မြန်မာပြည်ကို မုန်တိုင်းမဝင်သော်လည်း မိုးဦး‌ လေဦးနှင့် မိုးကြီး ရေလျှံ သတိပြုရမည့် ဒေသများ

မိုးဦးလေဦးမုန်တိုင်းဦးသတိ

ကြိုတင်ခန့်မှန်းပေးထားတဲ့အတိုင်း မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ Cyclonic Storm မုန်တိုင်းဖြစ်ပေါ်လာမှာဖြစ်ပြီး မုန်တိုင်းညာဖက်အီကွေတာကို ဖြတ်သန်းတိုက်လေနှင့် ယက်တင်လေ upper air circulation system လေစီးကြောင်းများမှ အဆိုပါရက်များအတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းနှင့်ရ ခိုင်ပြည်နယ်တွေမှာ မိုးရွာသွန်းနိုင်ပြီး နေရာကွက်မိုးကြီးနိုင်ပါတယ်။

မုန်တိုင်းဝင်ရောက်မည်မဟုတ်သော်လည်း မုန်တိုင်းညာဖက် မုန်တိုင်းလက်တန်လေစီး winds gust ဆောင့်တိုက်လေပြင်းများကျရောက်နိုင်သဖြင့် သက်တမ်းရင်သစ်ပင်ကြီးများ လဲပြိုကျနိုင်တဲ့အန္တရာယ်ရှိပါတယ်။ ကြိုတင်သိရှိကြပြီး အန္တရာယ်အပေါင်းမှ ရှောင်ရှားနိုင်ကြပါစေ။ မိုးတွေရွာပြီး အပူလျော့ကျသွာစေမှာဖြစ်သလို စိုက်ပျိုးရေးအတွက်လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်နော် မုန်တိုင်းအန္တရာယ်မရှိပါဘူး။

မိုးကြီးရေလျှံသတိ

၂၀၂၃ မေလ ၁၂ ရက်နေ့ ၁၃ ရက်နေ့တွေမှာ 01B သည် Cat 2 အဆင့်ရှိ MOCHA CYCLONE မုန်တိုင်းကြီးအဆင့်ကို ရောက်ရှိသွားနိုင်ပြီး ရခိုင်းကမ်းရိုးတမ်းနှင့်နီးကပ်လာချိန်မှာ ရခိုင်းကမ်းရိုးတန်းနှင့် ရခိုင်ရိုးမပေါ်တွင် မိုးကြီးနိုင်ပါတယ်။ ရိုးမကိုကျော်လွန်၍ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ပိုင်းဒေသတွေမှာလည်း မိုးကြီးနိုင်ပါတယ်။

မိုးနဲရပ်ဝန်းဒေသ မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေအားလုံး မိုးတွေရွာမှာဖြစ်လို့ စိုက်ပျိုးရေးလုပ်ဆောင်ကြမည့်သူအားလုံးအဆင်သင့်ပြင်ဆင်ထားကြပါလို့ အသိပေးနိုးဆော်အပ်ပါတယ်။ မိမိရပ်ရွာမိမိဒေသစိမ်းလန်းစို​ပြေရေးအတွက် ကြီးမြန်သစ်ပင်အရိပ်ရပင်တွေလည်း စိုက်ပျိုးကြပါလို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်။

မိုးခမုန်တိုင်းကြီးကို ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတဲ့အတွက် ဘင်္ဂလာဒေချ့်ကို ဦးတည်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ရသေ့တောင် ဘူးသီးတောင် မောင်းတော ချင်းပြည်နယ် ပလက်ဝဒေသတွေမုန်တိုင်းသတိထားရပါမည် အဖျားခတ်နိုင်ပါတယ်။

မိုးလေဝသပညာရှင်မလေး စုစုစံ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page