“ဘုရားဟော အမှန်များနဲ့ မြန်မာ့နည်း မြန်မာ့ဟန်ဂျင်းများ”

“ဘုရားဟော အမှန်များနဲ့ မြန်မာ့နည်း မြန်မာ့ဟန်ဂျင်းများ”

ဘုရားက- အဝတ်အစား ဘယ်ပုံဝတ်ရင် ယဉ်ကျေးတယ်။ ဘယ်ပုံဝတ်ရင် ရိုင်းစိုင်းတယ်လို့ မဟောဘူး။ ငါဘုရားဆီလာရင် ဘယ်လိုပုံစံဝတ်ခဲ့။ ဘယ်လိုပုံစံ မဝတ်နဲ့လို့ မဟောဘူး။

ဘုရားဂေါပကက- ဘုရားဆီလာရင် ဟိုလိုဝတ်မလာရဘူး။ ဒီလိုဝတ်မလာရဘူးလို့ စည်းကမ်းထုတ်တယ်။

ဘုရားက- ဘဝကြီးပွားရေးအတွက် နတ်တင်ဖို့၊ မိရိုးဖလာနတ်တွေကို ပစ်မထားကြဖို့၊ နတ်တွေကလည်း လူတွေကို တတ်နိုင်သလောက် ပြန်စောင့်ရှောက်ကြဖို့ဟောတယ်။

ဘုန်းကြီးတချို့က- နတ်တင်ရင် သရဏဂုံပျက်တယ်။ ဗုဒ္ဓဘာသာမဟုတ်ဘူးလို့ ဟောတယ်။

ဘုရားက- အရမ်းဆင်းရဲတဲ့အိမ်ကို ဆွမ်းခံတောင်ဝင်မခံကြနဲ့ ဟောတယ်။

ဘုန်းကြီးတချို့က- မရှိလို့ မလှူ၊ မလှူလို့ မရှိလို့ ဟောကြတယ်။

ဘုရားက- ရှေးအတိတ်ခံကိုချည်းပဲ ပုံမချရဘူးလို့ဟောတယ်။

ဘုန်းကြီးတချို့က- ရှေးက ဒါနနည်းခဲ့လို့ မွဲတာတဲ့။ ဖြစ်သူအဟောင်း တဲ့။

ဘုရားက- ကမ္မဋ္ဌာန်းနည်းလမ်းပေါင်း (၄၀)ဟောခဲ့တယ်။

ဘုန်းကြီးတချို့က- ငါ့နည်းကသာ နိဗ္ဗာန်ရောက်ကြောင်းတရားစစ်လို့ ဟောကြတယ်။

ဘုရားက- ချမ်းသာချင်ရင် စီးပွားရေးလုပ်တတ်အောင်သင်ပြီး စီးပွားရှာလို့ဟောတယ်။

ဘုန်းကြီးတချို့က- ဘာအဓိဋ္ဌာန် ညာအဓိဋ္ဌာန်လုပ်ဖို့ ဟောကြတယ်။

ဘုရားရှင်က- ၁။ နိဗ္ဗာန်ရောက်ကြောင်း ဒါနပါရမီဖြစ်ဖို့ အယုတ် အလတ် အမြတ်မရွေး လိုနေသူကို လိုတာလှူဖို့ ဟောခဲ့တယ်။ ၂။ ဒါနအကျိုးဖြစ်တဲ့ လောကီချမ်းသာ ပြန်ခံစားချင်ရင် သီလရှိသူကို ရွေးချယ်လှူဖို့ ဟောခဲ့တယ်။

ဘုန်းကြီးတချို့က- တစ်ကို မဟောဘူး။ နှစ်ကို အသားပေးဟောတယ်။ ပြီးတော့ သူပဲ သီလရှိသလိုလိုဟောတယ်။

မိုးသု (မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page