မြိုင်မြို့နယ်က နာမည်ကျော် လေးကောင်ဂျင်ဝိုင်းကို ဝင်ဖမ်း၊ ဝန်ကြီးချုပ် မေတ္တာရပ်ခံ

မြိုင်မြို့နယ်က နာမည်ကျော် လေးကောင်ဂျင်ဝိုင်းကို ဝင်ဖမ်း၊ ဝန်ကြီးချုပ် မေတ္တာရပ်ခံ

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တောင်စုံကျေးရွာအုပ်စု၊ မှန်ရင်း ကျေးရွာအနီးရှိ နာမည်ကြီး လေးကောင်ဂျင်ဝိုင်းအား ယနေ့တွင် ရဲက ဝင်ဖမ်းခဲ့ပါတယ်။

အမျိုးသား (၄) ဦး၊ အမျိုးသမီး (၂) ဦး တို့အား လေးကောင်ဂျင် လောင်းကစားဝိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ၊ ငွေစက္ကူရောရာ ၃၈ သိန်း ၄ သောင်းကျော်ခန့် ကိုသာ ရဲက ဖမ်းမိခဲ့ပါတယ်။ ဆိုင်ကယ် (၂၆) စီးကိုလည်း ရဲက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “မေတ္တာရပ်ခံ တောင်းပန်ပါသည်။ စပါး ၊ ပဲ ၊ နှမ်း ပေါ်လို့ ကျေးလက်ဒေသ ငွေစရွှင်ချိန်မှာ လောင်းကစားဝိုင်းတွေ မလုပ်ကြဖို့ ၊ပခုက္ကူခရိုင် မြိုင်မြို့နယ် ၊ တောင်စုံ ကျေးရွာအုပ်စု ၊ မှန်ရင်းကျေးရွာ အနီးမှာ..ဆိုင်ကယ် (၂၆) စီး ၊ ငွေ သုံးဆဲ့ရှစ်သိန်း လေးသောင်းကျော် ၊ လေးကောင်ဂျင်ဝိုင်း !”လို့ ဒေသခံတို့က မေတ္တာရပ်ခံသတင်းစကားဆိုခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က “ ယခုကာလသည် မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီ သီးနှံများပေါ်၍ တောင်သူများ ငွေရွှင်လာချိန်တွင် ရိုးသားသည့် ကျေးလက်နေပြည်သူများအား နည်းမျိုးစုံသုံး လိမ်လည်လှည့်ဖြားကာ ဂုတ်သွေးစုပ် အမြတ်ထုတ်ချင်နေသည့် ဝိသမလောဘသမားသည် လောင်းကစားဝိုင်းများဖြင့် မြှူဆွယ်မှုများ ပြုလုပ်/ဖြစ်ပေါ်လျက်သည့် အချိန်ကာလ တစ်ခုလည်းဖြစ်ပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လောင်းကစားမှုများ လျော့နည်းပပျောက်စေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ လောင်းကစားဝိုင်းများအား ဆက်လက် စုံစမ်းဖော်ထုတ်ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

ပြည်သူများအနေဖြင့်လည်း အလိုကြီး အရနည်းဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့၏ ချွေးနဲစာဖြင့် ရရှိလာသည့် ငွေများအား မသမာသူ ဝိသမလောဘသမားများ လက်ထဲတွင် မဆုံးရှုံးစေရေးအတွက် ငွေအလွယ်ရလိုမှုနှင့် မိမိ၏မဖျောက်ဖျက်နိုင်သည့် ဝါသနာများအား ကြိုးစားထိန်းချုပ်ကာ လောင်းကစားဝိုင်းဖြင့် မြှူဆွယ်၍ လိမ်လည်လှည့်ဖြား အမြတ်ထုတ် နိုင်သည့် ဝိသမလောဘသမားများရန်မှ ကင်းဝေးပြီး လောင်းကစားလောဘနွံထဲတွင် ဘဝများမနစ်မွန်းစေရန် မိမိကိုယ်တိုင် လောင်းကစားမှုပြုခြင်း၌ ပါဝင်ပတ်သတ်မှု မပြုခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်”ဟု ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page