၇ လကြာပြီဖြစ်တဲ့ မြန်မာ့ကိုဗစ်တိုက်ဖျက်ရေးဗျူဟာနှင့် အမေရိကန်ဆီက ယူရမယ့် သင်ခန်းစာ

၇ လကြာပြီဖြစ်တဲ့ မြန်မာ့ကိုဗစ်တိုက်ဖျက်ရေးဗျူဟာနှင့် အမေရိကန်ဆီက ယူရမယ့် သင်ခန်းစာ

အမေရိကန်ပြည် Tuscon,Arizona ဆေးရုံကအရေးပေါ် ကုသမှုဆိုင်ရာ သမားတော်တယောက် ပြောတာကတော့ လူနာတွေ သိပ်ကိုစုပြုံနေပြီ။ PPE ဝတ်စုံတွေ မလုံလောက်ဘူး။ ကျန်းမာရေးဝန် ထမ်းတွေလဲ အင်အားမလုံလောက်တော့ဘူး။ ရှေ့တန်းကျန်းမာရေး ဝန်ထမ်းတွေ စိုးရိမ်လွန်ကဲမှုနဲ့ စိတ်ဒဏ်ရာ စိတ်ဝေဒနာတွေရကုန်ပြီ။

သမားတော် သူနာပြုဆရာမတော်တော်များများလဲ စိတ်ပင်ပန်းလို့ ဆေးရုံတွေကို စွန့်ခွါကုန်ပြီ။ ဆေးရုံတွေမှာလဲ လူနာတွေနဲ့ပြည့်နေပြီ။ ဒီအခြေအနေ နိဂုံးချုပ်မဲ့လမ်းလဲမမြင်ဘူး။ လာမဲ့ကျေးဇူးတော်နေ့ အခမ်းအနားတွေမှာ အမေရိကန်ပြည်သူတွေ စည်းကမ်းမလိုက်နာ လူစု လူဝေးလုပ်ကြမယ်ဆိုရင် မကြာခင် အမေရိကန်ကျန်းမာရေး စံနစ်ပြိုလဲ သွားတာတွေ့ရမယ်လို့ သတိပေးပါတယ်။

အမေရိကန်မှာ တနေ့ လူ ၁၀၀၀လောက် သေနေရာက ၂၀၀၀ နှုံးရောက်တော့မယ်။ မကြာခင် တနေ့ ၃၀၀၀ သေမယ်ပြောတယ်။ ဒီမှာ တနေ့ပိုးတွေ့တထောင်ကျော် ရှိတယ်။ Rapid antigen test kit တွေနဲ့စစ်တော့ ပိုတိုးလာစရာရှိတယ်။ သေတာတော့ တနေ့၂၀ မှ ၃၀ ကြားသေတယ်။ သေတဲ့ထဲမှာ ရောဂါခံရှိသူ ၈၀% လောက်ပါတယ်။ သေတာ တနေ့ ၃၀ အောက်ဆို တော်သေးတယ် ယူဆရတယ်။

မြန်မာလူဦးရေ ၅၃သန်းကျော်မှာ တသန်းမှာ ၃၁ယောက် သေတယ်။ အမေရိကန်လူဦးရေ ၃၂၈ သန်းကျော်မှာ လူတသန်းကို ၇၇၈ ယောက်သေတယ်။ အမေရိကန်မှာ ကိုဗစ်ထိန်းချုပ်မူဝါဒက ပြည်နယ်အလိုက် အမျိုးမျိုးဘဲ။ ဖွင့်တဲ့သူဖွင့် ပိတ်တဲ့သူပိတ် ဖွင့်လိုက် ပိတ်လိုက်လုပ် တဲ့နေရာက လုပ်တယ်။ အမျိုးမျိုးဘဲ။ လွတ်လပ်မှု ဦးစားပေးသူတွေ ကိုး။

ထရမ့်က အမျိုးမျိုး သူထင်ရာပြောတယ်။ ဆရာဝန်ကြီးအကြံပေးချက် အလေးမထားဘူး။ mask လဲမတပ်ဘူး။ မြန်မာပြည်ကိုဗစ် ထိန်းချုပ်ရေးမူဝါဒက အပိတ် ဖြစ်တယ်။ အစိုးရက ဆရာဝန်တွေ စကား အလေးထားတယ်။ အပိတ်ဝါဒကလဲ ဧပြီလ ကစတာ အခု ၇ လရှိပြီ။ ပထမ လှိုင်းမှာ အောင်မြင်တယ်။ အခုက ဒုတိယလှိုင်းမှာ မအောင်မြင်ဘူး။ ရန်ကုန် အလူးအလဲခံနေရပြီ။ မန္တလေးလဲစ လာပြီ။ တိုင်းနဲ့ပြည်နယ်တွေလဲ ပိတ်ဆို့တားဆီးနေကြတယ်။

ဒါ ပေမဲ့ law enforcement အာဏာပိုင်ပါဝင်မှု အားနည်းလို့ အောင်မြင်ဖို့မလွယ်ဘူး။ အပိတ် မူဝါဒ ၇ လကြာပြီ။ တသက်လုံးပိတ်ထားလို့လဲ မဖြစ်နိုင်ဘူး။ မကြာမှီ အဖွင့် ဝါဒကျင့်သုံးတော့မယ်လို့ ယူဆရတယ်။ ဖွင့်ရင် စည်းကမ်းလိုက်နာဖို့ လိုတယ်။ ဒါမှအထိမနာမှာ။ မြန်မာ တွေက စည်းကမ်းလိုက်နာမှု အားနည်းတယ်။ အာဏာပိုင်ပါဝင် မှု law enforcement လုံးဝ( လုံးဝ ဥသုံ )လိုအပ်တယ်။ စည်းကမ်းထိန်းအဖွဲ့ကို ဝန်ထမ်းနဲ့ပြည်သူ ပေါင်းစပ်ဖွဲ့စည်း သင့်တယ်။ မြန်မာတွေ စည်းကမ်းမလိုက်နာရင်တော့မကြာခင် မြန်မာပြည် လဲ အမေရိကန်ပြည်လို အလောင်းစည်သူ အခြေအနေရောက်ပါလိမ့် မယ်။

ဒီအချက်တွေလိုက်နာကြပါ mask တပ် လက်ဆေး ‌ဝေးဝေးနေ လူစုလူဝေးရှောင် အိမ်ထဲ ဖိနပ်မစီးရ face shield တပ် တတ်နိုင်သမျှအိမ်ထဲနေ သက်ကြီးတွေအိမ်ပြင်မထွက်နှင့် အလုပ်မှာ အိမ်မှာ သက်ကြီးနဲ့သက်ငယ်ခွဲနေ ဖျားရင် မိမိအသိစိတ်ဓါတ်နဲ့ ၁၁ ရက်အိမ်တွင်းအောင်း isolate လုပ်ကြ ( အိမ်သားတွေနဲ့မထိတွေ့ရ ) ဖျားပြီး အသက်ရှူကြပ်လာရင် ဆေးရုံချက်ခြင်းသွား ၁၄ ရက်ကျော်လို့ ဘာမှမဖြစ်ရင် ဘာမှမဖြစ်တော့ဘူး အားတင်းထားကြ

မှတ်ချက် ။ ဒုတိယလှိုင်း ဘယ်ကလာတယ် ဘယ်မှာစတယ်။ ရန်ကုန် ဘာကြောင့်ရောက်တယ်။ ရန်ကုန်ဘာကြောင့် အချိန်မှီမကာကွယ် မထိန်းချုပ်နိုင်င်လဲဆိုတာတော့ မပြောလိုတော့ ပါ။ ပြန်ပြင်လို့ရတော့တာမှ မဟုတ်တာ။

Khin Mg Than

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page