အမ်ပီတီ အယောင်ဆောင် အလုပ်ခေါ်စာကပ်ပြီး လိမ်တဲ့ လိမ်နည်းအသစ်

အမ်ပီတီ အယောင်ဆောင်အလုပ်ခေါ်စာကပ်ပြီး လိမ်တဲ့ လိမ်နည်းအသစ်

”သတိပြုစရာ” ဤကြော်ငြာ ဖြင့်လိုက်လံလိမ်ညာ နေသောအဖွဲ့အား သတိပြု ဆင်ခြင်နိုင်ရန်တင်ပြ အပ်ပါသည်။

ယခုလို ကိုဗစ်ကာလတွင် အလုပ်အကိုင် ရှားပါးကြပ်တည်းမှုအား အခွင့်ကောင်းယူ၍ ပုံပါဖုန်းနံပါတ်ပါ အမ်ပီတီမှ အလုပ်ခေါ်စာ အတုဖြင့် ၃/၁ ရပ် ကွက်တိုးချဲ့ မင်းရဲကျော်စွာ လမ်းမတလျောက် ၁၂-၁၂-၂၀၂၀ ရက်နေ့တွင် လိုက်လံ၍ ကြော်ငြာစာ ကပ်ရာမှ အလုပ်ရမည် အထင်ဖြင့် ကြော်ငြာပါ ဖုန်းနံပါတ် ကိုဆက်သွယ် မေးမြန်းကြည့်လိုက်ပါတယ်။

တဖက်ဖုန်းမှ နေ့စားလုပ်သား ၁၃,၀၀၀ ကျပ်နှင့် ခေါ်ကြောင်း အမျိုးသမီးဝန်ထမ်း ဆက်သွယ်ရေး ရုံး၌ တာဝန်ထမ်းဆောင်ရန် လိုအပ်ဟု ဖုန်းအတွင်းမှ ပြန်လည်ဖြေကြားခဲ့၍ လိုအပ်သော ထောက်ခံစာနှင့် ဓာတ်ပုံအား ဗိုင်ပါမှပို့စေ၍ ၁၃-၁၂-၂၀၂၀ ရက်နေ့တွင် သမိုင်း လမ်းဆုံသို့ အလုပ်ဆင်းရန် လာရောက်ရ မည်ဟု ပြောသဖြင့် သွားရောက် ကြပါတယ်။

မန်နေဂျာဟုဆိုသူမှ အနောက်ပိုင်း တက္ကသိုလ်အနီး ကေဘယ်ကြိုး တပ်ဆင်ရန် သွားကြမည် ဟုဆိုကာ အသင့်ဌား ထားသော တက္ကစီကားနှင့် ခေါ်ဆောင်၍ အနောက်ပိုင်း တက္ကသိုလ်ရှေ့အရောက် မိမိတို့ပါ လာသော ဖုန်းများအား ၄င်းအားပေးရန် ဆော့ဝဲကုတ် များထဲ့ပေးရ မည်ဟု ပြော၍ ကားပေါ် ၌ စောင့်နေ ကြရန် ပြောပြီး ထွက်သွား လေသည်။

ထိုသူမှာ ညနေစောင်းထိ ပေါ်လာခြင်း မရှိ၍ ၄င်းဖုန်းအား ဆက်သွယ်သော်လည်း စက်ပိတ်ထားသဖြင့် ကားသမားအား မေးမြန်းရာ ဌားလာခြင်းဖြစ်ကြောင်း ပြော၍ မောင်းထွက်သွား လေသည်။

လူငယ် ခြောက်ဦး၌ ငါးဦးက ဖုန်းများပါ သွားပါ သည်။ ထိုမတိုင်ခင်လဲ မိန်းကလေး နှစ်ဦးအားလဲ ၁၄ ရက်နေ့တွင် မြန်မာ ဆန်ဆန် ဝတ်စားပြီး မန်နေဂျာ ဆိုသူက သူ့အားလာတွေ့ရန် ကားလွှတ် ပေးမည် ဖြစ်ကြောင်း ပြောသေးတယ်ဟု မ___မှ ပြောပြ ခဲ့ပါတယ်။

မည်သို့ဆိုစေ ယခုလို အကျပ်တည်း ကာလမှာ ဒီလိုမျိုး လိမ်လည် လှည့်ဖြားမှုတို့မှ အမျိုးကောင်းသား အမျိုးကောင်း သမီးတို့ ကင်းဝေးစေရန် အဖြစ်မှန်အား တင်ပြအပ်ပါသည်။

Ko Soe

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page