ရန်ကုန်ကိုဗစ်အဆုံးသတ်တိုက်ပွဲ ဆက်ရှိနေသေး၊ များများစစ် မြန်မြန်ကု မြန်မြန်ဆင်း ဗျူဟာကို ပြောင်းလိုက်ပြီ

ရန်ကုန်ကိုဗစ်အဆုံးသတ်တိုက်ပွဲ ဆက်ရှိနေသေး၊ များများစစ် မြန်မြန်ကု မြန်မြန်ဆင်း ဗျူဟာကို ပြောင်းလိုက်ပြီ

အာခေါင်တို့ဖတ်ယူပြီးတဲ့ ၁၀ ရက်ရှိရင် ရောဂါလက္ခဏာအပေါ်မူတည်ပြီး ကူးစက်နိုင်ခြင်းမရှိတော့သူများကို ဆေးရုံ စောစောဆင်းပေးပါမယ်။ ရောဂါလက္ခဏာရှိသူများကိုတော့ စစ်ဆေးမှုများတယ် ပိုးရှိသူများပါတယ်။

သိပ်ပြီးဆိုးဝါးနေတာတော့ မဟုတ်ပါဘူး ဒီထက်ပိုကောင်းအောင်ဆောင်ရွက်နေပါတယ်။ တစ်ယောက်ရဲ့အသက်မှ မဆုံးရှုံးစေချင်ပါဘူး။ အစွမ်းကုန်ကြိုးစားနေပါတယ်။

အဆပေါင်းများစွာ အခြေအနေကောင်းပါတယ်။ အခက်အခဲများစွာရှိတာသိပါတယ်။ ဒီထက်ပိုကောင်းအောင်လုပ်နေပါတယ်။

လာမည့်လေးငါးရက်မှာ ရန်ကုန်ဆေးရုံကြီးမှာ HCU ကုတင် ၃၀၀ အောက်စီဂျင်ရပါမယ်။ အရှေ့ပိုင်းဆေးရုံမှာ အောက်စီဂျင်ကုတင် ၁၀၀၊ အနောက်ပိုင်းဆေးရုံမှာ အောက်စီဂျင်ကုတင် ၁၀၀ ၊ သံဃာဆေးရုံမှာ ကုတင် ၄၀၊ မြောက်ဥက္ကလာဆေးရုံ ကုတင် ၂၀၀ အရေးပေါ်ဌာန ကိုလည်းတိုးချဲ့နေပါတယ်။

အခက်အခဲဖြစ်နေတာကိုသိပါတယ် ကြိုးစားနေပါတယ်။ အစွမ်းကုန်ထိန်းချုပ်နေပါတယ်။ ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းဆင်းရဲနေတာသိပါတယ်။

အဆင်ပြေအောင်နေနိုင်သူများကို အိမ်မှာပြုစုကုသစောင့်ရှောက်နိုင်ရန်အတွက် ဆွေးနွေးနေပါတယ်။ ပတ်ဝန်းကျင်ကိုလည်း အခက်အခဲမဖြစ်အောင်၊ မိသားစုအခက်အခဲမဖြစ်အောင်
နောက်တစ်ဆင့်လိုအပ်ခဲ့လျှင်လုပ်ဖို့ ဆွေးနွေးနေပါတယ်။

တတ်နိုင်သမျှအခက်အခဲတွေ ဒုက္ခတွေ ဆင်းရဲမှုတွေ နည်းပါးနိုင်သမျှလုပ်နေပါတယ် အသေးစိတ်တင်ပြဆွေးနွေးပါမယ်။ (Chaw Chaw Kye Mon)

မနေ့က (၁၁.၁၀.၂၀၂၀) ရန်ကုန် ပိုးတွေ့ က ၁၇၉၉ ယောက် ။ (တပြည်လုံး ရဲ့ ၉၀% လောက် ရှိမယ် ထင်တယ်) အဓိက ပြောသွားတာက ဆေးရုံဆင်း guide line ပြောင်း သွားတာပါပဲ ။ ၁/ တို့ဖတ် ယူပြီး ဆယ်ရက် မြောက် ၂/ လက္ခဏာပြပြီး ၁၁ ရက် မြောက် ကိုယ်ခန္ဓာ အားလည်း ကောင်းမယ် ၊ အသက်ရှု ကြပ်တာ ဘာဘာညာညာ လည်း မရှိရင် ဆင်းပေး မယ် ။ အဲ့ဒီ အချိန်တွေ ဆို ရောဂါကင်းကြောင်း မကူးစက် နိုင်တော့ တာ သေခြာပြီ လို့ အသေအခြာ ပြောသွားပါတယ် ။ (များများစစ် ၊ မြန်မြန် ကု ၊ မြန်မြန်ဆင်း work load လျော့မယ့် သဘောပဲ )

Control ကတော့ လုံးဝ မရသေးပါဘူး လို့ ပြောသွားတယ် ။ ရန်ကုန် လူဦးရေ နဲ့ အနီးစပ်ဆုံး တူတဲ့ ဝူဟန် ၊ ပဲရစ် ၊ လန်ဒန် ရဲ့ ရောဂါ စဖြစ် ပြီး ခြောက်ပါတ် အကြာ အခြေအနေ နဲ့ နှိုင်းယှဥ်ရင် ဖြစ်ပွားနှုန်း ရော ၊ သေဆုံး နှုန်း ပါ အဆ များစွာ ကွာပါ တယ် ။ ဒီအခြေအနေ က မကျေနပ် သေးပေ မယ် အဆိုးကြီး မဟုတ်ပါဘူး ။ အဲ့ဒီတိုင်းပြည် တွေ မှာဆို ပန်းခြံထဲ ထားကုရတာ ၊ အောက်စီဂျင် မပေးနိုင် လို့ သေတာတွေ အများကြီး ဖြစ်ခဲ့ ပါတယ် ။ ရန်ကုန် ကိုဗစ် အတွက် ဒီနေ့ အဓိက ပြောသွားတာ က အောက်စီဂျင် ပေး နိုင်တဲ့ နေရာတွေ အများကြီး ထားလာ နိုင်တာ ပါပဲ ။ ရန်ကုန်ဆေးရုံကြီးမှာ ICU 30 /HDU 300 အနောက် ပိုင်းဆေးရုံ မှာ ၁၀၀ ​အရှေ့ ပိုင်း ဆေးရုံ မှာ ၁၀၀ မြောက်/ဥ မှာ ၂၀၀ သံဃ ဆေးရုံ မှာ ၄၀ အောက်စီဂျင် ပေးနိုင်အောင် လုပ်နေပါ တယ် ။

နောက်ဆုံး တိုက်ပွဲ လို့ ဒေါက်စိုး တင်စား ပြောထားတဲ့ Total strictly containment ဗျူဟာ ကို အခုထိ ကျင့်သုံးဆဲ ပါတဲ့ ။ ဒေါက်စိုး ပြောတာ ဒါ အကုန်ပါပဲ ။ လူကြီး က ဒါ ဆိုလည်း ကျနော် တို့က ဒါ ပေါ့ဗျာ ။ ကိုယ်လည်း အားလုံး မသိ နိုင်တော့ ဝေဖန် ဖို့ မသင့်ဘူး ပေါ့ ။ စစ်ဖြစ်နေတာ ကိုး ။ ကွန်မန်ဒါ စကား နားထောင်ရတာပေါ့ ။ face shield ကြားက ချောင်းကြည့်ရ တာ ဒေါက်စိုး တောင် နဲနဲ ပိန်သွား သလိုပဲ ။ အရမ်း ပင်ပန်းနေကြပါပြီ ။ ဒေါက်စိုး နည်း ကတော့ ရန်သူ ကို ဝိုင်း ပါတ် အပြင်းအထန် ဖိအားပေး ပြီး ရုန်းထွက် နေတဲ့ သဘော လို့ ပဲ ယူဆ ပါရစေ ။

ဒီတချက် ခပ်ပြင်းပြင်း ရုန်းပြီးရင်တော့ နယူနောမယ် နဲ့ အသားကျ လို့ နေထိုင် နိုင်ကြမယ် ထင်ပါတယ် ။ ရန်ကုန် သားတွေ အိမ်မှာ နေပြီး ကူညီ ကြပါ ။ မိသားစု ကို နွေးနွေးထွေးထွေး စောင့် ရှောက် အချိန်ပေး လို့ ရတာပေါ့ ။ ဖိအားတွေ များပြီး အိမ်ထဲ မှာ ရန်သတ် မနေကြနဲ့ အုန်း နော ။ ဖိုက်တင်း ရန်ကုန် ။ ဖိုက်တင်း ဒေါက်စိုး ။

Zarni Zaya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page