မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်လိုက်ပြီ
မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်လိုက်ပြီ
ကိုဗစ် ရောဂါကူးစက်မှု အများအပြားဖြစ်ပေါ်စေခဲ့သော မြူးဇစ်ဇုန် စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာဦးမျိုးဇော်တို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ကေတီဗီကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ တွဲဘက်အတွင်းရေးမှူး ဒေါက်တာစောအောင်ရွှေဖြူ (မြို့နယ်အဆင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ(သင်္ဃန်းကျွန်းမြို့နယ်)မှတရား လိုအဖြစ်ဆောင်ရွက်ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ) ၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅အရအမှုဖွင့်ခဲ့ခြင်းဖြစ်ပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရပါတယ်။