်ထားကြပါ။ မုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုအခြေအနေပေါ်မူတည်ပြီး ဘယ်နေရာမဆို ကံဆိုးသွားနိုင်ပါတယ်။
(မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)