နေ့စဥ် ထောင်ဂဏန်းနားကပ်လာတဲ့ လူနာစာရင်းနဲ့ ဖရိုဖရဲနိုင်လွန်းလှတဲ့ မြန်မာ့ Stay Home ကာလ
ကျနော်တို့ဟာ ရှေ့ကမပိတ်ဘဲနဲ့ နောက်ကလိုက်နေရတယ်။ ကုသရေးအပိုင်းအတွက်ကတော့ အားရကျေနပ်စရာပါ။ နေရာအများကြီးမှာ စင်တာတွေထပ်ဖွင့်တယ် max Zaw Zaw လိုပုဂ္ဂိုလ်တွေက အင်မတန်ပြည့်စုံတဲ့ဆေးရုံ ချက်ခြင်း လုပ်ပေးတယ်။ဒေါက်တာဇော်ဝေစိုး တို့ဖက်ကလဲ နေ့စဉ် စာရင်းအတိအကျကိုင်တွယ်ပြီး manage လုပ်နေတယ်။ ရောဂါပိုးစစ်အဖွဲ့တွေကလဲ ရနိုင်သမျှအင်အားတွေနဲ့ ပိုးတွေစစ်နေတယ်။ ကျန်းမာရေးဝန်ထမ်းတွေဘက်ကဘာမှပြောစရာမရှိအောင်ကို ပြည့်စုံတယ်။ဒေါက်တာခင်ခင်ကြီးတို့ အုပ်ချူပ်စီမံမူ အပိုင်းကလဲ မနားမနေ လုပ်နေကြရတယ်။
အဲလိုနောက်ပိုင်းကုသရေးပိုင်းက တာဝန်ကျေကြပေမဲ့ ရှေ့ကနေကြိုပိတ်ရမဲ့ စည်းတွေ အင်မတန်ကျိူးပေါက်နေတယ်။ ကျနော်ဟာ ကိုဗစ်ထိန်းချူပ်မူ အင်မတန်စနစ်ကျတဲ့နိုင်ငံရဲ့ လော့ဒေါင်း ကာလတွေကို ကျော်ဖြတ်ခဲ့ရသူပါ။ အဲဒါနဲ့ယှဉ်လိုက်ရင်ကျနော်အခုမြင်တွေ့နေရတဲ့ မြန်မာ လော့ဒေါင်း စနစ်ဟာ အင်မတန် ဖရိုဖရဲ နိုင်လွန်းလှပါတယ်။
ထုတ်ပြန်လိုက်တဲ့အမိန့်ဟာ တိကျပြတ်သားမူမရှိဘူး။ ဒီလိုအချိန်မှာ အင်မတန်တိကျပြတ်သားတဲ့ ငြင်းချက်တစ်ခုမှမရှိတဲ့ အမိန့်ထုတ်ရမယ်။ ဖင်နဲ့ခေါင်းနဲ့ကိုက်ရမယ်။ နကိုယ်ကမှ စည်းကမ်းမလိုက်နာချင်တဲ့ ပြည်သူတွေအတွက် ဖင်နဲ့ခေါင်းမကိုက်တဲ့အမိန့်တွေဟာ အင်မတန်အားနည်းချက်ဖြစ်စေတယ်။
ဥပမာ မလေးရှားဆိုပါစို့။ ဒီနေ့အမိန့်ထုတ်ပြီးတာနဲ့ နောက်နေ့ချက်ခြင်း တစ်နိုင်ငံလုံး barricade တွေချ၊ ရဲနဲ့တပ် ပေါင်းပြီး ကားတွေအကုန်စစ်တယ်။ မဖြစ်မနေသွားရမယ့်ကိစ္စဘာတွေဆိုတာ ကြေငြာပြီးသား။ အဲဒါတွေကလွဲလို့ကျန်တာ လုံးဝခွင့်မပြု။ အပြစ်ခိုင်လုံရင် ချက်ခြင်းဒဏ်ရိုက်တယ်။ Check point တွေမှာကားတန်းကြီး ပိတ်လို့စောင့်ရတာရယ်၊ မတော်ဒဏ်တပ်ခံရမှာတွေကြောက်လို့ တကယ်ကိုမဖြစ်မနေမှဘဲထွက်ကြတယ်။
ခု ကျနော်တို့နိုင်ငံမှာ ဝေဝေဝါးဝါး အမိန့်ထုတ်တယ်။ အမိန့်ကို အကောင်အထည်ဖော်ဖို့ လမ်းပေါ်မှာ ဘာအတားအဆီး မှမရှိ။ လူစုလူဝေးတွေကလဲ တွေ့နေရတုန်း။ ခုထိစည်းကမ်းဖောက်လို့ ဘယ်နှစ်ယောက်အရေးယူပြီးပြီလဲ။ ဘယ်မှာလဲ စစ်ဆေးရေးအဖွဲ့တွေ။ အလကားဟန်ရေးပြနေကြတာဘဲရှိတယ်။ အောက်မှာကလူတွေ ထောင်သောင်းချီပြီး positive ဖြစ်ကုန်ပြီ။ အင်မတန်ရင်နာဖို့ကောင်းတယ်။
ခင်ဗျားတို့ ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ဒဏ် ပြည်သူတွေအလူးအလဲ ခံနေရပြီ။ ခု စက်တင်ဘာ ၂၄ရက်ညမနက်ပေါင်း ၁၀၅၂ positive။ ဒီတော့ကာ ခင်ဗျားတို့မလုပ်နိုင်ရင် အားလုံး ၃ပတ်လောက် ဘေးထွက်ထိုင်ပေး။ ကျနော်လုပ်ပေးမယ်။ တစ်ပြည်လုံးလုပ်စရာ မလိုဘူး။ Epicenter ရန်ကုန်တိုင်းဘဲ လုပ်မယ်။
ရဲတပ်ဖွဲ့ဝင် ၁၀၀၀၊ စစ်သား ၁၀၀၀၊ volunteer ၁၀၀၀ ဆိုရပြီ။ လူ၃၀၀၀ နဲ့ချက်ခြင်းအလုပ်စမယ်။ အဓိကနေရာ လမ်းမကြီးတွေမှာ barricade တွေနဲ့ စစ်ဆေးရေး point ၁၅၀ ချမယ်။ point တစ်ခုမှာ ရဲ၊စစ်တပ်၊ volunteer ၂၀ ရှိမယ်။ ၃ ဆိုင်း ၈နာရီတစ်ကြိမ် လဲမယ်။ လာသမျှ ကားအကုန်စစ်မယ်။ ဘောင်မဝင်တဲ့ သွားလာမူမှန်သမျှ အကုန်ချက်ခြင်းဒဏ်ရိုက်မယ်။ ဘယ်အဘသား ဝန်ကြီးသားမှ ကင်းလွတ်ခွင့်မရှိ။ အားလုံး မဖြစ်မနေကိစ္စမှတစ်ပါး Homestay ဘဲ။ အဲဒီလူ ၃၀၀၀ သွားလာရေးစားရေးသောက်ရေးအတွက်တော့ စီစဉ်ပေးရမယ်။ ဒါလဲမခက်လှပါဘူး။
၂ ပတ် ၃ ပတ်လောက်သည်းခံကြပါဗျာ။ ကျနော့်ကိုယ်တွေ့မို့ ပြောတာပါ။ ချက်ခြင်းကို ပိုးတွေ့မူလျော့သွားပါလိမ့်မယ်။ အစိုးရဘက်ကလဲ ထိထိရောက်ရောက်လုပ်၊ ပြည်သူဘက်ကလဲ တိတိကျကျလိုက်နာကြပါ။ မူစလင်နိုင်ငံချင်းအတူတူ မလေးရှားကဘာလို့ ကောင်းကောင်းထိန်းနိုင်ပြီး အင်ဒိုနီးရှားက ဘာလို့ ပိုးစက်ပက်စက်ဖြစ်ရလဲဆိုတော့ မလေးရှားက ဗလီတွေပါပိတ်လိုက်ပြီး အင်ဒိုက ဗလီဝတ်ပြုခွင့်တွေ မထိန်းချူပ်ခဲ့လို့ပါ။
သေချာတာကတော့ လူစုလူဝေး မထိန်းချူ ပ်နိုင်သမျှ positive တွေများပြီး လူတွေသေကြရအုန်းမယ်။ ဒီအချိန်မှာ ဘာပါတီကိစ္စ ရွေးကောက်ပွဲကိစ္စမှ မမြင်ချင်မကြားချင်ဘူး။ ပြည်သူလူထုအသက်ထက် ဘာမှ အရေးမကြီးဘူး။
Zay Soe