မုန်တိုင်းမှာ အဝါ၊ အနီ၊ အညို စတဲ့ အဆင့်တွေနဲ့ ပတ်သက်လို့ နားလည်မှု လွဲမှားနေကြတာတွေ
မုန်တိုင်း အရောင်သတ်မှတ်ချက်နဲ့ ပတ်သက်လို့ နားလည်မှုလွဲမှားနေကြတာတွေ မြင်နေရတဲ့အတွက် အားလုံးဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
မုန်တိုင်းအခြေအနေကြေညာရာတွင် နားလည်ရန်လိုသည့် အရောင်သတ်မှတ်ချက် အဆင့်ဆင့်မှာ..
၁။ အဝါရောင် အဆင့် – မုန်တိုင်းဦးတည်ရာ လမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့် သက်ဆိုင်ခြင်းမရှိ။
၂။ လိမ္မော်ရောင် အဆင့် – မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည်။ (ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်)
၃။ အနီရောင် အဆင့် – မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ နီးကပ်စွာ ဦးတည်နေသည်။ (အန္တရာယ်ရှိသည်။ စီမံချက်ပါအတိုင်း ကြိုတင်ပြင်ဆင်ပြီးစီးအောင် ဆောင်ရွက်ပါ။ အထူးသဖြင့် ဦးတည်ဒေသနှင့် ကမ်းရိုးတန်းဒေသ)
၄။ အညိုရောင် အဆင့် – မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်၀င်ရောက်နေသည်။ (စနစ်တကျ တုံ့ပြန်ရန်)
၅။ အစိမ်းရောင် အဆင့် – မုန်တိုင်းသည် ကုန်းတွင်းသို့ ရောက်ရှိပြီး အားပျော့ပျက်ပြယ်သွားပြီ။ (ဘေးဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်)
ထို့ကြောင့် မုန်တိုင်းအရောက်သတ်မှတ်ချက်ဟူသည် မုန်တိုင်း၏ ပြင်းအားနှင့် လုံးဝသက်ဆိုင်မှုမရှိပါ၊ အရောင်သတ်မှတ်ချက်သည် မိမိနိုင်ငံသို့ ဦးတည်ခြင်း ဝင်ရောက်ခြင်း ဖြတ်ကျော်ခြင်းနှင့် ပျက်ပြယ်ခြင်းစသော အဆင့်ဆင့်ပြောင်းလဲခြင်းကို သိရှိစေရန် အတွက်သာဖြစ်ပါသည်။
Kyi Win