ကဲ စလာပါပြီ။ ဒီလိုဖျက်လိုဖျက်ဆီးနဲ့ စည်းကမ်းပျက်တာက မြန်မာ့စိတ်ရင်းများ ဖြစ်နေပြီလား?
ကဲ စလာပါပြီ။ ဒီလိုဖျက်လိုဖျက်ဆီးနဲ့ စည်းကမ်းပျက်တာက မြန်မာ့စိတ်ရင်းများ ဖြစ်နေပြီလား?
ခုနှစ်ရက်မပြည့်သေးဘူး ကွမ်းသွေးတွေနဲ့ ညစ်ပတ်နေပြီဖြစ်တဲ့ ရန်ကုန် မော်လမြိုင် လေအိပ်ရထား။ နှစ်ငါးဆယ် စာရိတ္တတွေ ဖျက်စီးခံခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုး
လွန်ခဲ့တဲ့ နှစ် ၄၀ က ဟီးရိုးကား အသစ်ကြီးတွေရဲ့ ဆိုဖာခုံတွေကို ဓားနဲ့ ခွဲခဲ့တဲ့ အကျင့်စရိုက်တွေ မပျောက်ကြသေးပါလား၊ ဒီနေ့ခေတ်မှာ အပေါဆုံး ဖြစ်တဲ့ ပလပ်စတစ်အိတ်လေးထဲ ကွမ်းတံတွေး ထွေးထည့်ပြီး အမှိုက်ပုံးထဲ ထည့်ရမယ်ဆိုတဲ့ အတွေးမျိုး မတွေးနိုင်သေးတဲ့သူတွေဆီက ကျွန်တော်တို့ ဘာတွေ မျှော်လင့်နေဦးမှာလဲ။
ကွမ်းဆိုတာ ရိုးရာစားစရာဆိုပေမယ့် ဒီလိုတွေ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရင်တော့ ကွမ်းမစားဖို့ စည်းကမ်းတွေ ထုတ်ကြရဦးမှာပါ၊ အဲဒါဆို ကွမ်းစီးပွားရေးမှာ မှီခိုနေတဲ့ အခြေခံလူတန်းစားတွေပဲ ထိခိုက်ကုန်မှာ ဖြစ်ပါတယ်။ သူ့ဖက် ကိုယ့်ဖက် တွေးပြီး ခေတ်မီသန့်ရှင်းတဲ့ နိုင်ငံတော်ကြီး ပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင်း….