နယ်စပ်အနီးက မြန်မာတပ်များရဲ့ လှုပ်ရှားမှုတွေကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်မှု ပြုလုပ်
နယ်စပ်အနီးက မြန်မာတပ်များရဲ့ လှုပ်ရှားမှုတွေကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်မှု ပြုလုပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာ့တပ်မ တော်၏ စစ်ရေးလှုပ်ရှားနေမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးကို ယမန်နေ့ က ခေါ်ယူကန့်ကွက်လိုက်ကြောင်း သိရှိရပါတယ်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒေးလီးစတား၏ သတင်းဖော်ပြချက်အရ ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်နှင့် အလွန်နီးကပ် သော မြန်မာစစ်တပ်၏ လှုပ်ရှားမှုကို ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဟိုစိန်၏ ရုံးခန်းသို့ခေါ်ယူခဲ့ဖြစ်ကြောင်း သိရှိ ရပါတယ်။
“ဟုတ်တယ်၊ သံအမတ်ကိုဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရ်ှရဲ့ ကန့်ကွက်မှုကို ထုတ်ဖော်ပြောကြားခဲ့တယ်” ဟု အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်၍ ဘင်္ဂလားဒေ့ရှ်က မြန်မာ့တပ်မတော်၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို နှစ်နိုင်ငံ ရေပိုင်နက်အနီးတွင် တွေ့ရှိရခြင်းဖြစ်သည်ဟုလည်း သတင်းက ဆိုပါတယ်။