ပထမဆုံး မိုးရွာသွန်းမည့် မုတ်သုံနှင့်အတူ တွဲပါလာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် မြန်မာပြည်

ဒီနှစ်ရဲ့ မြန်မာနိုင်ငံတဝှမ်း​ နေ့အပူချိန်​တွေက ခါတိုင်းနှစ်နဲ့မတူ ထူးထူးခြားခြားမြင့်တက်​နေလို့ လူတိုင်းလိုလို မိုးကို​မျှော်နေကြပါတယ်။ ​နေရာအချို့မှာအပူ​ကြောင့် မွန်းလွဲပိုင်းမှာရွာချသည့် ပျံကျမိုးရွာခဲ့​သော်လည်း အပူဓါတ်ကို​ လျော့ကျသွား​စေရန် မစွမ်း​ဆောင်နိုင်ခဲ့ပါ။ အပူဓါတ်ကို​လျော့ပါး​စေနိုင်မည့်အရာက​တော့ မုတ်သုံမိုးသာလျင် ဖြစ်​ပေသည်။ ​

မေလ ပထမပါတ်ထဲ ချင်းနင်းဝင်​ရောက်ခဲ့ပြီမို့ မုတ်သုံကသိပ်မ​ဝေး​​တော့ပါ၊ သို့​သော်မုတ်သုံနှင့်အတူတွဲလျက်ပါရှိလာတတ်သည်က​တော့ ဆိုင်ကလုန်းမုန်တိုင်းမုန်တိုင်းဖြစ်​ပေသည်။ ​မေလအတွင်း ဘင်္ဂလားပင်လယ်​အော်တွင် ဆိုင်ကလုန်းမုန်တိုင်း​ပေါ်​ပေါက်ခဲ့ပါက ၉၀%​ သောမုန်တိုင်းများသည် မြန်မာနိုင်ငံကမ်းရိုးတန်းကိုဖြတ်​ကျော်၍ ကုန်းတွင်းသို့ ဝင်​ရောက်​လေ့ရှိသည်ဆိုသည်ကို ယခင်ကုန်လွန်ခဲ့သည့်နှစ်များက အ​ထောက်အထားမှတ်တမ်းများက သက်​သေထူ​နေပါသည်။

၁၉၇၅ ခုနှစ် ပုသိမ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတို့သည် လူအTay​အ​ပျောက်များစွာဖြင့် သမိုင်းတွင်ကျန်ရစ်သည့် မုန်တိုင်းကြီးများဖြစ်ပါသည်။ ယခုလည်းမိုး​လေဝသခန့်မှန်းချက်များ weather forecasts များကို fb တွင် ပုံမှန်တင်ပြ​ပေး​လေ့ရှိသည့် (ဦး) Win Naing နှင့် Su Su San တို့၏ ခန့်မှန်းတွက်ချက်မှုများအရ ​မေလ ၉၊ ၁၀ ရက်ခန့်တွင် ကပ္ပလီပင်လယ်ပြင်တဝိုက် ​လေထုမငြိမ်မသက်ဖြစ်ရာမှစတင်​သော မုန်တိုင်းတခု ဖြစ်​ပေါ်လာနိုင်သည်ဟု ​ပြောဆို​ရေးသားလာကြပါသည်။ (U Win Naing နှင့် Su Su San တို့၏ ခန့်မှန်းချက်များ အောက်မှာ ဖော်ပြပေးထားပါတယ်။)

အစိုးရမိုး​လေဝသဌာနအ​နေဖြင့် သတိ​ပေးထုတ်ပြန်ချက်ကို အချိန်​စော​နေသည့်အတွက်​ကြောင့်လားမသိ မထုတ်ပြန်​သေးပါ၊ မုန်တိုင်းဖြစ်သည်က​တော့ အမှန်မလွဲပါ။ သို့​သော်မည်မျှပြင်းအားရှိမည် မုန်တိုင်းကြီးဖြစ်လာမလား မုန်တိုင်းငယ်အဖြစ် အား​ပျော့​ပျောက်ကွယ်သွားမည်လားဆိုသည်က​တော့ မည်သူမျှတပ်အပ်မ​ပြောနိုင်​သေးပါ။

သို့​သော် ပြီးခဲ့သည့်ဖြတ်သန်းခဲ့ရသည့်အ​တွေ့အကြုံများအရ ယင်းမုန်တိုင်းသည် အကြီးစားဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် အသွင်ကူး​ပြောင်းသွားပါက ပြည်သူများ အသက်ဆုံးရှုံးမှုမရှိ​​စေရန် ကြိုတင်လုပ်​ဆောင်နိုင်​သော ဝန်ထုတ်ဝန်ပိုးလည်မပိ​စေ​သေ ာကြိုတင်ပြင်ဆင်ချက်အချို့ကို​တော့ ယခုအချိန်ကတည်းက စတင်လှုပ်ရှားပြင်ဆင်သင့်သည်ဟုထင်ပါသည်။

ဧရာဝတီမြစ်ဝကျွန်း​ပေါ်​ဒေသ ပြင်ခရိုင် ဟိုင်းကြီး လပွတ္တာ ဘိုက​လေး ​မော်လမြိုင်ကျွန်းစသည့် နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရသည့်​ဒေသများတွင် မုန်တိုင်း​ကြောင့်ဒီ​ရေတက် storm surge ခြင်းဖြစ်​ပေါ်လာပါက အများပြည်သူများခိုလှုံနိုင်​စေရန် Storm Shelter အ​ဆောက်အဦးများကို post Nargis salvation projects များအဖြစ်​ ဆောက်လုပ်​ပေးထားခဲ့ပြီးဖြစ်ပါသည်။ မုန်တိုင်းကြီးများကျ​ရောက်လာပါက ​​ဒေသအတွင်းမှီတင်း​နေထိုင်ကြသူများ အသက်ဆုံးရှုံးရသည့်အ​ကြောင်းရင်းမှာ မုန်တိုင်းနှင့်အတူတွဲရက်တက်လာ​သော ဒီ​ရေလှိုင်းကြီး storm surge ​ကြောင့်​ ရေနစ်​Tayကြရခြင်းဖြစ်ပါသည်။

အနည်းဆုံးအနိမ့်ဆုံးကြိုတင်ပြင်ဆင်မှုတရပ်အဖြစ် ​သောက်​ရေနှင့်အစားအ​သောက်အ​ခြောက်များ dry rations ကို ယင်းအ​ဆောက်အဦမျာတွင် စု​ဆောင်းသို​လှောင်ထားသင့်ပြီဟုယူဆမိပါသည်။ ပြည်သူလူထုကိုလည်း မုန်တိုင်းအန္တရယ်ကျ​ရောက်နိုင်​ကြောင်း အသိ​ပေးထားသင့်ပါသည်။ ယ​နေ့သည် နာဂစ်မုန်တိုင်း၏ ၁၅ နှစ်​မြောက်နှစ်ပါတ်လည်​နေ့အဖြစ် ဝမ်းနည်း​ကြေကွဲမှုများစွာဖြင့် သတိ​ပေးရေးသားတင်ဆက်လိုက်ရပါသည်။ (Hlaing Bwa)

မိုးလေဝသပညာရှင် စုစုစံရဲ့ ခန့်မှန်းချက် “ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်သည်အနေအထားမှာ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မုန်တိုင်းကြီးအဆင့်ထိဖြစ်လာနိုင်ပြီး မေလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံဧရာဝတီကမ်းရိုးတမ်းနှင့် ရခိုင်ကမ်းရိုးတမ်းတွေကိုဦးတည်ဝင်ရောက်နိုင်သဖြင့် အထူးကြိုတင်ပြင်ဆင်ကြပါလို့ အကြံပြုတင်ပြလိုက်ပါတယ်။ မုန်တိုင်းပြင်အားတစ်နာရီ ၁၅၀ ကီလိုမိတာမှ ၁၈ဝ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပါတယ်။”

မိုးလေဝသပညာရှင် ဦးဝင်နိုင်ရဲ့ ခန့်မှန်းချက် “ECMWF Forecast Model model runtime 0000Z (ဒီနေ့မနက် ၆ နာရီခွဲအချိန်တိုင်းထွာရရှိချက်) ရဲ့ ကြိုတင်ခန့်မှန်းအခြေအနေမှာတော့ မေလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း (ပုသိမ်/မော်တင်စွန်းအနောက်တောင်ဘက်) အထိ ရောက်လာတာတွေ့ရပြီး GFS Model ခန့်မှန်းလမ်းကြောင်းထက် မြန်မာနိုင်ငံဘက်ကို ပိုပြီး နီးကပ်တာ တွေ့ရပါတယ်။ ကြိုတင်ပြင်ဆင်တာတွေ၊ ပင်လယ်ပြင်ရောက်နေတဲ့ ရေလုပ်သားတွေ မေလ ၈ ရက်နေ့အမီ ကမ်းကို ပြန်ဝင်သင့်ပါပြီ။

မုန်တိုင်းတစ်လုံးက ကြိုတင်ခန့်မှန်းထားတဲ့ ရက်/အချိန်တွေထက် စောပြီးဖြစ်တတ်သလို နောက်ကျပြီးမှလဲ ဖြစ်တတ်ပါတယ်၊ ကမ်းခြေနားမှာ ရုတ်တရက်အားအလွန်ကောင်းလာခြင်း(Rapid Intensification)ဖြစ်ရပ်မျိုးတွေ၊ ရုတ်တရက် လမ်းကြောင်းပြောင်းသွားတာမျိုးတွေလဲ ဖြစ်တတ်တဲ့အတွက် မေလ ၉ ရက်နောက်ပိုင်းမှာတော့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး မျက်စေ့ဖွင့် နားစွင့်ပြီး အထူးသတိထားရမဲ့ အချိန်ကို ရောက်လာပါလိမ့်မယ်။”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page