မြန်မာနိုင်ငံတွင် ပထမဆုံး EV (လျှပ်စစ်) Express အထူးကားများ မန္တလာမင်းမှ ပြေးဆွဲမည်
မြန်မာနိုင်ငံတွင် ပထမဆုံး EV(လျှပ်စစ်) Express အထူးကားများဖြင့် မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ ပြေးဆွဲတော့မည်။
မန္တလာမင်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ မြန်မာနိုင်ငံတွင် ပထမဆုံး EV (လျှပ်စစ်) Express အထူးကား ရှစ်စီးဖြင့် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ယင်း ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါ EV (လျှပ်စစ်) Express အထူးကား ရှစ်စီးဖြင့် နေပြည်တော်-ရန်ကုန်၊ နေပြည်တော်-မန္တလေး ပုံမှန် ပြေးဆွဲမည် ဖြစ်သည်။
EV (လျှပ်စစ်) Express အထူးကား နှစ်စီး ဇွန်လအတွင်း မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ရာမညတိုမ်း(မ်)