မြူးဇစ်ဇုန် ကေတီဗီရဲ့ အရှုပ်တော်ပုံ ပေါ်လာပါပြီ (ဒီအဆင်တွေက ဒီလိုတွေပါပဲ)
မြူးဇစ်ဇုန် ကေတီဗီရဲ့ အရှုပ်တော်ပုံ ပေါ်လာပါပြီ (ဒီအဆင်တွေက ဒီလိုတွေပါပဲ)
မြူးဇစ်ဇုန် နဲ့ပတ်သက်လို့ အရေးယူဖို့ အခုလို ကြန့်ကြာနေတာဟာ ယခင်က အာဏာရှင်တွေနဲ့ ပတ်သက်မှုရှိနေတာကြောင့်လို့ ပြည်သူများအကြား ပြောဆိုမှုတွေရှိနေပါတယ်။ ဒီ့အတွက် သင်္ယန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ပြောကြားခဲ့တဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်-
မြူးဇစ်ဇုန် မြေနေရာပိုင်ဆိုင်မှုဟာ အိုးအိမ်အမည်ပေါက် အများပြည်သူပိုင် နေရာတစ်ခုဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို မြေနေရာ ယာယီအသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ၂၀၁၀ ခုနှစ်မှာ လက်ရှိ မြူးဇစ်ဇုန်ပိုင်ရှင်ထံကို တစ်လ ကျပ် တစ်သိန်းခွဲနဲ့ နှစ် ၃၀ ထိ တစ်ဆင့်ငှားရမ်းခဲ့ပါတယ်။ ဒီနေရာမှာ ကြံ့ခိုင်ရေးအသင်းကို အခုလို ယာယီအသုံးခွင့်ပြုခွင့်ပြုထားတဲ့ မြေနေရာတစ်ခုကို လူတစ်ဦးတစ်ယောက်ကို အသင်းကနေ နှစ် ၃၀ ကြာ ငှားရမ်းခွင့်ရှိသားဆိုတာ မေးခွန်းထုတ်စရာပါ။
နောက်တစ်ခုက ဒီအိုးအိမ်ပိုင်မြေနေရာမှာ လူပုဂ္ဂိုလ်တစ်ဦးကို လူနေထိုင်ဖို့ အဆောက်အဦဆောက်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ အထူးခွင့်ပြုချက်နဲ့ ၂၀၁၄ မှာ တည်ဆောက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆောက်အဦဟာ လူနေထိုင်ကြတာမဟုတ်ပဲ ယနေ့အချိန်မှာတော့ စားသောက်ဆိုင်၊ ကေတီဗီ နဲ့ အနှိပ်ခန်းတွေ အဖြစ်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။