မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်ကို သိပြီဖြစ်သော်လည်း အမှုဖွင့်မည်သူ မရှိသေး၍ ကြန့်ကြာနေဟုဆို

မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်ကို သိပြီဖြစ်သော်လည်း အမှုဖွင့်မည်သူ မရှိသေး၍ ကြန့်ကြာနေဟုဆို

ကိုဗစ်ကာလအတွင်း တရားမဝင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်မှာရှိတဲ့ မြူးဇစ်ဇုန်ကေတီဗီ ဆိုင်ပိုင်ရှင်မှာ ဦးဇော်မင်းဖြစ်ကြောင်း သိရှိရပြီဖြစ်သော်လည်း သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြနေရသဖြင့် တရားစွဲဆိုရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဦးဇော်မင်းသည် ယင်းမြူးဇစ်ဇုန်ကေတီဗီ အဆောက်အအုံ တည် ဆောက်ထားသည့် မြေဂရမ်ပိုင်ရှင်ဖြစ်သလို ယင်းအဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် တောင်းခံရာတွင် လည်း ဦးဇော်မင်း အမည်ဖြစ်သာ တောင်းခံတည်ဆောက်ထားခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

“အခုအချိန်ထိ တရားလိုလုပ်တိုင်မယ့် ဇဝန အုပ်ချုပ်ရေးမှူးကို အမှုဖွင့်ဖို့ ရဲစခန်းက ခေါ်တာ မရှိသေးပါဘူး။ မနေ့ကအထိ ကျွန်တော်တို့ သိထားတာတော့ မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌက ခရိုင်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌကိုတ ရားစွဲဖို့ ခွင့်ပြုမိန့်တောင်းထားတယ်လို့ သိထားတယ်”ဟု ၎င်းကပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာများတွင် မြူးဇစ်ဇုန်ကေတီဗီ စားသောက်ဆိုင်ပိုင်ရှင်မှာ တပ်မတော်အရာရှိဟောင်း (အ ငြိမ်းစား) ဗိုလ်မှူးချုပ် ဦးဇော်မင်း (ခ) ဝမ်ချောင် ဖြစ်ခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေပုဒ်မဖြင့် အရေးယူတရားစွဲဆိုရန် ကြန့်ကြာနေသည်ဟု ရေးသား ပြောဆိုမှုများရှိနေပါတယ်။

“အငြိမ်းစား ဗိုလ်မှူးဟုတ်၊ မဟုတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်သိတာက ဒီမြေကွက်ပိုင်ရှင်က ဦးဇော်မင်းဖြစ်တယ်။ ဒီ အဆောက်အဦးဆောက်ဖို့ကိုလည်း ဦးဇော်မင်းနာမည်နဲ့ ခွင့်ပြုမိန့်တောင်းခံခဲ့တယ်လို့ ကျွန်တော်သိရပါတယ်။ သူဘယ် အဖွဲ့အစည်း ကလည်းဆိုတာကတော့ ကျွန်တော်မသိပါဘူး”ဟု ဦးမောင်မောင်ဦးက ဆက်လက်ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၄ရက်နံနက်ပိုင်း ထုတ်ပြန်ချက် ကိုဗစ်လူနာ စာရင်းတွင် မြူးဇစ်ဇုန်ကေတီဗီမှ ဝန်ထမ်း ၂ ဦးပါဝင်လာခဲ့ခြင်းဖြစ်ပြီးနောက် မြူးဇစ်ဇုန်ကေတီဗီမှတဆင့် ဆင့်ပွားကူးစက်သူပေါင်း ၁၄၀ ခန့်ရှိခဲ့ကြောင်း သိရပါတယ်။

ထို့ကြောင့် မြူးဇစ်ဇုန်ကေတီဗီပိုင်ရှင်အား ဆရားစွဲဆိုရန်အ တွက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီမှ စက် တင်ဘာ ၁၁ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး မြူးဇစ်ဇုန်ကေတီဗီ တည်ရှိရာ ဇဝနရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တ ရားလိုပြုလုပ် တရားစွဲဆိုသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ယင်း မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်အား အရေး ယူဆောင်ရွက်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်းမြို့ နယ် ရဲတပ်ဖွဲ့မှူး ဦးကောင်းနိုင်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် “ဒါကျွန်တော့်ကို မမေးနဲ့လေ ကျွန်တော်ဖြေလို့မရဘူး။ ကျွန်တော်တို့က တိုင်လာရင် တရားစွဲပေးမယ်။ တိုင်တဲ့လူရှိဖို့လိုတယ်။ ကိုဗစ်ကော်မတီက လုပ်ပါ့မယ်လို့ပြောပြီးသားလေ”ဟု ပြန် လည်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page