အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် မြန်မာပြည်ကိုဝင်မှာ သေချာနေပါပြီ

ECMWF Model Model runtime 06MAY1200Z UPDATE

စတင်ဖြစ်ပေါ်ချိန် – မေလ ၉ ရက်နံနက်ပိုင်းမှ စတင်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်နိုင်မည်။

မုန်တိုင်းအင်အား – အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm – VCS)အဆင့် လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်အထိရောက်နိုင်မည်။

မုန်တိုင်းလမ်းကြောင်း – သိသာသောပြောင်းလဲခြင်းမရှိ ရခိုင်ကမ်းရိုးတန်းသို့ဦးတည်ရွေ့လျားပြီး ချောင်းသာနှင့်ဂွကြားမှ မေလ ၁၃ ရက် ညပိုင်းမှစတင်၍ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်မည်။

မုန်တိုင်းဒီလှိုင်းအမြင့် – ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဒီလှိုင်း (Storm Surge) အမြင့် ပေ ၂၀ အထိ ရှိနိုင်ပြီး၊ မုန်တိုင်းဗဟိုလှိုင်းအမြင့် ၂၈ ပေအထိ ရှိနိုင်မည်။

မုန်တိုင်းအရှိန်သက်ရောက်မှု – မုန်တိုင်းညာဘက်ခြမ်းတွင်ရှိနေသည့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မုန်တိုင်းကုန်တွင်းဝင်ရောက်ချိန် လေပြင်းတိုက်ခတ်မှု ပြင်းထန်ပြီး မိုးသည်းထန်နိုင်မည်။

မုန်တိုင်းကုန်းတွင်းဝင်ရောက်ပြီးအခြေအနေ – ကုန်းတွင်းဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် မြောက်-အရှေ့မြောက်သို့ ဆက်လက်ရွေ့လျားပြီး ရှမ်းပြည်နယ် နမ့်စမ်မြို့ပေါ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့ပျက်ပြယ်သွားနိုင်မည်။

ဦးဝင်းနိုင် (မိုးလေဝသ ပညာရှင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page