ပြောင်းလဲပြုပြင်မှုတွေ လုပ်ပြီး အမြန်ကုသသင့်နေပြီဖြစ်တဲ့ မြန်မာ့အိမ်ရှင်မ ရောဂါလက္ခဏာများ

မြန်မာအမျိုးသမီးလက္ခဏာစုများ (Myanmar women’s syndrome)

ဒီအကြောင်းကိုရေးချင်နေတာအတော်ကြာပါပြီ။ မရေးဖြစ်တဲ့အကြောင်းကတော့ ဒီခေတ်မှာ အထူးကုမဟုတ်တဲ့ ဆရာဝန်တွေကို လူတွေက ပညာရှင် expert အဖြစ် အသိအမှတ် သိပ်မပြုကြတော့တာရယ်|အစုအဖွဲ့တခုကို သွားပြီး ရန်စလိုက်သလိုဖြစ်သွားမှာ စိုးတာရယ်ကြောင့်ပါ။ syndrome ဆိုတာ တူညီတဲ့ မူမမှန် လက္ခဏာစုကို ခေါ်ပါတယ်။ အခုခေါင်းစဥ်ကလည်း မြန်မာအမျိုး သမီးတွေရဲ့၊တူညီတဲ့သွင်ပြင်စရိုက်လက္ခဏာတွေကို၊ ထောက်ပြချင်တာ။ အိက မြန်မာအိမ်ရှင်မတွေ။

တကယ်တော့မိန်းကလေးတွေကပိုတော်တယ်ဗျ။ ဆယ်တန်းအောင်ချက်|ဂုဏ်ထူး၊အမှတ်|မြို့နယ်၊ခရိုင် တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်တွေမှာပါ မိန်းကလေးတွေက ထိပ်ဆုံးက အများစု။ တက္ကသိုလ်မှာလည်း၊ အမျိုးသားတွေက နောက်ကပါဘဲခင်ဗျာ။အလုပ်ခွင်ထဲမှာလည်း တကယ်ထက်မြက်တဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေးပါ။ စာရင်းစစ်ရုံးတွေ၊ စာသင် ကျောင်းတွေ၊အထည်ချုပ်လုပ်ငန်းတွေ၊ ဆေးရုံတွေ၊ ရုံးတွေ၊ ကုန်တိုက်တွေ ရောက်သွားရင်၊ အမျိုးသမီးတွေချည်း တွေ့ရမှာပါ။

ဒါဆိုရင်ကျနော်ပြောချင်တာက ဘယ်သူတွေပါလဲ။ မြန်မာအိမ်ရှင်မတွေကို ပြောချင်တာပါ။ ဘယ်လိုအိမ်ရှင်မတွေလည်းဆိုတော့၊ ဝင်ငွေရတဲ့ အလုပ်မလုပ်ဘဲ၊ မှီခိုအဖြစ်နဲ့ဘဲ နေထိုင်ပြီး၊ အမြဲတမ်းအိမ်မှု ကိစ္စတွေနဲ့ဘဲ၊ အချိန်ကုန်နေကြတဲ့သူတွေကို ရည်ရွယ်တာပါ။ ဘယ်လို ​မြန်မာအိမ်ရှင်မတွေမှာ ဘယ်လိုတူညီတဲ့ အချက်တွေ တွေ့ရပါသလဲ။ ဆေးခန်းလာတဲ့ သူတွေထဲမှာ၊ မြင်တွေ့ရသလောက် ပြောပြချင်တယ်။

ကျနော်နေဖူးတဲ့နယ်မြို့တွေမှာ |ရွာနဲ့| မြို့ဆင်ခြေဖုံးက သူတွေကို ကြည့်လိုက်ရင်၊ ယောင်္ကျားက၊ လယ်သမား၊ အလုပ်သမား၊ကျောင်းဆရာ၊စျေးသည်၊ကုန်သည်|ဝန် ထမ်း၊ဆိုက္ကားနင်း၊ ဆံပင်ညှပ် ဘာဘဲဖြစ်နေနေ ၊မိန်းမတွေက မှီခိုတွေဘဲ၊ အိမ်မှုကိစ္စလုပ်ရင်း၊ လင့်လုပ်စာတခုတည်းနဲ့ ရပ်တည်ကြတယ်။

ဒါဟာ နိုင်ငံနဲ့ချီပြီးကြည့်ရင် ၊တော်တော်ဆိုးပါတယ်။ သူများတိုင်းပြည်ကို မှီဖို့၊ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြရမယ့် အချိန်မှာ၊အနည်းဆုံးမောင်တထမ်းမယ်တရွက်ဖြစ်နေရ မယ်။ အခုတော့ဗျာ၊မနက်မိုးလင်းတာနဲ့ ဘု ားပန်းလဲ၊ချက်ပြုတ်၊ဆွမ်းတော်ကပ် တံမြက်စီးလှည်း၊ ကလေးထိန်း၊ အဝတ်လျှော်၊မီးပူထိုး သန့်ရှင်းရေးလုပ်ဆိုတဲ့ တောက်တိုမယ်ရလေးတွေဘဲ လုပ်ကြရင်း တနေ့တာကိုဘယ်လိုမှန်းမသိကုန်ဆုံးကြရ။

အဟာရမပြည့်ဝတဲ့၊ မနက်စာနဲ့ထမင်း၂ နပ်ကိုဘဲ စားသောက် ဆေးကြောလို့၊ ညကျဇတ်လမ်းတွဲတွေကြည့် အချိန်လွန်အိပ်စက်၊ ဘဝကို ခုလို အမှတ်တမဲ့ဖြတ်သန်းနေကြသူ တွေအများကြီး။ ရည်မှန်းချက်လည်းမရှိကြဘူး။ ဆေးခန်းထဲ ဝင်လာတာနဲ့သိလိုက်ပြီ။ မျက်နှာပြဲပြဲ၊ ဗိုက်ပူပူ၊ လက်မောင်း ခြေ သလုံးအတုတ်ကြီးတွေနဲ့။ အသက်ရှုသံကပြင်း၊ ပါးစောင်မှာကွမ်းယာ။ ကိုရီးယားဇတ်လမ်းတွဲကလွဲလို့ တခြားဘာကိုမှစိတ်မဝင် စား မသိတဲ့ပုံမျိုး။ သနပ်ခါးဘဲကျားရိုက် အဝတ်အစားက မသပ်မယပ်နဲ့ပြူးကြပ်လို့။

လက်ဝတ်လက်စားက မပါတာများသလို၊ ပါလည်းခပ်နည်းနည်းဘဲ။ လာပြတာက အသက်ရှုမဝ၊ ဇက်ကြောတက်၊ ဒူးနာ၊ခါးနာ စားပြီးတိုင်း ရင်ပြည့်ပြီးနေရခက်လို့ ဗမာဆေး၊အင်္ဂလိပ်ဆေး၊အစာကြေဆေး၊အ ကိုက်အခဲပျောက်ဆေးဒူးနာ ခါးနာလိမ်း ဆေး၊စုတ်ပေါက်၊တောလုပ်၊တောင်လုပ် အ စုံလုပ်ပြီးမှ လာကြ။

ဟော!တွေ့ပါပြီ။ ဆီးချို၊သွေးတိုး အသည်းအဆီဖုံး၊ နှလုံးသွေးကြောကျဉ်း၊ ယူ ရစ်အက်ဆစ်များ၊တရားခံကအဝလွန်ရောဂါ။ ပင်မအကြောင်းအရင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံ။ ဟင်းစားနည်း၊ ထမင်းစားများ၊ ကိုယ်လက် လှုပ်ရှားမှုမရှိ။ ဘာဗဟုသုတမှမရှိ။ ဆေးသောက်ရုံနဲ့မရ။ လူနေမှုပုံစံကို ပြင်ရမည်။ ခက်တာကရှင်းပြလည်း၊ သဘောမပေါက်၊ စိတ်မဝင်စား၊ ပျောက်ချင်တာသာ လိုရင်း၊ခက်ကပြီ။

ဒီလိုနဲ့အကြွေစောကြ။ တကယ်ကသူတို့ကိုချည်းအပြစ် တင်လို့မရ၊ နိုင်ငံရေးစနစ်မကောင်းခဲ့၍၊ပ ညာရေးမကောင်း၊အလုပ်အကိုင် အခွင့်အလမ်းမရှိ၊ ကျွမ်းကျင်မှုမရှိ၊ ဒီတော့ဖြစ်သလိုနေလိုက်ကြရင်း၊ ဘဝကပိုပြီးကြပ်တည်းလာကြ။ ပိုပြီးဖြစ်သလိုနေကြနဲ့ အဆိုးဘက်ကို ပိုပိုရောက်သွားကြတယ်။ ကောင်းပါပြီ မြန်မအိမ်ရှင်မ တွေရဲ့ဘဝကို ဘယ်ကစပြီး ပြုပြင်ကြမလဲ။ ကျနော်ဥာဏ်မှီသလောက်ဆွေးနွေးပါဦးမယ်။

၁- ကျန်းမာရေးနဲ့ညီညွတ်ပြီး မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်သည့် အစားအသောက် ချက်ပြုတ်နည်းများကိုသင်တန်းပေးသင့်သည်။ အခွံခွါတာ၊ ထောင်းတာ၊ လှီးတာ​ဖြတ်တာ မြန်တဲ့နည်းတွေ online မှာရှိသည်။ အားလုံးကို app တခုတည်းမှာ ထည့်ထားလို့ရပြီး၊ လေ့လာနိုင်အောင် လုပ်ပေးရမည်။

၂-အိမ်သန့်ရှင်းရေး၊သင်တန်းပေးသင့်သည်။ ရှုပ်ပွသွားမှ ခဏခဏလိုက်သိမ်းမည့် အစား၊ အမြဲတမ်း စည်းကမ်းတကျနေရာချထား တတ်အောင်သင်ပေးထားလျှင်၊ အချိန်ကုန် သက်သာသည်။ကုန်ကျစားရိပ်နည်းနည်းနဲ့ အိမ်အလှဆင်တာတွေ၊ သစ်ပင်ပန်းပင်၊ဟင်း သီးဟင်းရွက် အလွယ်တကူစိုက်တာတွေ သင်ပေးလို့ တအိမ့်တအိမ် အတုယူစေမည်။ အပေါ်က အပလီကေးရှင်းတခုထဲမှာဘဲ ပေါင်းထည့်ထားပြီး ပြပေးထားရင် လုံလောက်သည်။

၃- ကျန်းမာရေးလေ့ကျင့်ခဏ်း​တွေလုပ်ဖို့၊ ရပ်ကွက်ထဲမှာ fan clubတွေဖွဲ့ပေးမည်။ ကစားဖိုနေရာတော့လိုမည်။ ဝိတ်ချပြိုင်ပွဲ၊ အချက်အပြုတ်ပြိုင်ပွဲ၊ အနုပညာ အဆိုအကပြိုင်ပွဲ၊ ပန်းပြိုင်ပွဲ၊ ဟင်းရွက်ခင်းပြိုင်ပွဲတွေလုပ်မည်။ တမြို့နယ်လုံး မလုပ်သေးဘဲ၊ pilot project အနေဖြင့်၊ ရပ်ကွက်/ကျေးရွာတခုခုလောက်စမ်းလုပ် ကြည့်ပြီး၊လိုတာပြင်ယူမည်။

၅ -အမျိုးသမီးများလုပ်နိုင်မည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖန်တီးပေးရန် ပညာရှင်များက သုတေသနပြု စီမံအကောင်အထည်ဖေါ်ရမည်၊၊ မိသားစုတိုင်းဝင်ငွေတိုးပြီး တိုင်းပြည်လည်းတိုးတက်မည်။ ကျနော်တို့နိုင်ငံတွင် အမျိးသမီးဦးရေကထက်ဝက်ကျော်သည်။ နည်းသည်မဟုတ်။ အလုပ်လုပ်နိုင်အောင်၊ အခြေခံကစပြီး ပြုပြင်ပေးသင့်သည်။

၆- အလုပ်အကိုင်ဖန်တီးပေးရာတွင် စိုက်ပျိုးမွေးမြူစက်မှု၊ကုန်ကြမ်းကုန်ချောထုတ်လုပ်နိုင်မှ တိုင်းပြည်တိုးတက်မည်။ ဆံပင်ညှပ် အလှပြင် စျေးရောင်း ပွဲစားလုပ် ကိုယ်စားလှယ်လုပ်ငန်းများကတော့၊တိုင်း ပြည်အတွက်၊ ဘာမျှအသားတင် ထွက်ကုန်မထွက်။ မလိုအပ်ဖူးလို့ မဆိုလိုပါ။ ကုန်ထုတ်လုပ်မှုလုပ်ငန်းထက် ဝန်ဆောင်မှုလုပ်ငန်းများကပိုများလာပြီဆိုလျှင်တိုင်း ပြည်တိုးတက်ဖို့ သိပ်မကောင်းနိုင်ပါ။ နိုင်ငံ တကာ အဆင့်ဝန်ဆောင်မှုပေးခြင်း၊

ဥပမာ နိုင်ငံခြားခရီးသွားများအတွက် hotel & tourism ဝန်ဆောင်မှုပေးခြင်းမျိုးကတော့ နိုင်ငံခြားငွေရသည့်အတွက်ကုန်ထုတ်လုပ်မှု တမျိုးလို့ပင်ယူဆလို့ရသည်။ပြည်တွင်း ခရီးသွားလုပ်ငန်းများကတော့ တိုင်းပြည်ကို ဘာမျှ အသားတင်တန်ဖိုးမပေးနိုင်ပါ။
နောက်ပြီး နေရာတကာမှာ စျေးဆိုင်ပေါက်စနတွေ ပွထ​နေသည်မှာလည်း၊ စိတ်ပျက်စရာအလွန်ကောင်းလှသည်။ ကုန်ထုတ်လုပ်ငန်းတခုမှမပါ။ တကယ်တော့ ဒါလည်းအစိုးရက၊ ကုန်ထုတ်လုပ်ငန်းတွေ မဖန်တီးပေးနိုင်လို့၊ ရရာလုပ်ကြခြင်းလည်း ပါသည်။

၇- စာကြည့်တိုက်များထားပေးခြင်း စာဖတ်ဖြစ်အောင် စည်း ရုံးခြင်းတို့လုပ်သင့်ပါသည် စာမူများဖိတ်ခေါ်၍ရပ်ကွက် သတင်းစာများဖန်တီးနိုင်သည်၊ သို့မဟုတ် ရပ်ကွက် website များလွှင့်တင်နိုင်သည်။

၈- ကလေးထိန်းဂေဟာများထားရှိပြီး ကလေးများကို ငယ်စဉ်ကတည်းက စနစ်တကျပြုစုပျိုးထောင်နိုင်သလို အမေတွေအလုပ်လုပ်နိုင်သည်။ နေ့ကလေးထိန်းဆရာမများ၏ အရည်အသွေးပြည့်ဝဖို့လည်း အရေးကြီးသည်။

မြန်မာအိမ်ရှင်မ အများစု နေ့စဥ်ဖြတ်သန်းနေရတဲ့၊ မှီခိုဆိုတဲ့ဘဝကြီးနဲ့ ဦးတည်ရာမဲ့ ရပ်တည်နေရတဲ့ ဘဝကြီးကို စွန့်လွှတ်ကြဖို့အချိန်တန်ပါပြီ။ အလုပ်လုပ်ကြပါ။ အားကစား လိုက်စားကြပါ။ စာဖတ်ကြပါ။ ပတ်ဝန်းကျင်ကို စူးစမ်းကြပါ။

သပ်ယပ်လှပ​ကျော့ရှင်းပြီး အားလုံးပြည့်ပြည့်စုံစုံနဲ့ ၊ကျန်းမာပျော်ရွှင်စွာ ခေတ်နဲ့အညီ နေနိုင်အောင် တဦးချင်းကစ၊ အိမ်နီးချင်း​တွေ ရပ်ကွက် ကျေးရွာအဆင့်ကို ​ကျော်ပြီး၊ မြို့နယ် ခရိုင် တိုင်း နိုင်ငံထိ အားလုံး mind set လို့ခေါ်တဲ့ခံယူချက်တွေကို ပြုပြင်လိုက်ကြလျှင် သိပ်ကြာမည်မထင်ပေ။ လင်သားများကလည်း၊ အိမ်ဦးနတ်ဆိုပြီး အလကားမနေသင့်၊ အိမ်မှုကိစ္စများကို ဝိုင်းဝန်းလုပ်သင့် သည်။

ဖြစ်နိုင်လျှင်ကိုယ့်မြို့နယ်က စချင်သည်။မြန်နိုင်သမျှမြန်မြန်အကောင်အထည်ဖော်ချင်သည်။စိတ်ကူးစိတ်သန်းလိုသည်။စီမံချက်ရှိရမည်။ရံပုံငွေလိုသည်။လူအင်အားရှိရမည်။နည်းပညာပါရမည်။ကျနော်တို့နိုင်ငံတွင် ပရဟိတစိတ်တွေထွန်းကားသည်။ ပရဟိတအသင်းတွေထူထောင်ကြသည်။ Ambulanceတွေ လိုတာထက်ပိုနေသည်။ တကယ်လိုသည့် မိလ္လာကားတွင် အလှုရှင်ကဗျည်းမထိုးလိုကြ။ သူများနာကူလျှင် ကိုယ်လည်းလိုက်ပြီး နာကူမည်။

ကျနော်ကတော့ ပရဟိတအဖွဲ့တွေဟာ အမြင်ကို ပြောင်းလည်းပြီးတော့၊ နာကူအဆင့်နဲ့တင် ကြည်နူး သာဓုခေါ်မနေဘဲ၊ ကိုယ့်ရပ်ရွာတိုးတက်အောင်၊ ဟင်းစားပေးတဲ့အဆင့် မှပိုက်ချက်ပြနိုင်အောင်၊ ပြောင်းလည်းသင့်ပြီဟုထင်ပါသည်။ခင်နှင်းကြည်သာကိုနမူနာယူကြပါ၊ မိန်းခလေးအပျိုအရွယ်ကလေးပေမယ့်၊ ရေမရှိတဲ့အရပ်တွေမှာ၊ စက်ရေတွင်းတွေ လိုက်တူးနေတာ၊ အလှုရှင်တွေလည်း မနည်းဘဲ။ ခုတင်ပြခဲ့တဲ့လုပ်ငန်းတွေကို၊ ပရဟိတအဖွဲ့တွေက တာဝန်ယူလုပ်လျှင် အောင်မြင်မည်ထင်သည်။ နိုင်ငံကိုအုပ်ချုပ်နေကြသူတွေကလည်း အမျိုးသမီးထုကြီး၏ လက်ရှိအခြေနေကို အမှန်တကယ်သဘောပေါက်လျှက် အလျှင်အမြန့် ပြုပြင်ဆောင်ရွက်ပေးသင့်တယ်လို့ မြင်မိကြောင်းပါခင်ဗျာ။

Saw Thurein

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page